images
UN
UN
စိုးရိမ်ရေမှတ်
မောင်ရေချမ်း Monday, 08 October 2018
ဒီတိုင်းပြည်ရဲ့အခြေအနေဟာ စိုးရိမ်ရေမှတ် ကို ရောက်နေပြီတဲ့
စိုးရိမ်လို့ပြောနေတဲ့ ပြည်သူတွေရဲ့ အသံတွေကို နားထောင်ကြည့်မိတာပါ။ စိုး ရိမ်ရေမှတ်ရောက်နေပြီဆိုတော့ အန္တရာယ်နဲ့ တွေ့ဖို့နီးလာနေပြီဆိုတဲ့သဘောပါ။ ဒီလို အခြေအနေမျိုးရောက်လာပြီဆိုရင် သတိနဲ့ နေကြထိုင်ကြဖို့၊ လုပ်သင့်တဲ့အကာအကွယ် အတားအဆီးတွေလုပ်ကြဖို့ သတိပေးနေ ခြင်းပဲဖြစ်ပါတယ်။ တရားသဘောအရ လည်း မြတ်စွာဘုရားက အတိတ်ကိုလည်း ပြန်သွားမနေနဲ့၊ အနာဂတ်ကိုလည်း မျှော်မှန်း မနေနဲ့။ လက်ရှိအချိန်မှာပဲ သတိနဲ့နေတဲ့။ မှန်ပါတယ်။ လက်ရှိအခြေအနေမှာ သတိနဲ့ နေပြီး ကောင်းတာတွေလုပ်ရင် ကောင်းတာ တွေဖြစ်လာမှာပါ။ သေချာပါတယ်။
ပြည်သူတွေ စိုးရိမ်နေတဲ့အကြောင်း အရာတွေ များစွာရှိနေပါတယ်။ အဲဒီအထဲ ကအရေးကြီးတဲ့ အကြောင်းအရာတစ်ခုက တော့ ဒေါ်လာဈေးအဆမတန်တက်လာပြီး မြန်မာကျပ်ငွေတန်ဖိုး မကြုံစဖူးကျနေတဲ့ ကိစ္စပါ။ ဒေါ်လာဈေးတက်ခြင်း၊ မြန်မာ ကျပ်ငွေတန်ဖိုးကျခြင်းဟာ မြန်မာ့စီးပွားရေး ကို ထိခိုက်နိုင်တယ်လို့ စီးပွားရေးပညာရှင် တွေကပြောကြပါတယ်။ အစိုးရတာဝန်ရှိသူ တချို့ကလည်း မြန်မာ့စီးပွားရေးဟာ အရှိန် အဟုန်နဲ့တက်နေတယ်။ တချို့ကလည်း ကျ နေတယ်လို့ အမျိုးမျိုးပြောနေကြတာဖြစ်လို့ ပြည်သူတွေအနေနဲ့ ဘာကိုယုံရမှာလဲလို့ ပြောနေကြပါတယ်။ တက်နေတာလည်း မှန်ပါတယ်။ ကျနေတာလည်းမှန်ပါတယ်။ စီးပွားရေးတက်လား၊ ကျလားတော့ မသိ ဘူး။ ဒေါ်လာဈေးတက်ပြီး မြန်မာကျပ်ငွေ တန်ဖိုးကျနေတာတော့ အမှန်ပါ။ ဘယ်သူမှ သံသယဖြစ်စရာမရှိပါဘူး။ လက်ရှိအခြေ အနေကို ပြောတာပါ။
