images
UN
UN
ဗုဒ္ဓအဆုံးအမကို အခြေခံမှတင်ဆက်မည့် အစိုးမရ-အနတ္တ ရုပ်ရှင်ဇာတ်ကား စတင်ရိုက်ကူးတော့မည်
ဒဂုံဝေလင်း Tuesday, 09 October 2018
စိန်ဌေးရုပ်ရှင်နှင့်ဇေယျာရွှေပြည်ရုပ်ရှင်တို့၏ ဒုတိယမြောက်ပူး ပေါင်းသာသနာပြုအစီအစဉ်အဖြစ်ရိုက်ကူးမည့်''အစိုးမရ - အနတ္တ'' ရုပ်ရှင်ဇာတ်ကားကန်တော့ပွဲပေးအခမ်းအနားကို အောက်တိုဘာ ၈ ရက် နံနက် ၇ နာရီက ရန်ကုန်မြို့ ရွှေတိဂုံဘုရားအောင်မြေ၌ ကျင်းပသည်။ အဆိုပါရုပ်ရှင်ဇာတ်ကားကြီးသည် မောင်လှမျိုး (ချင်းချောင်းခြံ)(မျက်ဝန်းရေဆူအမှတ် ၁၅ဝဝ)ဝတ္ထုကို မောင်အောင် (ရူပဗေဒ)က ဇာတ်ညွှန်းရေးသားပြီး ဒါရိုက်တာ ဗန်းကြီးက ညိမ်းသော်၊ ဇာတိ၊ စိုးမြတ်သူဇာ၊ နန်းဆုဦး၊ စိုးမိုးကြည်၊ ခင်မို့မို့အေး၊ မေသင်ဇာ၊ ရဲသွန်းနေ၊ လင်းမြတ်နေစသည့် အနုပညာရှင်များနှင့် ဇာတ်ကားကို ရန်ကုန်မြို့ရှိ ပင်လယ်ကမ်းခြေဒေသများတွင် သွား ရောက်ရိုက်ကူးမည်ဖြစ်သည်။
ယင်းဇာတ်ကားသည် နာဂစ်မုန်တိုင်းတိုက်ခတ်မှုဖြစ်စဉ်များကို ပါထည့်သွင်းရိုက်ကူးမည်ဖြစ်ကြောင်း၊ ထို့ကြောင့် ဧရာဝတီတိုင်း ဒေသကြီး လပွတ္တာမြို့တွင် သွားရောက်ရိုက်ကူးမည်ဟုသိရသည်။
''ကျွန်တော်က ဘာလို့ အဲဒီမှာသွားရိုက်ရလဲဆို အတ္တဆိုတဲ့ အကြောင်းအရာကို လူတွေသေတဲ့အခါ ဘယ်လိုပုံစံမျိုးခံစားဖြစ် ပေါ်တယ် ဆိုတာပေါ့နော်၊ နောက်ပရိသတ်တွေနားလည်ပေးရမှာ က ဒီထဲမှာပါတဲ့ ဇာတ်ကောင်ဆိုတာပဲ။ တံငါသည်ဆိုတာမျိုးကို မမြင်စေချင်ဘူး။ သူ့စိတ်ကိုမြင်စေချင်တဲ့ပုံစံပါ။ လူတွေကိုကွယ်လွန် တော့မယ့်ဆဲဆဲမှာ တရားသွားပြရင် နောက်ကျသွားမှာစိုးလို့ တရား ရအောင် မကွယ်လွန်ခင် အသက်ရှိစဉ်ချပြတာပါပဲ။ စက်တင်ဘာ ၇ ရက်လောက်မှာမှ ဆရာတော်တွေကိုတိုင်ပင်ပြီး အစကနေပြန်ရေး ပြန်ပြင်နေပါတယ်။ လိုအပ်တာတွေ ဖြည့်ရတာပေါ့''ဟု ထပ်မံ ပြောသည်။