images
UN
UN
တစ်ခဏ သုခအကြွေးနဲ့ ထာဝရဒုက္ခ အနန္တအတိုး
မောင်ငြိမ်းသူ(ကြို့ပင်ကောက်) Tuesday, 09 October 2018
''သူငယ်ချင်းရေ ရှေ့မှာ စာအုပ်တွေ စီချပြီး ဘာတွေရေးနေတာလဲကွ''
''သြော် ငါ့မိတ်ဆွေ'ရှေ့နေစာရေး ဆရာ ချစ်ကိုကိုယု(နှလုံးလှလူမိုက်)'က သူ့ဇာတိဆကာကြီးက 'ဆရာဝန်စာရေး ဆရာ ဝင်းနိုင်ထွန်း(ရွှေဘို)'ရဲ့ ပွဲဦးထွက် ဘာသာရေးလုံးချင်း 'ငရဲသားရဲ့ဖြောင့် ချက်'စာအုပ်အတွက် အမှာစာရေးပေးဖို့ အကူအညီတောင်းခံထားလို့ ငါ အမှာစာ ရေးပေးနေတာကွ''
''အောင်မယ် တယ်ဟုတ်ပါလား။ မှုခင်းအယ်ဒီတာနဲ့ကိုက်ညီလို့ ငရဲသား ရဲ့ဖြောင့်ချက်စာအုပ်ကို အမှာစာရေးပေးဖို့ အကူအညီတောင်းခံတာနဲ့တူတယ်။ ဘာ တွေများ ထူးခြားလို့လဲကွာ''
''မင်းတို့ငါတို့နဲ့ ရင်းနှီးပြီးသား'ဒု- သ-န-သော'လို့ ငရဲပြည်ကနေ အော် ဟစ်ညည်းတွားခဲ့ကြတဲ့ သူဌေးသားလေး ယောက်အကြောင်းကို စကားပြောဟန်နဲ့ ရေးသားထားတာကွ။ သူ့ရေးဟန်က အဓိ ကဇာတ်ကောင်၊ ဇာတ်ဆောင်ကိုယ်တိုင် ဖွင့်ဟဝန်ခံတဲ့ပုံစံမျိုး ရေးသားထားတာ ကွ။ ငါတောင် သူ့ဇာတ်ကောင်တွေရဲ့ ဆွဲဆောင်မှုနောက်မှာ ပါသွားခဲ့ရတယ်ကွ။သူ့အရေးအသား အသုံးအနှုန်းတွေက လည်း ဇာတ်လမ်းကိုြ<ွကတက်လာစေပြီး စာချစ်သူ၊ စာဖတ်သူတွေရဲ့ရင်ထဲမှာ စွဲငြိ သွားစေတယ်ကွ''
''ညွှန်းလှချည်လားကွ။ မင်းတောင် သူ့အရေးအသားရဲ့ ဆွဲဆောင်မှုနောက်မှာ ပါသွားရတယ်ဆိုတော့ ငါလည်း မျှဝေ ခံစားချင်တယ်ကွာ။ ပြောပြစမ်းပါဦး''
''ဒီလိုကွ။ ကုဋေ ၄ဝြ<ွကယ်ဝချမ်း သာခဲ့ကြပေမယ့် သောက်စားမူးယစ်ရမ်း ကားပြီး သူတစ်ပါးရဲ့သားမယားတွေနဲ့ သမီးပျိုတွေကို မြှူဆွယ်ဖျက်ဆီးစော် ကားခဲ့ကြတဲ့ သူဌေးသားလေးယောက် ဟာ'ကာမေသုမိစ္ဆာစာရကံ'ထိုက်ပြီး လောဟကုမ္ဘီငရဲမှာ နှစ်ပေါင်းအနန္တကျခံ နေခဲ့ကြရတယ်။ ငရဲနှစ်ပေါင်းခြောက် သောင်းကြာမှ ပွက်ပွက်ဆူနေတဲ့ ငရဲအိုး ကြီးထဲက တစ်ခါပဲ ခေါင်းပြူခွင့်ရကြတဲ့ အခါမှာ တစ်ဦးက'ဒု'၊ တစ်ဦးက 'သ'၊ တစ်ဦးက'န'၊ တစ်ဦးက'သော'လို့ အော် ဟစ်ညည်းတွားခဲ့ကြတယ်။ 'ဒု-သ-န-သော'ဆိုတဲ့ အော်ဟစ်ညည်းတွားသံကို ကောသလမင်းကြီး ကြားခဲ့ရတာကို အကြောင်းပြုပြီးခံစားရေးဖွဲ့ထားတာကွ''
