images
UN
UN
မိတ္ထီလာမြို့နယ်၌ မိုးနှောင်းချည်မျှင်ရှည်ဝါစိုက်ဧက ၅ဝဝဝ ကျော် စိုက်ပျိုးပြီးစီး
သိန်းမြင့်ကျော်(မိတ္ထီလာ) Monday, 08 October 2018
မိုးနည်းရပ်ဝန်းဒေသ တစ်ခု ဖြစ်သည့် မိတ္ထီလာမြို့နယ်၌ မိုး နှောင်းချည်မျှင်ရှည်ဝါစိုက်ဧက ၅ဝဝဝကျော် စိုက်ပျိုးပြီးစီးပြီဖြစ် ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီး ဌာနမှ သိရသည်။
မိတ္ထီလာမြို့နယ်လိန်တောကျေး ရွာအုပ်စုကွင်းအမှတ် ၅၉၅၊ ဦးပိုင် အမှတ်(၃၂၁) တောင်သူ ဦးရွှေလှ ၏ မိုးနှောင်းချည်မျှင်ရှည်ဝါ စိုက် စနစ်စံပြကွက်စိုက်ဧကငါးဧကသို့ ယမန်နေ့ နံနက်က နေပြည်တော် စိုက်ပျိုးရေးဦးစီးဌာန(ဝါနှင့်လျှော်မျှင် ဌာန)မှညွှန်ကြားရေးမှူး ဦးအောင် မော်ကကွင်းဆင်းကြည့်ရှုပြီးဒေသခံ စိုက်တောင်သူများအားဝါသီးနှံစိုက် ပျိုး ထုတ်လုပ်ရာတွင် စိုက်ပျိုးရေး ဦးစီးဌာနနှင့်ပူးပေါင်း၍ သိပ္ပံနည်း ကျစိုက်ပျိုးနည်းစနစ်တကျ စိုက်ပျိုး စေလိုကြောင်း၊ ယခုလက်ရှိ အခြေ အနေတွင် စိုက်စနစ်တစ်မျိုးနှင့်တစ် မျိုး အားသာချက်များ တွေ့ရှိရပြီး အကောင်းဆုံး စိုက်ပျိုးနည်းပညာ များရရှိမည်ဖြစ်ကြောင်း၊ အထူး သဖြင့် ဝါသီးနှံတွင်ပိုးမွှား(စုပ်ပိုး) ကျရောက်မှုဂရုစိုက်ကာကွယ်နှိမ်နင်း ရန်လိုအပ်ကြောင်း ပြောကြားခဲ့ သည်။