images
UN
UN
မိန်းကလေးပရိသတ်တွေအတွက်လပြည့်ဝန်းသီချင်းလေးကို အဓိကဖန်တီးဖြစ်တာပါဆိုတဲ့အဆိုတော် မိစန္ဒီ
အဖြူရောင် Tuesday, 09 October 2018

မိန်းကလေးပရိသတ်တွေအတွက် လပြည့်ဝန်း သီချင်းလေးကို အဓိက ဖန်တီးဖြစ်တာပါလို့ အဆိုတော်မိစန္ဒီက Wacoal ကုန်ပစ္စည်းသစ် မိတ်ဆက်ပွဲတွင် ပြောသည်။
လပြည့်ဝန်းသီချင်းထဲ၌လက်ရှိ ပြင်ပလောကတွင် ဖြစ်ပေါ်နေ သော ခန္ဓာကိုယ်ပြည့်ဝသည့် အမျိုး သမီးများအား ခွဲခြားဆက်ဆံခြင်း လှောင်ရယ်ပြုခြင်းများစသော ပတ် ဝန်းကျင်း၏ ဝေဖန်ပြောဆိုတတ်မှု များနှင့် ပတ်သက်သည့်အကြောင်း များကို သီချင်းစပ်ဆိုထားခြင်းဖြစ် ပြီး သီချင်းဖန်တီးဖြစ်ပုံနှင့်ပတ် သက်၍''မိစန္ဒီတင်မကဘူး မိန်းမ တိုင်းယောက်ျားတိုင်းလည်း Bodyshamping သာမကဘူးအသားအရေ ပုတာရှည်တာမျက်နှာဖောင်းတာ ပိန်တာအကုန်ပေါ့။ လူတစ်ယောက် ရဲ့ အပြင်ပန်းသဏ္ဌာန်မှာ သူ့အား နည်းချက် စိတ်ခံစားမှုကို ကိုယ့် အတွက် ဘာမှမဟုတ်ဘဲနဲ့ လူတစ် ယောက်ကို စိတ်ညစ်စေတယ် ဆို တာပြချင်တဲ့အတွက် လပြည့်ဝန်း Music လေးကိုဖန်တီးဖြစ်တာပါ'' ဟု ပြောသည်။
လတ်တလော အနုပညာလှုပ် ရှားမှုအနေဖြင့် Music Video များ ထွက်ရှိနေပြီး လူငယ်အာဆီယံ တက္ကသိုလ်ဆီးဂိမ်းအတွက် သီချင်း များဖန်တီးမည်ဖြစ်ကြောင်း ရှိုးပွဲ များလည်း လက်ခံထားကြောင်း သိရသည်။