''ဘယ်လိုရေးဖွဲ့ထားသလဲဆိုတာ ငါသဘောကျနှစ်ခြိုက်တဲ့အထဲက လိုရင်း အချုပ်လောက်ကို ငါကောက်နုတ်ပြမယ်။ 'ငရဲသားရဲ့ဖြောင့်ချက်'ဆိုတဲ့အတိုင်း သူ တို့အပြစ်တွေကို ဖြောင့်ချက်ပေးဝန်ခံတဲ့ သဘော ပြောဆိုညည်းတွားသံက ဒီလို ကွ....''
''ဘုရားသံ၊ တရားသံတွေ၊ပလူပျံနေ တဲ့အချိန်မှာ ကျွန်တော်တို့ကတော့ ကာမ ရိပ်သာမှာတဏှာအရသာကို တစ်ဝကြီး ခံစားရင်း အချိန်ဖြုန်းနေခဲ့ကြတာပေါ့''
''သြော် အကုသိုလ်လုပ်ချိန်က လူ့ ဘဝမှာတစ်ခဏသာကြာခဲ့ပေမယ့် အကျိုး ပေးဒုက္ခက အနှိုင်းအဆမဲ့ရှည်ကြာပါ လား''
''ကာမခံစားရတာကတစ်ခဏ ငရဲမှာ ဒုက္ခခံစားရတာကအနန္တ ရရှိတဲ့ခံစားမှု နဲ့ ပေးဆပ်ရတဲ့ဒုက္ခ မမျှပါဘူး''တဲ့ကွာ။ ဘယ်လောက်ပြောင်မြောက်သလဲ။ မင်း ခံစားသာကြည့်ပေတော့။ ဒါကြောင့် ငါကငရဲကဏ္ဍနဲ့ ကာမေသုမိစ္ဆာစာရကံ ထိုက်တဲ့အကြောင်း ပါလာလို့ ''ဆရာ တော်အရှင်ကေလာသ''ရဲ့ ''ဓမ္မအမေး အဖြေ''စာအုပ်နဲ့''လေးအိမ်စု အရှင် ဝိစိတ္တာသာရ''စီစဉ်တဲ့ ''စကားလက် ဆောင်၊တရားလက်ဆောင်''စာအုပ်ထဲမှာ ကိုးကားစရာအထောက်အထားတွေရှာ ဖွေပြီးစာချစ်သူ၊စာဖတ်သူတွေပိုမိုအလေး ထား ဖတ်ရှုမှတ်သားစေချင်တဲ့ စေတနာ နဲ့ အမှာစာရေးသားပေးနေတာကွ''

''မင်းနည်းနည်းလေးပဲပြောပြတာ တောင်ဆွဲဆောင်မှုရှိနေပြီကွ။ ငါတောင် ဖတ်ချင်လာတယ်ကွာ''
''စာရေးဆရာဒေါက်တာဝင်းနိုင်ထွန်း (ရွှေဘို)က စက်ဆုပ်ရွံရှာဖွယ်ကောင်းလှ တဲ့ ကြောက်ရွံ့တုန်လှုပ်ချောက်ချားဖွယ် ကောင်းလှတဲ့ ''ကာမေသုမိစ္ဆာစာရကံ'' ကို ဝိသေသပြုရေးသားထားတော့ ငါက လည်း ကျမ်းအကိုးအကား၊ အထောက် အထားတွေနဲ့ ပြန်လည်ဖြည့်ဆည်းပံ့ပိုး ပေးနေရတာပေါ့ကွာ''