ပြည်သူတွေကြုံတွေ့နေရတဲ့ ဘဝအမှန် ကိုတော့ အမှန်အတိုင်းပြန်ကြည့်ရမှာပါ။ ဒေါ်လာဈေးတက်တော့ ပြည်ပကသွင်းနေ ရတဲ့ ကုန်ပစ္စည်း၊ ဆေးဝါးမှန်သမျှ အကုန် ဈေးတက်သွားပါတယ်။ မြန်မာပြည်မှာ ပြည်ပပို့ကုန်ဆိုတာ မဖြစ်စလောက်ပါ။ ဒီ ကနေ့ ပြည်သူတွေရဲ့အစားအစာ၊ အသုံး အဆောင်အများအပြားဟာ ပြည်ပက သွင်း နေရတဲ့ပစ္စည်းတွေများပါတယ်။
သွားတိုက် ဆေး၊ သွားတိုက်တံ၊ ဆပ်ပြာတို့လို နေ့စဉ် သုံးပစ္စည်းတွေကအစ စက်သုံးဆီ၊ စားအုန်း ဆီ၊ စက်ပစ္စည်း၊ မော်တော်ကား အားလုံး လိုလိုဟာ ပြည်ပက ဝယ်ယူသုံးစွဲနေရတာ ပါ။ ဒေါ်လာဈေးတက်တော့ ဈေးကြီးပေး ပြီး ဝယ်သုံးနေရတာပေါ့။ အဲဒီမှာမှ မြန်မာ ကျပ်ငွေတန်ဖိုးကျပြန်တော့ ပိုပြီးထိခိုက်တာ ပေါ့။
ဒေါ်လာဈေးတက်တော့ ပြည်ပက ဝယ် သွင်းနေရတဲ့ စက်သုံးဆီဈေးတွေလည်း လိုက်တက်ပါတယ်။ ပြည်ပမှာ ရေနံဈေးက လည်းတက်နေတဲ့အချိန်မို့ ဈေးပိုပေးပြီး ဝယ်ယူရတာလည်း ရှိပါတယ်။ စက်သုံးဆီ ဈေးတက်တော့ သယ်ယူပို့ဆောင်စရိတ်တွေ လည်းလိုက်တက်ပြန်ပါတယ်။ အချို့လေ ကြောင်းလိုင်းတွေ၊ အဝေးပြေးကားလိုင်းတွေ တွက်ခြေမကိုက်လို့ ရပ်ထားရတာတွေ ရှိပါ တယ်။ အညာကုန်၊ အောက်ကုန် အစုန် အဆန် ကုန်စည်စီးဆင်းမှုတွေလည်း တုံ့ ဆိုင်းသွားပါတယ်။ သယ်ယူပို့ဆောင်စရိတ် တွေတက်တဲ့အတွက် ကုန်ဈေးနှုန်းတွေ လည်း လိုက်တက်ပါတယ်။ ပြည်သူတွေရဲ့ အခြေခံစားကုန်တွေဖြစ်တဲ့ ဆန်၊ ဆီ၊ ဆား၊ ငရုတ်၊ ကြက်သွန်ဈေးတွေတက်လို့ အခြေခံ လူတန်းစားတွေ ပိုပြီးအထိနာပါတယ်။ အမှန်တကယ် စိုက်ပျိုးထုတ်လုပ်တဲ့ လယ် သမား၊ ယာသမားတွေအတွက်ကျတော့ ရသင့်တဲ့ဈေးမရပါဘူး။ ဓာတ်မြေသြဇာ၊ ပိုး သတ်ဆေး၊ အလုပ်သမားခတွေ ဈေးကြီးလို့ တချို့ဆိုရင် ရှုံးတောင်ရှုံးကြပါတယ်။ ကြွေး တင်မခံချင်တော့ နောက်ဆုံးမှာရှိတဲ့ လယ် ကလေး၊ ယာကလေးတွေကို ရရာဈေးနဲ့ ရောင်းပြီး ပြည်ပထွက် အလုပ်လုပ်ကြပါ တယ်။ သားသမီးတွေကို အဘိုးအဘွားတွေ ဆီမှာထားခဲ့ပြီး လင်ရော၊ မယားပါ ပြည်ပ ထွက်သွားကြလို့ အခုဆိုရင် အချို့ရွာတွေ မှာ ခွေးရယ်၊ ကလေးတွေရယ်၊ သက်ကြီး ရွယ်အိုတွေရယ်၊ ဘုန်းတော်ကြီးတွေရယ် ဒါပဲ ကျန်ပါတော့တယ်။
