images
UN
UN
ပြည်တွင်းမှ ထွက်ရှိသောဆန်စပါးများ တရားမဝင်တင်ပို့ရောင်းချမှု ဆန်စပါးကုန်စည်ဒိုင်မှတားမြစ်
သူရကို Monday, 08 October 2018
ပြည်တွင်းပြည်ပမှကုန်သည်ပွဲ စားများကမြန်မာနိုင်ငံဒေသအသီး သီးမှထွက်ရှိသောဆန်စပါးများကို တရုတ်နိုင်ငံသို့မှောင်ခိုလမ်းကြောင်း မှ တင်ပို့ ရောင်းချနေသည့်အတွက် အထူးတားမြစ်ကြောင်း မူဆယ်ဆန် စပါးကုန်စည်ဒိုင်မှ ယမန်နေ့က ကြေညာချက်ထုတ်ပြန်လိုက်ကြောင်း သိရသည်။
မြန်မာနိုင်ငံမှထွက်ရှိသောဆန် စပါးများကို ပြည်ပနိုင်ငံသို့တင်ပို့ ရောင်းချခွင့်မပြုဘဲအစိုးရကဥပဒေ ထုတ်တားမြစ်ထားခြင်းဖြစ်ကြောင်း သိရသည်။
ယခုလမှစတင်ပြီး မိုးစပါးစ ပေါ်ချိန်တွင်တရုတ်ပြည်မှကုန်သည် များသည် ပြည်တွင်းသို့ဝင်ရောက် ကာ တောင်သူများထံမှ ဆန်စပါး ဝယ်ယူခြင်းများရှိနေကြောင်း ပဲခူး တိုင်း အနောက်ခြမ်းဆန်စက်လုပ် ငန်းရှင်များအသင်း အတွင်းရေးမှူး ဦးလှဦးကပြောသည်။
ပြည်တွင်းကုန်သည်များက ဆန်စပါးများအား တရုတ်ပြည်သို့ တရားမဝင်တင်ပို့မှုများရှိနေသည့် အပြင် တရုတ်ကုန်သည်များက ပြည်တွင်းကုန်သည်များထက် ဈေး ကြီးပေးပြီး ဆန်စပါးကို ဝယ်ယူ ခြင်းများကြောင့် နောက်ဆက်တွဲ အကျိုးဆက်အနေဖြင့် ဆန်စက် လုပ်ငန်းများရပ်တည်ရန် ခဲယဉ်း လာကြောင်း၊ စပါးမှထွက်မည့် တိရစ္ဆာန်အစာဖြစ်သောဖွဲနု၊ ဆန်ကွဲ များရှားပါးပြီး ဈေးမြင့်တက်ခြင်း များအထိ ဖြစ်လာနေကြောင်းသိရ သည်။
တရားမဝင် ဆန်စပါးရောင်း ဝယ်နေခြင်းများကို သတင်းပေး တိုင်ကြားကြရန်နှင့် တိုင်ကြားမှု များရှိလာလျှင် သက်ဆိုင်ရာဝန် ကြီးဌာနများ၊ ဒေသခံအာဏာပိုင် များနှင့်လိုအပ်သလိုပူးပေါင်းပါဝင် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ မူဆယ် ဆန်စပါးကုန်စည်ဒိုင်၏ သတိပေးကြေညာချက်၌ ဖော်ပြ ထားကြောင်း သိရသည်။