''ကာမေသု မိစ္ဆာစာရ''ဆိုတာက ကာမေသု-မေထုန်အကျင့်တို့၌။ မိစ္ဆာ စာရာ-အမှန်ပင်ကဲ့ရဲ့ထိုက်ပြီး အောက် တန်းကျသောအပြုအမူတည်းလို့ဖွင့်ဆို ထားတယ်ကွ။ သဘောအရပြောရမယ် ဆိုရင် မသူတော်တို့ရဲ့အကျင့်ကိုအလိုရှိ လို့ ကာယဒွါရ(ကိုယ်ခန္ဓာမှာ)ဖြစ်တဲ့ မသွားလာထိုက်သူများကို ကျူးလွန်တဲ့ စေတနာဟာ ကာမေသုမိစ္ဆာစာရကံ ကျူး လွန်တာပဲတဲ့''
''မသွားလာထိုက်သူဆိုတာက ကာမမဆက်ဆံထိုက်သူကို ဆိုလိုတာကွ။ မသွားလာထိုက်သူ၊ မသွားလာကောင်း သူတွေထဲမှာ ယောက်ျားတွေရော၊ မိန်းမ တွေပါ ပါတယ်ကွ။ ကာမေသုမိစ္ဆာစာရ ကံထိုက်စေတဲ့အကြောင်း လေးရပ်ရှိ သည်။ (၁)မသွားလာကောင်းတဲ့ အမျိုး သား၊ (၂) မသွားလာကောင်းတဲ့ အမျိုး သမီး၊ (၃) မှီဝဲဆက်ဆံဖို့ လုံ့လပြုခြင်း၊ (၄) မဂ်ချင်းထိတွေ့မှုကိုသာယာခြင်း ဆို တဲ့အကြောင်းလေးရပ်ပဲကွ''
''ကျမ်းဂန်လာအဓိပ္ပာယ်ဖွင့်ဆို ချက်ကို ခေတ်အမြင်နဲ့တွေးကြည့်မယ်ဆို ရင် ကာမေသုဆိုတာ မေထုန်ကိစ္စ။ မိစ္ဆာ စာရဆိုတာ မှားယွင်းပြီးပြုကျင့်တာ။ မေထုန်ကိစ္စကို မှားယွင်းပြီးပြုကျင့်တာ ပေါ့ကွာ။ ဘယ်လိုမှားသလဲဆိုတာက ယောက်ျားတွေမသွားလာထိုက်တဲ့မိန်းမ အမျိုး ၂ဝ၊ မိန်းမတွေမသွားလာထိုက်တဲ့ ယောက်ျား၁၂မျိုးနဲ့ဆက်ဆံရင် မှားတယ် လို့ ကျမ်းဂန်တွေမှာ ပြထားတယ်ကွ''
''မင်းစောစောက ပြောပြခဲ့တဲ့ ငရဲ သားလေးယောက်ရဲ့ ဖြောင့်ဆိုချက်ထဲမှာ ပါတဲ့ ''လူ့ဘဝမှာ တစ်ခဏသာကြာခဲ့ ပေမယ့် အကျိုးပေးဒုက္ခက အနှိုင်းအဆမဲ့ ရှည်ကြာပါလား'' ''ကာမ ခံစားရတာ က တစ်ခဏ၊ ငရဲမှာ ဒုက္ခခံစားနေရတာ အနန္တ''ဆိုတဲ့စကားကိုတော့ ငါ... တော် တော်သဘောကျသွားပြီကွာ''
''သဘောကျရမယ်လေ။ ထာဝရမှန် ကန်နေတဲ့ ပရမတ္ထသစ္စာစကား ဖြစ်နေ တာကိုး။ ဗုဒ္ဓသာသနာပြုနေကြတဲ့ ဆရာ တော်အရှင်သူမြတ်တွေကလည်း ကာ မေသု မိစ္ဆာစာရကံကို ကျူးလွန်ကြသူ တွေ၊ ကာမရာဂ ထြ<ွကသောင်းကျန်း နေကြသူတွေအနေနဲ့...''