လူတွေဟာ ဆင်းရဲကျပ်တည်းလာလို့ အူမ မတောင့်ရင် သီလမစောင့်ဘူးဆိုတဲ့ အတိုင်း သီလမစောင့်ကြတော့ပါဘူး။ စား စရာ၊ သုံးစွဲစရာ မလောက်ငတော့ သူတစ် ပါးပစ္စည်းခိုးပါတယ်။ ခိုးတဲ့အဆင့်ကနေပြီး လုတဲ့ယက်တဲ့အဆင့်ကို ကူးပြောင်းလာပါ တယ်။ နောက်ဆုံး တုတ်၊ ဓားကိုင်ပြီး တိုက် တဲ့၊ ခိုက်တဲ့၊ သတ်တဲ့၊ ဖြတ်တဲ့အဆင့်ကို ရောက်လာနေပါပြီ။ အထူးသဖြင့် မိန်း ကလေးတွေရဲ့ဘဝဟာ ကြီးကြီးငယ်ငယ် မလုံခြုံတော့ပါဘူး။ မုဒိမ်းကျင့်၊ လူသတ်ရာ မှာ အရွယ်မရောက်သေးတဲ့ ကလေးငယ် တွေကိုပါ မုဒိမ်းကျင့်၊ လူသတ်တဲ့ သက် ငယ်မုဒိမ်းမှုတွေပါ နေရာအနှံ့အပြားမှာ ဖြစ်နေပါပြီ။ ဒါကြောင့် တောရော၊ မြို့မှာ ပါနေရတဲ့လူ့ပတ်ဝန်းကျင်ဟာ မလုံခြုံတော့ ပါဘူး။ ဘယ်သွားသွား၊ ဘာလုပ်လုပ် လူ ဆိုးလူမိုက်တွေရဲ့ရန်ကို စိုးရိမ်ကြောင့်ကြ နေကြရပါတယ်။ ဒီအခြေအနေတွေကို ပြည်သူအားလုံးခံစားနေကြရတဲ့အတွက် လုံ ခြုံအေးချမ်းတဲ့ဘဝ၊ တရားဥပဒေစိုးမိုးတဲ့ ပတ်ဝန်းကျင်ကို တွေ့ချင်မြင်ချင်နေကြပါပြီ။
မြန်မာနိုင်ငံဟာ ဗုဒ္ဓဘာသာကိုအများစု ကကိုးကွယ်တဲ့နိုင်ငံပါ။ တခြားဘာသာတွေ ကိုလည်း လွတ်လပ်စွာ ကိုးကွယ်ခွင့်ပြုထား ပါတယ်။ ဂေါတမမြတ်စွာဘုရား ပရိနိဗ္ဗာန် စံလွန်ခဲ့တာ နှစ်ပေါင်း ၂၅ဝဝ ကျော်လွန် ခဲ့ပါပြီ။ ဗုဒ္ဓဟောကြားခဲ့တဲ့ တရားတော် တွေကို ဒီကနေ့အထိ သိရှိနိုင်အောင် သံဃာ တော်တွေက အဆင့်ဆင့် သယ်ဆောင်လာခဲ့ ကြတာဖြစ်ပါတယ်။ ပိဋကတ်သုံးပုံ၊ နိကာယ်ငါးရပ်၊ ဓမ္မခန္ဓာပေါင်း ရှစ်သောင်း လေးထောင် စတဲ့မြတ်ဗုဒ္ဓရဲ့ တရားတော် တွေကို ဒီကနေ့အထိ ကြားနာခွင့်ရခဲ့တာ ဟာ သံဃာတော်တွေရဲ့ ကျေးဇူးကြောင့်ပါ။ မြန်မာ့ယဉ်ကျေးမှု၊ မြန်မာစာပေဟာလည်း ဗုဒ္ဓရဲ့အဆုံးအမ၊ ဗုဒ္ဓရဲ့တရားတော်တွေက တစ်ဆင့် သံဃာတော်တွေက သင်ကြား ပြသဆုံးမခဲ့ရာမှ ပေါ်ပေါက်လာခြင်း ဖြစ်ပါ တယ်။ တကယ်ပဲ ဘုရား၊ တရား၊ သံဃာ ဆိုတာ တန်ဖိုးမဖြတ်နိုင်တဲ့ ရတနာတွေပါ။ ရတနာသုံးပါးထဲမှာ တစ်ပါးအဖြစ် ပါတဲ့ ဒီကနေ့သံဃာတော်တွေဟာ မဟန၊
မဘသ အဖွဲ့အစည်းနှစ်ရပ်ကြားမှာ စိတ်မချမ်းမသာ ဖြစ်နေကြရပါတယ်။ တစ်ချိန်က မဟန၊ မဘသ ဆရာတပည့်တွေဟာ စည်းစည်း လုံးလုံး၊ ညီညီညွတ်ညွတ်ရှိနေကြပေမယ့် ဒီကနေ့မှာတော့ အစိုးရရဲ့ခွဲခြားဆက်ဆံပြုမူ မှုတွေကြောင့် နှလုံးစိတ်ဝမ်း မငြိမ်းချမ်းရာ တွေ ကြုံတွေ့နေကြရပါတယ်။ ပြည်သူတွေ အနေနဲ့လည်းပဲ သံဃာဂိုဏ်းကွဲသွားမှာကို စိုးရိမ်နေကြပါတယ်။ ဘုရားရှင်လက်ထက် တော်က ဒေဝဒတ်ဟာ သံဃာဂိုဏ်းခွဲခဲ့တဲ့ အတွက် ဂိုဏ်းကွဲဖူးတာ ကြားနာခဲ့ရပါ တယ်။ ဗုဒ္ဓဘာသာမှာ အကြီးမားဆုံး ပြစ်မှုကြီးကို ကျူးလွန်မိခဲ့တဲ့အတွက် ဒေဝဒတ်ဟာ ကြောက်စရာအကောင်းဆုံး၊ အကြားအလပ်မရှိ ဒုက္ခဆင်းရဲအတိပြီးတဲ့ အဝီစိမှာ ခံနေရတယ်လို့ မှတ်သားရဖူးပါ တယ်။ ကြောက်တတ်ရင် ဆင်ခြင်ဖို့ပြော တာပါ။ အခုဖြစ်နေတာက သံဃာတွေသာ မက ရွှေတိဂုံဘုရားကြီးသည်ပင်လျှင် စိတ် မချမ်းမသာ ဖြစ်နေပုံရတယ်လို့ ပြည်သူတွေ ခံစားနေကြရပါတယ်။ ဗုဒ္ဓဘာသာကို တာ ဝန်ရှိသူတွေက မကာကွယ်မစောင့်ရှောက် ရင် ပါကစ္စတန်၊ အာဖဂန်နစ္စတန်၊ အင်ဒိုနီး ရှား၊ မလေးရှားစတဲ့ တစ်ချိန်က ဗုဒ္ဓဘာသာ နိုင်ငံတွေလို ဗုဒ္ဓဘာသာတဖြည်းဖြည်း ကွယ်ပျောက်ပြီး မွတ်စလင်နိုင်ငံဖြစ်သွား မှာကို စိုးရိမ်နေကြတာပါ။
အနောက်ဘက်ခြမ်းက ဘင်္ဂါလီအရေး ကလည်း စိတ်မအေးစရာပါ။ မြန်မာပိုင်နက် နယ်မြေထဲက နယ်မြေအစိတ်အပိုင်းတစ်ခု ကို ယူချင်လို့လုပ်နေတယ်ဆိုတာ အားလုံး သိမှာပါ။ ဒီကိစ္စဟာ အခုမှဖြစ်တဲ့ကိစ္စ မဟုတ်ပါဘူး။ ၁၉၄၂ ခုနှစ်ကတည်းက ဘင်္ဂါလီတွေဟာ အင်္ဂလိပ်ပေးတဲ့လက်နက် တွေစွဲကိုင်ပြီး