images
UN
UN
မျက်စိဝေဒနာရှင် မိဘပြည်သူများအား စမ်းသပ်ခွဲစိတ်ကုသပေးမှုများ(အခမဲ့) ဆောင်ရွက်ပေးမည်
ရွှေကို(မိုင်းဖြတ်) Tuesday, 09 October 2018
ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းဖြတ်မြို့နယ်တွင် မျက်စိဝေဒနာ ရှင် မိဘပြည်သူများအား ချယ်ရီ မေတ္တာဖောင်ဒေးရှင်း၏ (၂၆)ကြိမ် မြောက် စက္ခုဒါနလှူဒါန်းပွဲကြီးကို ၂ဝ၁၈ခုနှစ် နိုဝင်ဘာ ၂၅ရက်မှ စ၍ ၂၈ရက်နေ့ထိ မခွဲစိတ်မီနှင့် ခွဲစိတ်ပြီးသည်အထိ မိုင်းဖြတ်မြို့ နယ် ပြည်သူ့ဆေးရုံ၌ ကုသဆောင် ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရ သည်။
ထိုသို့ မိုင်းဖြတ်မြို့နယ်အတွင်း ရှိ မျက်စိဝေဒနာရှင် မိဘပြည်သူ များကို အခမဲ့ကုသဆောင်ရွက်ပေး ရာတွင် အလှူရှင်ပြည်သူ့လွှတ် တော်ကိုယ်စားလှယ် ဦးလင်းဇော် ထွန်းနှင့် မိသားစုမှ အလှူပြုပြီး ပြည်နယ်ကျန်းမာရေးဦးစီးဌာန၏ ဦးဆောင်မှု၊ ချယ်ရီမေတ္တာဖောင် ဒေးရှင်း၏ စီစဉ်ဆောင်ရွက်မှုဖြင့် ရန်ကုန်မြို့မှ မျက်စိခွဲစိတ်ကုသမှု တာဝန်ခံ ဆရာကြီးပါမောက္ခ ဒေါက်တာ ဦးကိုကိုတင် (MORRIS) M.B.B.S, D.OM.Med. Sc(Opthal) Consultant Ophthalmologist, Professor & Head(U.M.Retd)(ဆမ-၂၁၉၆/ မည-၆၄)နှင့်၊ ကျွမ်းကျင်ပညာရှင် များက ကိုယ်တိုင်လာရောက် ကွင်း ဆင်းကုသပေးမည်ဖြစ်ပြီး မည်သူ မဆို လူမျိုးဘာသာမရွေး မခွဲစိတ် မီနှင့်ခွဲစိတ်ပြီးသည်အထိ စမ်းသပ် ခ၊ ခွဲစိတ်ခ၊ မျက်မှန်၊ ဆေးဝါးအစ ရှိသည်တို့ကိုအခမဲ့ ကုသအလှူပေး သွားမည်ဖြစ်ကြောင်း သိရသည်။