''သုခအြေ<ွကးကို နည်းနည်းယူပြီး ဒုက္ခအတိုးကို များများပေးဆပ်နေကြရမှာ ပါ''
''ခဏသုခကို ထာဝရသုခထင်နေ ကြရင် ရလာတဲ့သုခနဲ့ မတန်အောင် ဒုက္ခ အများကြီးပေးဆပ်ရလိမ့်မယ်''
''တစ်ခဏသုခရဖို့အတွက် ထာဝရ ဒုက္ခမခံနဲ့''
''တစ်ခဏသုခကို ရှောင်နိုင်မှ ထာဝရဒုက္ခကလွတ်မယ်''
''နှလုံးသားက တောင်းဆိုတိုင်း ဦး နှောက်ကအလိုလိုက်ရင် ပြင်မရအောင် မှားတတ်တယ်'' လို့ ဟောပြောဆုံးမ တရားပြထားတာတွေ ရှိတယ်ကွ။ အဲဒီ လို တရားပြဆုံးမစကားတွေနဲ့ ဆရာ ဒေါက်တာဝင်းနိုင်ထွန်း(ရွှေဘို)ရဲ့ ခံယူ ချက်တွေဟာ တစ်ထပ်တည်းကျနေတော့ သူ့ဇာတ်ကောင်ငရဲသားလေးယောက်ရဲ့ ဝန်ခံချက်တွေဟာ အသက်ဝင်လာတာ ပေါ့ကွာ။ ရိုးစင်းတဲ့ဇာတ်လမ်းဟာတက်ြ<ွကလာတာပေါ့ကွာ...''
ကာမရာဂလိုက်စားတာ ဝါသနာ ပါလွန်းသူတွေ၊ ကာမေသုမိစ္ဆာစာရကံ ကျူးလွန်သူတွေနဲ့ ပတ်သက်လို့ ''မဃ ဒေဝလင်္ကာ''မှာ''ကိလေသာမြူ၊တဏှာ ဟူသည်၊ ပင့်ကူထွေးရစ်၊ ချုံစေးပျစ်သို့၊ အပြစ်လက္ခဏာ၊ ထူထပ်စွာခဲ့၊ ချမ်းသာ မမြတ်၊လွန်ညစ်ပတ်၏''
''ညစ်ညူးရာဂ၊ကိလေသဖြင့်၊ တဏှာ့ လိုလိုက်၊ ဒုစရိုက်နှင့်၊ အမိုက်အားကိုး၊ ပုဂ္ဂိုလ်မျိုးကား၊ အကျိုးမဲ့စွာ၊ အပြစ်သာ ရှင့်လို့ သံဝေဂရအောင် ဆိုဆုံးမထား တယ်ကွ...''
''မင်းစဉ်းစားကြည့်လေ။ ကာမေသု မိစ္ဆာစာရကံကျူးလွန်ဖို့ ကြံရွယ်နေတဲ့ ကောသလမင်းကြီးကို ငရဲသားလေး ယောက်ရဲ့ ''ဒု-သ-န-သော''အသံတွေ အချိန်မီသတိပေးလိုက်တဲ့ တရားဒေသ နာ၊ ကျမ်းဂန်လာထဲမှာ လောဟကုမ္ဘီ ငရဲပြည်က ယူဇနာ ခြောက်ဆယ် ကျယ် ဝန်းတဲ့ဒယ်အိုး၊(ကြေးအိုး)ကြီးထဲရှိ ကြေး ရည်သံရည်ပူတွေထဲမှာ၊ ငရဲနှစ် ပေါင်း ခြောက်သောင်းကြာမှ မျက်နှာကလေး တစ်ခဏမျှ ပြူခွင့်ရတဲ့ဒုက္ခ။ ''ဒု-သ-န-သော'' ငရဲသားလေးယောက်ဟာ ကဿပဘုရားရှင်လက်ထက်ကတည်း က ငရဲခံနေခဲ့ကြရတာ ဂေါတမဘုရား ပွင့်ချိန်အထိ လွတ်ရက်မရှိတာကို ကြည့် ရင် ဘယ်လောက်အထိ အတိဒုက္ခရောက် ခံစားနေကြရမလဲဆိုတာ မှန်းဆလို့ တောင်မရနိုင်ပါဘူးကွာ..
''အဲဒါက လောကုတ္တရာ ရှုထောင့် ဘက်က ခံစားရတဲ့ဒုက္ခကွ။ လောကီနယ် ပယ်မှာပဲကြည့်။ သူတစ်ပါးရဲ့ သမီးပျို လေးတွေနဲ့ လင်ရှိမယားတွေကို ဖျက်ဆီး နေကြတဲ့ အဓမ္မမုဒိမ်းကောင်တွေ၊ လင်ရှိ မယားနဲ့ မယားရှိလင်ကိုကြာခိုနေကြသူ တွေ၊ လင်လိုလို၊ ရည်းစားလိုလိုနဲ့ ထင် ယောင်ထင်မှား၊
စော်ကားဖျက်ဆီးနေ ကြသူတွေ၊ လူမှောင်ခိုကျူးလွန်နေကြသူ တွေမှန်သမျှဟာ လောကီငရဲဆိုတဲ့ထောင် ဒဏ်ကျခံကြရတဲ့အပြင် သားတကွဲမယား တကွဲနဲ့ အိမ်ထောင်စုတွေ ပြိုကွဲကုန်ကြ ရတဲ့အပြင် စီးပွားရေးလည်း ကျဆုံး၊ လူမုန်းလည်း ခံကြရတယ်ကွ...''
''မိစ္ဆာစာရ၊ ကျူးလွန်ကလည်း၊မုန်း ကြသူများ၊ ရန်သူများ၍၊ ရှားပါးလာဘ် တိတ်၊ ချမ်းသာဆိတ်၍၊ ဣတ္ထိပဏ္ဍုတ်၊ မျိုးယုတ်ခါခါ၊ မျက်နှာမလှ၊ အရှက်ရ လိမ့်၊ လက္ခဏဣနြေ္ဒ၊ ယွင်းသွေချို့သိမ်၊ စိုးရိမ်များစွာ၊ ချစ်သူကွာသည်၊ ရှောင်ခါ အပြန်အကျိုးတည်း''ရယ်လို့ ညွှန်းဆို ထားတာရှိတယ်ကွ''
''ငါးရာ့ငါးဆယ် ဇာတ်နိပါတ်တော် မှာပါတဲ့''သောရေယျသူဌေးသား''ဟာ ချောမောလှပတဲ့ဇနီးနဲ့ရင်သွေးနှစ်ယောက် ရနေပေမယ့်အချောအလှမှန်ရင် ခုံမင်မြတ် နိုးလွန်းလို့ လမ်းခရီးမှာ အလွန်သပ္ပာယ် လွန်းတဲ့ ရှင်မဟာကစ္စည်းမထေရ်ကို တွေ့မြင်လိုက်တဲ့အခါမှာ ပြစ်မှားမိခဲ့ တယ်။ရှင်မဟာကစ္စည်းမထေရ်ကလည်း ခေတ်စကားနဲ့ပြောရရင် အလွန်ချောမော လှပတဲ့ မထေရ်မြတ်ဆိုပါတော့ကွာ''
