images
UN
UN
ပဲခူးမြို့တွင် အငယ်စား အသေးစားနှင့် အလတ်စား ဒေသထွက်ကုန်ပြပွဲ ပြိုင်ပွဲများကျင်းပမည်
တင်စိုး(ပဲခူး) Tuesday, 09 October 2018
ပဲခူးမြို့ ရွှေမော်ဓောဘုရားယာဉ် ရပ်နားကွင်းနှင့် မြို့တော်ခန်းမတို့တွင် ယခုလ ၁၂ ရက်မှ ၁၄ ရက်အထိ ပဲခူးတိုင်းဒေသကြီးအတွင်းရှိ အငယ် စား၊ အသေးစားနှင့် အလတ်စား ဒေသ ထွက်ကုန်များကို ပြပွဲ၊ပြိုင်ပွဲများ ကျင်းပ သွားမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါပြပွဲ ပြိုင်ပွဲတွင် လယ်ယာ သုံးစက်ကိရိယာများ၊ မြန်မာ့လက်မှု အနုပညာပစ္စည်းများ၊ သစ်အချောထည် နှင့် ပရိဘောဂပစ္စည်းများ၊ ကြိမ်၊ ဝါး ဗေဒါပစ္စည်းများ၊ တိုင်းရင်းဆေးများ၊ ရော်ဘာထွက်ပစ္စည်းများ၊ ရေသန့်လုပ် ငန်းများ၊သံရည်ကြိုနှင့်ဒန်သတ္တုလုပ်ငန်း များ၊ ရေထွက်ပစ္စည်းများ၊ စားသောက် ကုန် ယိုစုံနှင့် အဖျော်ရည်များ၊ ကြွေ ထည်မြေထည်၊ ကွန်ကရစ်ပစ္စည်းများ၊ လောင်စာတောင့်နှင့် Recycle များ၊ ကြံထွက်ပစ္စည်းများ၊ IT၊ ဆက်သွယ် ရေးသုံးပစ္စည်းများ၊ ဟိုတယ်နှင့် ဘဏ် လုပ်ငန်း၊ ပဲခူးစက်မှုနယ်မြေနှင့် ပြည် စက်မှုဇုန်မှထွက်ကုန်များ စသည့်ပစ္စည်း များကို ပြသမည့် ဆိုင်ခန်း၊ ပြခန်းပေါင်း ၁၉ဝ ကျော် ပါဝင်ပြသသွားမည်ဖြစ် ကြောင်း သိရသည်။
အငယ်စား၊ အသေးစား၊ အလတ် စားဒေသထွက်ကုန် ပြပွဲ၊ ပြိုင်ပွဲ ပြုလုပ် ခြင်းဖြင့် အမှန်တကယ် အသေးစား၊ အလတ်စားလုပ်ငန်းများ ဆောင်ရွက်နေ သည့် လုပ်ငန်းရှင်များအတွက် အခွင့် အလမ်းကောင်းများရရှိနိုင်မည်ဖြစ်ခြင်း၊ ၄င်းပြပွဲ၊ ပြိုင်ပွဲသို့ အခြားပြည်နယ်/ တိုင်းဒေသကြီးမှလုပ်ငန်းရှင်များ၊ စီးပွား ရေးပညာရှင်များ၊ ဘဏ်များမှလာ ရောက် လေ့လာမည်ဖြစ်သောကြောင့် ချေးငွေရရှိနိုင်ခြင်း၊ တန်ဖိုးမြင့်ထုတ် ကုန်များထုတ်လုပ်နိုင်သည့် နည်းပညာ များရရှိခြင်း၊ ဒေသခံပြည်သူများ အလုပ် အကိုင်ရရှိစေခြင်း၊ ပဲခူးတိုင်းဒေသကြီး ၏ဒေသထွက် ကုန်များဈေးကွက်နေရာ တစ်ခုရရှိနိုင်သည့် အကျိုးကျေးဇူးများ ရရှိနိုင်မည်ဖြစ်ကြောင်း သိရသည်။