လူသတ်၊ နယ်မြေလု လုပ်ခဲ့ ကြတာပါ။ ယခင်အစိုးရအဆက်ဆက် ကိုင်တွယ်ဖြေရှင်းလာခဲ့ရတဲ့ ပြည်တွင်းရေး ကိစ္စပါ။ အခုမှ ကိုင်တွယ်ဖြေရှင်းရတာ မဟုတ်ပါဘူး။ ပျော့ညံ့တဲ့အစိုးရလက် ထက်တုန်းကတော့ မျက်နှာသာပေးခဲ့လို့ ရွှေရေးပန်းကန်တက်ဆိုသူတွေပါ။ တပ် မတော်အစိုးရလက်ထက်မှာ ပြတ်ပြတ် ကိုင်တော့ လှုပ်တောင်မလှုပ်ဝံ့ကြပါဘူး။ ဘယ်နိုင်ငံကမှလည်း လာပြီး မစွက်ဖက်ရဲ ပါဘူး။ ကိုယ့်ပြည်တွင်းရေးကိစ္စဖြစ်လို့ပါ။
အနောက်နိုင်ငံသားတွေဟာ သူတို့ ကိုယ်သူတို့ နိုင်ငံကြီးသားဆရာကြီးတွေလို ဘဝင်မြင့်နေကြသူတွေပါ။ နေရာတကာမှာ ဆရာလုပ်ချင်ကြတယ်။ သူတို့ကြောင့် အရှေ့အလယ်ပိုင်းဒေသက နိုင်ငံအချို့ ပြာပုံဘဝရောက်ရပြီး အဲဒီကပြည်သူတွေ ဟာ ဘဝပျက်နေကြပါပြီ။ အခု မြန်မာနိုင်ငံ မှာလည်း နောက်ကွယ်က သူတို့အကျိုးကို မျှော်ကိုးပြီး ဒီဘင်္ဂါလီတွေဘက်က ဝင်စွက် ဖက်နေကြတာပါ။ ဒီလူတွေဟာ ကြောက် တတ်ရင် ပိုခြောက်တတ်ပါတယ်။ အခုပျွဲ၂ဏ နဲ့ ခြောက်လိုက်၊ှု.ဃ.ဃ တင်မယ်ဆိုပြီး လှန့်လိုက်နဲ့ ခြောက်တိုင်းလည်း မကြောက် ဖို့လိုပါတယ်။ ကိုဖီအာနန်ကို တိုင်းပြည်ထဲ ဆွဲသွင်းတဲ့ကိစ္စက ကိုယ့်ရဲ့အမှားပါ။ ကြက်ခြံထဲ ဝံပုလွေ မောင်းသွင်းလိုက်သလို ပါပဲ။ အဲဒီတုန်းက ဝိုင်းကန့်ကွက်ကြပေမယ့် အလေးမထား၊ ဂရုမစိုက်ခဲ့ဘူးလေ။ အခု လွတ်လပ်တဲ့အချုပ်အခြာပိုင် နိုင်ငံတစ်နိုင်ငံ အနေနဲ့ ဟုတ်ကဲ့။ လုပ်ပါ့မယ်။ လုပ်နေ ပါတယ်။ တချို့လုပ်ပြီးပါပြီ။ နည်းနည်း ပဲ ကျန်ပါတော့တယ်ဆိုရတာက တစ်မျိုး။ လာကြပါ အားလုံးအဆင်သင့်ဖြစ်နေပါပြီ၊ ဂုဏ်သရေရှိစွာ၊ လုံခြုံစွာနဲ့ လာကြပါခင်ဗျာ ဆိုပြီးပင့်နေရတာက တစ်ဖုံနဲ့ အမျိုးစုံအောင် မျက်နှာချိုသွေးနေရတာ သိက္ခာကျလိုက် တာဆိုပြီး ပြည်သူတွေမှာ ခံစားနေရပါ တယ်။ သူတို့ ဘာကြောင့်လာတယ်၊ နောက် ကွယ်က ဘယ်သူတွေ ကြိုးကိုင်နေတယ် ဆိုတာ အားလုံးသိနေကြတာပဲ။ မနေသာ တဲ့နိုင်ငံတွေကတောင် ကိုယ့်နိုင်ငံအစား နိုင်ငံတကာမျက်နှာစာမှာ ဝင်ပြောပေးနေ ကြပြီပဲ။ ဒီကိစ္စမှာ တပ်မတော်ကိုထိုးကျွေး ဖို့လုပ်နေတယ်လို့ ပြည်သူတွေသိနေပါ တယ်။ တပ်မတော်ကို ထိုးကျွေးရင်တော့ မှားပါလိမ့်မယ်။ တပ်မတော်ရှိနေလို့ တိုင်း ပြည်ရှိနေတာပါ။ တိုင်းပြည်ရှိနေလို့ အစိုးရ တို့၊ ပါတီတို့ဆိုတာ ရှိနေတာပါ။ ဒါကိုသိဖို့ လိုပါတယ်။
နိဂုံးချုပ်ရရင်တော့ တိုင်းပြည်ရဲ့အခြေ အနေဟာ စိုးရိမ်ရေမှတ်ကို ရောက်နေပါပြီ။ အန္တရာယ်ရှိနိုင်တဲ့အတွက် ပြည်သူတွေ စိုးရိမ်နေကြခြင်းဖြစ်ပါတယ်။ စီးပွားရေး လုပ်ငန်းရှင်ကြီးတွေလည်း နေရာမရ၊ မျက်နှာမလှကြတဲ့အတွက် ဒေါ်လာထုပ် ပိုက်ပြီး ကမ္ဘာပတ်နေကြပါပြီ။ တချို့က အိမ်နီးနားချင်းနိုင်ငံတွေမှာ မြေတို့၊ အိမ် တို့ ဝယ်ထားပြီးကြပါပြီ။ အခြေအနေ မကောင်းရင် ပြောင်းကြရွှေ့ကြဖို့ ဖြစ်မှာပါ။ အနီးအနားမှာရှိကြတဲ့ အကြံပေးဆိုသူတွေ ကလည်း နိုင်ငံခြားသားတွေပါ။ ဘုန်းကြီး ရဟန်းတွေလည်း မဟန၊ မဘသ ဂိုဏ်းကွဲ ပြီး ဘယ်နေ့ဘာလုပ်မလဲဆိုပြီး စိုးရိမ်ပူပန် နေကြရပါတယ်။ ပြည်တွင်းက ပညာရှင် တွေလည်း ဘယ်လိုပဲ အကြံပေးပေး အရာ မထင်တော့ပါဘူး။ တိုင်းပြည်မှာ ခေါင်း ဆောင်ဆိုတာလည်း ဘယ်သူ့ခေါ်ရမှန်း မသိဖြစ်နေပါတယ်။ ပြည်သူပြည်သား တွေကတော့ အငတ်ငတ်အပြတ်ပြတ်နဲ့၊ လူဆိုးသူဆိုး မုဒိမ်းကောင်တွေကြားမှာ ရင် တမမနဲ့ပါ။ တိုင်းပြည်မှာ အားထားရမယ့် တပ်မတော်ကိုလည်း ပြည်သူတွေမုန်းတီး အောင် အမျိုးမျိုးလှုံ့ဆော်ပြီး ချောက်ထဲကို တွန်းချဖို့ ကြံစည်နေကြပါတယ်။
ငယ်စဉ်က သမိုင်းသင်ခဲ့ရတော့ မှတ်မိ တာလေးတစ်ခုရှိပါတယ်။ ပုဂံမင်းနေပြည် တော်ကြီး ပျက်သုဉ်းကာနီးမှာ တရုတ်ပြေး မင်းလို့အမည်တွင်ခဲ့တဲ့ နရသီဟပတေ့မင်း ကို မိဖုရားဖွားစေ