''သောရေယျသူဌေးသားက ရှင် မဟာကစ္စည်းမထေရ်ကို မြင်တွေ့လိုက်ရ တာနဲ့ တစ်ပြိုင်နက် ''ဒီမထေရ်သာ ငါ့ မယားဖြစ်လိုက်ရင် သိပ်ကောင်းမှာပဲ။ ဒါ မှမဟုတ် ငါ့ဇနီးရဲ့အလှဟာ ဒီမထေရ်ရဲ့ အလှလိုဖြစ်ရင် သိပ်ကောင်းမှာပဲ''လို့ အလှကိုမက်မောလွန်းတဲ့ တဏှာနဲ့ တောင့်တပြစ်မှားလိုက်မိတယ်တဲ့။ အဲဒီလို ပြစ်မှားမိလို့ ချက်ချင်းပဲ ယောက်ျားဘဝ က မိန်းမဘဝကိုကူးပြောင်းသွားခဲ့တယ်။ သူဌေးသားနဲ့ညား သားသမီးနှစ်ဦးရပြီး တော့မှ ရှင်မဟာကစ္စည်းမထေရ်ကို ပြန် လည်ဝန်ချတောင်းပန်၊ သံဝေဂရပြီး ရဟန်းဘဝကူးပြောင်း၊ ရဟန္တာဖြစ်သွား ခဲ့တယ်တဲ့ကွ...။
''ငါပြောပြနေတာတွေဟာ လောကီ ငရဲခံစားနေကြရတဲ့အထဲက သာဓက အနည်းစုလောက်ပဲ ရှိသေးတယ်ကွ။ ငရဲ ဆိုလို့ ပြောရဦးမယ်။ ငရဲကြီးရှစ်ထပ် ထက်ကြောက်စရာကောင်းတဲ့ လက်နက် ကြီးလေးခုရှိတယ်။ သိကြားမင်းရဲ့ ဝရဇိန်လက်နက်ကြီး၊ အာဠာဝကဘီလူးရဲ့ ဘွဲ့ဖြူလက်နက်ကြီး၊ ဝဿဝဏ်နတ်မင်း ရဲ့ သန်လျက်လက်နက်ကြီးနဲ့ ယမမင်းရဲ့ မျက်လုံးလက်နက်ကြီးဆိုပြီး လက်နက် ကြီးလေးမျိုးရှိတဲ့အနက် ယမမင်းရဲ့လက် နက်ကြီးနဲ့ ဘယ်သူမှမလွတ်ကင်းဘူးတဲ့။ ဘာကြောင့်လဲဆိုရင် ယမမင်းဆိုတာ သေမင်းဖြစ်နေလို့ပဲတဲ့။ ယမမင်းဒေါသနဲ့ ကြည့်ရင် ပြာကျစေနိုင်လို့ မျက်လုံး လက်နက်ကြီးလို့ခေါ်တာတဲ့''
အဲဒီယမမင်းဟာ အကုသိုလ် အကျိုးပေးကြောင့် ငရဲကိုရောက်လာကြ သူတွေကိုကြည့်ပြီး ''ငါသာလူ့ဘဝကို ရပြီး၊ ဗုဒ္ဓဘုရားရှင်ပွင့်ခိုက်နဲ့ ကြုံကြိုက် လို့ ဗုဒ္ဓတရားကိုကြားနာခွင့်ရရင် တရား ထူးတရားမြတ်ကို ကျင့်သုံးခွင့်ရရင် သိပ် ကောင်းမှာပဲ''လို့ သံဝေဂရနေတယ်တဲ့။ အဲဒါကိုအကြောင်းပြုပြီး ဆရာ ဒေါက် တာဝင်းနိုင်ထွန်း(ရွှေဘို)က''ဒု-သ-န-သော''ဇာတ်ကောင်တွေထဲက 'သော' လို့အော်ဟစ်ညည်းညူသူ ငရဲသားရဲ့ နောင်တသံဝေဂကို မျှဝေခံစားနိုင်အောင် ရေးသားထားတာကိုကြည့်...
