images
UN
UN
ဘတ်ဂျက်လိုငွေတိုးပွားလာမည်ဟု အာရှဖွံ့ဖြိုးရေးဘဏ်ခန့်မှန်း
NG Tuesday, 09 October 2018
အာရှဖွံ့ဖြိုးရေးဘဏ်ကမြန်မာ နိုင်ငံဆိုင်ရာအစီရင်ခံစာတစ်စောင် ထုတ်ပြန်ခဲ့ရာတွင် လာမည့်နှစ်တွင် ဘတ်ဂျက်လိုငွေ တိုးပွားလာမည် ဟု ခန့်မှန်းခဲ့ကြောင်းဆင်ဟွာ သတင်းဌာနကဖော်ပြသည်။
ယခုနှစ်တွင်ဖြစ်ပေါ်နေသော မြန်မာနိုင်ငံ၏ဘတ်ဂျက်လိုငွေမှာ ပြည်တွင်းအသားတင်ထုတ်လုပ်မှု တန်ဖိုး၏ သုံးရာခိုင်နှုန်းရှိနေကာ လာမည့်နှစ်တွင် ဖြစ်ပေါ်မည့် ဘတ်ဂျက်လိုငွေမှာ ပြည်တွင်း အသားတင်ထုတ်လုပ်မှုတန်ဖိုး၏ လေးရာခိုင်နှုန်းသို့ မြင့်တက်လာ မည်ဟု ခန့်မှန်းခဲ့ခြင်းဖြစ်သည်။ ယခုနှစ်တွင် ဖြစ်ပေါ်နေသော မြန်မာ့စီးပွားရေးကဏ္ဍတိုးတက်မှု နှုန်းမှာ ၆ ဒသမ ၆ ရာခိုင်နှုန်းရှိ နေပြီး လာမည့်နှစ်တွင် ခုနစ်ရာခိုင် နှုန်းထိ မြင့်တက်လာမည်ဖြစ် ကြောင်းလည်းအစီရင်ခံစာအတွင်း ၌ ဖော်ပြခဲ့သည်။ လက်ရှိအချိန်၌ ဖြစ်ပေါ်လျက်ရှိသော ငွေကြေး ဖောင်းပွမှုနှုန်းမှာ ၆ ဒသမ ၂ ရာခိုင်နှုန်းသို့ ရောက်ရှိနေပြီးလာ မည့်နှစ်တွင် ခြောက်ရာခိုင်နှုန်းသို့ ကျဆင်းဖွယ်ရှိကြောင်းလည်း ခန့် မှန်းခဲ့သည်။ ပြီးခဲ့သည့်လပိုင်းများ အတွင်း၌ မြန်မာနိုင်ငံအတွင်းရှိ ငွေလဲဈေးကွက်များအတွင်း၌ အမေရိကန်ဒေါ်လာ ဈေးနှုန်းများ စံချိန်တင်မြင့်တက်မှုများဖြစ်ပေါ် ခဲ့ပြီးနောက်ပိုင်းတွင် မြန်မာနိုင်ငံ သုံး ကျပ်ငွေတန်ဖိုးကျဆင်းမှုမှာ ရာခိုင်နှုန်း ၂ဝ နီးပါးရှိခဲ့မှုကြောင့် ငွေကြေးဖောင်းပွမှုနှုန်းကျဆင်းရန် ခက်ခဲနိုင်သည်ဆိုသောသုံးသပ်မှု များလည်း ရှိနေသည်။