images
UN
UN
ကမ္ဘာ့မျက်မမြင်ပပျောက်ရေးနေ့အထိမ်းအမှတ်အကြိုလှုပ်ရှားမှု မျက်စိကျန်းမာရေးစောင့်ရှောက်မှုများပြုလုပ်ပေး
တင်စိုး(ပဲခူး) Tuesday, 09 October 2018
၂ဝ၁၈ခုနှစ် အောက်တိုဘာလ (၁၁)ရက်တွင် ကျရောက်မည့် ကမ္ဘာ့မျက်မမြင်ပပျောက်ရေးနေ့ အထိမ်းအမှတ်အခမ်းအနားအား ကြိုဆိုဂုဏ်ပြုသောအားဖြင့် ယနေ့ နံနက်ပိုင်းအချိန်က ပဲခူးတိုင်း ဒေသကြီး ပြည်သူ့ကျန်းမာရေး ဦးစီးဌာန ဒုတိယတိုင်း ဒေသကြီး ဦးစီးဌာနမှူး ပဲခူးမြို့ မျက်ခမ်းစပ် နှင့်မျက်မမြင်ကာကွယ်ရေး စီမံ ကိန်းဒေသကြီး(၄)မျက်စိအထူးကု ဆရာဝန်ကြီး ဒေါက်တာ ကိုကို ဦးနှင့်ကျန်းမာရေးဝန်ထမ်းများ သည် ကဝမြို့နယ်အတွင်းရှိ အုန္နဲ၊ နိဗ္ဗာန်ကျေးရွာများနှင့် ပတ်ဝန်းကျင် ကျေးရွာများမှ မျက်စိဝေဒနာ ရှင်များအား မျက်စိကျန်းမာရေး စောင့်ရှောက်မှုများ ကွင်းဆင်းပြု လုပ်ပေးကြသည်။
ထိုသို့ကွင်းဆင်းဆောင်ရွက်ရာ တွင် မျက်စိအထူးကုဆရာဝန်ကြီး ဒေါက်တာကိုကိုဦးက မျက်စိကျန်း မာရေးနှင့်ပတ်သက်၍ ဆောင်ရန်၊ ရှောင်ရန်များကို အသိပညာပေး ဟောပြောပြီး ကျန်းမာရေးဝန်ထမ်း များနှင့်အတူ မျက်စိဝေဒနာရှင်များ အား မျက်စိစမ်းသပ်စစ်ဆေးပေး ခြင်း၊ မျက်မှန်စမ်းသပ်စစ်ဆေး ပေးခြင်းများ ပြုလုပ်ပေးကြသည်။
ထို့အပြင် ကာကွယ်၍ရသော ကုသ၍ရသော မျက်စိရောဂါများ နှင့် ခွဲစိတ်ရန်လိုအပ်သော လူနာ ၆၅ဦးအား ဌာနချုပ်ရှိရာ ပဲခူးမြို့ မျက်ခမ်းစပ်နှင့်မျက်မမြင် ကာ ကွယ်ရေး စီမံကိန်းဒေသကြီး(၄) သို့ခေါ်ဆောင်ပြီး ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနနှင့် င်္မနိံသူသတ အဖွဲ့တို့၏ ကူညီပံ့ပိုးမှုဖြင့် အခမဲ့ခွဲစိတ်ကုသပေးမှုများဖြစ် လုပ်မည်ဖြစ်ကြောင်းသိရသည်။
၂ဝ၁၈ခုနှစ် ကမ္ဘာ့မျက်မမြင် ပပျောက်ရေးနေ့ ဆောင်ပုဒ်သည် ဓနပန ဃမေန နလနမပတ့နမန မျက်စိ အမြင်ကောင်းမွန်ဖို့ နေရာမရွေး စောင့်ရှောက်စို့'' ဖြစ်ကြောင်းသိရ သည်။