''ငရဲသားဘဝမှာ လက်တွေ့ဒုက္ခ ကြားက ပေါက်ဖွားလာတဲ့ တရားအသိ၊ တရားသတိနဲ့ပြောတာပါ။ ရခဲလှတဲ့လူ့ ဘဝကို ရနေကြတဲ့လူသားတွေအနေနဲ့ ကုသိုလ်ပြုဖို့ အခွင့်အလမ်းတွေကို လက် လွတ်ဆုံးရှုံးမခံသင့်ပါဘူး။ ကျွန်တော်တို့ တစ်တွေကိုပဲကြည့်၊ ငရဲပြည်ရောက်မှ ဒါနပြုမယ်ဆိုလို့ ဖြစ်နိုင်သေးလားဗျာ။ ကိုယ့်ဒုက္ခနဲ့ကိုယ် မချိမဆံ့ခံစားနေရတာ၊ အားလပ်ချိန်တောင် မရပါဘူး။ ဒယ်အိုး ပေါ် ခေါင်းလေးတစ်ချက်ပြူလာတဲ့အချိန် လေးမှာသာ အချိန်လုပြီး သံဝေဂယူနေ ကြရတဲ့အဖြစ်ပါ''တဲ့ကွာ။
''သိပ်မှန်တာပေါ့ကွာ။ ရမ္မက် တဏှာ၊ ကာမရာဂ ထြ<ွကလွန်းသူတွေ ဟာ အပျော်အပါးလိုက်စားလွန်းကြတာ ကြောင့် အမှားတွေကို ကျူးလွန်မိကြ ရင်းကသူတို့ရဲ့ဘဝတွေလည်းကျဆင်းသွား ကြလေ့ရှိတာ ဓမ္မတာပဲကွ။ ဘဝသေ သွားသလို လူရာမဝင်ကြတော့ဘူးကွာ။ ဒါကြောင့် ''ပညာမတတ်ရင် တစ်ခြမ်း သေ၊ စာရိတ္တပျက်ရင် တစ်ကိုယ်လုံး သေ''လို့ လူမှုရေးကိုယ်ကျင့်တရား ပျက် ပြားသူတွေကို ညွှန်းဆိုနေကြတာပေါ့ ကွာ''
''တစ်ထောင့်ငါးရာ၊ ကိလေသာ ကား၊ သမုဒ္ဒရာရည်ထွေ၊ ဆားငံရေသို့၊ ဖြစ်လေသောအား၊ ချိုးသောက်ငြား လည်း၊လားလားမကောင်း''လို့''လောက နီတိပျို့''မှာ ဆိုဆုံးမထားသလို သောက် လေ သောက်လေ ငတ်မပြေတဲ့ ဆားငန် ရေနဲ့မခြား၊ အလားတူတဲ့ ကာမဂုဏ် အာရုံထွေပြားသူတွေအနေနဲ့ ''ကာမ ရောဂါ၊ ဝမ်းတွင်းနာကား၊ ကုရာနတ္ထိ၊ ဆေးမရှိဘူး၊ မိမိပညာသတိသာလျှင်၊ မဟာသြသဓ၊ ဆေးမည်စွရှင့်''လို့''မဃ ဒေဝလင်္ကာ''မှာလမ်းညွှန်ထားသလို တရားအသိ၊ တရားသတိတွေ ထိန်းညှိနေ ထိုင်သွားကြဖို့ လိုတာပေါ့ကွာ။ ''ဟယ် စိတ်... နင်ခိုင်းတိုင်း ငါမလုပ်'' ဆိုတဲ့ တရားဆောင်ပုဒ်နဲ့အညီ ကိုယ့်ကိုယ်ကိုယ် ထိန်းသိမ်းနေထိုင်သွားကြမယ်ဆိုရင် လူ့ ဘဝတန်ဖိုးရဲ့အကျိုးကို အပြည့်အဝစံစား နေကြရမှာပေါ့ကွာ''
''သိပ်မှန်တာပေါ့ သူငယ်ချင်းရာ''