images
UN
UN
ပြည်တွင်းရေးဝင်စွက်တယ်ဆိုရာမှာ လက်သည်က မူမမှန် လူမဆန် ဖျက်ရန်စွက်သောလက်ကို ချစ်၍ပွေ့သောလက်ဟုထင်မိလျှင် သေဖို့သာပြင်
တက္ကသိုလ်မြတ်သူ Tuesday, 09 October 2018
နေ့စဉ်သတင်းစာများတွင်လည်းကောင်း၊ ညစဉ်ရေဒီယို၊ ရုပ်မြင်သံကြားသတင်းများ တွင်လည်းကောင်း၊ အွန်လိုင်းသတင်း များတွင်လည်းကောင်း၊ အမေရိကန်ပြည် ထောင်စု၏သတင်း၊ အထူးသဖြင့် အမေရိ ကန်သမ္မတဒေါ်နယ်ထရန့်တို့၏ သတင်း မပါသောနေ့ရက်မရှိပါပေ။ ယနေ့ ကမ္ဘာ့ ဇာတ်ခုံပေါ်တွင် အချိန်နှင့်အမျှ လူလုံးထွက် ပြ၊ အသံနှင့်ကြားရ၊ လူရုပ်ပါမြင်ရသော ဇာတ်လိုက်မှာလည်း ဒေါ်နယ်ထရန့်၏နေရာ ကို မည်သူမျှဝင်မလုနိုင်ကြပေ။ ဒေါ်နယ် ထရန့်သည် နိုင်ငံတိုင်းလိုလိုနှင့်ရန်ဖြစ်နေ သောသမ္မတ၊ နိုင်ငံများစွာကို စီးပွားရေးပိတ် ဆို့နှောင့်ယှက်ဒုက္ခပေးနေသောသမ္မတ၊ နိုင်ငံ တိုင်း၏ပြည်တွင်းရေးကိုဝင်စွက်ခြင်း၊ ခြိမ်း ခြောက်ခြင်း၊ နိုင်ငံများပျက်စီးရာပျက်စီး ကြောင်းကြံစည်အားထုတ်ခြင်း၊ စစ်ရေးကျူး ကျော်ခြင်းတို့ဖြင့် အမေရိကန်အကျိုးစီးပွား ကို ဘို့တစ်ဘို့တည်းရှိသောကုလားအုတ်ပမာ သဲ့ယူသောသမ္မတအဖြစ် ကမ္ဘာတွင် နာမည် ပျက်နေပေသည်။ အမေရိကန်ပြည်ထောင်စု မှ ကိုယ်ကျိုးသက်သက်သာကြည့်ပြီး မာန တံခွန်ထူနေသော အစွန်းရောက်အမေရိကန် လူမျိုးများအဖို့ကား ဒေါ်နယ်ထရန့်သည် တကယ့်ဟီးရိုးဖြစ်နေပေသည်။ ကျန်နိုင်ငံ တကာအဖို့ကား ထရန့်သည် အကယ်ဒမီ ဆုပေါင်းရာချီရသင့်သော Villainလူကြမ်း မင်းသား(လူဆိုးဗိုလ်)ကြီးဖြစ်နေပေသည်။
အမေရိကန်ဘာလုပ်လုပ် လိုက်ထောက် ခံ၊ အမေရိကန်က မည်သည့်နိုင်ငံကို တရား လက်လွတ်ကျူးကျော်တိုက်ခိုက်သောစစ်ပွဲ မဆို နောက်ပါးမှ ပါလေ့ရှိသောအင်္ဂလန် (ဗြိတိန် ခေါ် ယူကေ)ကိုလည်း အလွတ် မပေး၊ နှိပ်ကွပ်လိုက်တော့သည်။ တလော က ထရန့် လန်ဒန်ရောက်သွားပြီး ယူကေကို အပြစ်တင်စကားပြောသည်။ ဆရာလာလုပ် သည်။ ဗိုလ်လာကြသည်ဟုရှုမြင်သော အင်္ဂလိပ်များက သူ့ကိုဆန္ဒပြဆန့်ကျင်ပြီး အင်္ဂလန်မှ အမြန်ပြန်ရန်တောင်းဆိုကြသည်။ 'ဒို့အင်္ဂလိပ်တွေရဲ့ပြည်တွင်းရေး ဝင်စွက်ခွင့် ဒေါ်နယ်ထရန့်မှာ လုံးဝမရှိ'ဟုလည်း ပြော လွှတ်ကြသည်။ အမေရိကန်၊ အင်္ဂလန်၊ ပြင်သစ်၊ ဒတ်ခ်ျ(နယ်သာလန်)၊ ဘယ်လ် ဂျီယံ၊ ဆွီဒင်၊ နော်ဝေ၊ ဂျာမနီ၊ အီတလီ၊ စပိန်၊ ပေါ်တူဂီစသည့် ဥရောပနိုင်ငံများ (ယနေ့အီးယူ)သည် နယ်ချဲ့စနစ်နှင့်လှည့်၍ အမျိုးစပ်လျှင် အမျိုးအရင်းကြီးတော်သည်။ ဒုတိယကမ္ဘာစစ်အတွင်း ပရိယာယ်နယ်ချဲ့ များနှင့် ဖက်ဆစ်အကြမ်းဖက်နယ်ချဲ့တို့ ကျွန်နိုင်ငံ ကိုလိုနီဝေစုလုတိုက်ခိုက်ရင်း နှစ်ဖက်စလုံး အထိနာခဲ့ကြသည်။ ထိုစဉ်က အမေရိကန်က ဥရောပနယ်ချဲ့စက်မှုအရင်း ရှင်နိုင်ငံများ ပြန်လည်ထူထောင်ရန် မာရှယ် စီမံကိန်းဖြင့် ငွေချေး၊ ပစ္စည်းထောက်ပံ့ ကူညီပေးခဲ့ပြီး
ယင်းနိုင်ငံများမှစစ်အင်အား များကိုထုတ်ယူစုပေါင်းကာ နေတိုး NATO ခေါ် မြောက်အတ္တလန္တိတ်(စစ်)အုပ်စုဖွဲ့ခဲ့ သည်။ နေတိုး၏ဗိုလ်ချုပ်က အမေရိကန်ပင် ဖြစ်ခဲ့သည်။ နေတိုးကို အမေရိကန်က ကြီး ကြပ်ချုပ်ကိုင်ပြီး အရှေ့ဥရောပဆိုရှယ်လစ် နိုင်ငံများနှင့် ဆိုဗီယက်ပြည်ထောင်စုတို့ အား စစ်ရေးအရဖြိုချရန် အားစုခဲ့သည်။ ယနေ့နေတိုးသည် ဥရောပလုံခြုံရေးဥရောပ မှ ဝါဒကွဲ ရန်ဘက် ဆိုရှယ်လစ်(ကွန်မြူနစ်) နိုင်ငံများကို တိုက်စရာရှိတိုက်ရန်၊ ဥရောပ လုံခြုံရေးကာကွယ်ရန်ဟုြေ<ွကးကြော်ခဲ့ရာ မှ အရှေ့အလယ်ပိုင်းဒေသမှ ဆီးရီးယား၊ အာဖရိကတိုက်မှ အီဂျစ်၊ လစ်ဗျား၊ တူနီး ရှား၊ အယ်လ်ဂျီးရီးယား၊ တောင်အာရှမှ အာဖဂန်နစ္စတန်နိုင်ငံတို့မှာပါ အမေရိကန်နှင့် အတူ ပါဝင်ကျူးကျော်တိုက်ခိုက်နေပေပြီ။
မကြာခဏ ဥရောပနှင့်အမေရိကန်တို့ သဘောထားကွဲကြ၊ တင်းမာကြဖြစ်သော် လည်း အမေရိကန်၏သြဇာသည် ဥရောပ ကို လွှမ်းမိုးထားနိုင်ခဲ့သည်။ အီရတ်ကို အမေရိကန်ကျူးကျော်သောစစ်ပွဲနှင့် ယနေ့ အီရန်နိုင်ငံ၏နျူကလီးယားအရေးတို့တွင်မူ ထရန့်နှင့်အီးယူတို့ သဘောထားကွဲသည်။ အီရန်နိုင်ငံ၏ နျူကလီးယားလက်နက် ထုတ်လုပ်နိုင်မည့်အနေအထားကို ဝိုင်းဝန်း ဆွေးနွေးဖြေရှင်းရန် အီရန်နှင့်အမေရိကန်၊ အီးယူတို့သဘောတူလက်မှတ်ရေးထိုးထား သည်။ ဒေါ်နယ်ထရန့်က ထိုစာချုပ်မှ နုတ် ထွက်ကာ အီရန်ကို ရန်လိုလာသည်။ အီးယူ က ထိုစာချုပ်အတိုင်းဆက်လက်ရပ်တည် သည်။ ထရန့်က အီရန်မှ ရေနံဝယ်ယူ၊ သယ်ယူနေသောနိုင်ငံများ၊ အီရန်ရေနံ သပိတ်မှောက်ရန်၊ ဆက်လက်မဝယ်ယူရန် ထရန့်က မျက်နှာနေမျက်နှာထားတင်းတင်း ဖြင့် ကမ္ဘာကိုအမိန့်ထုတ်သည်။ ၂ဝ၁၈ ခုနှစ် စက်တင်ဘာလ ကုလသမဂ္ဂအထွေ ထွေညီလာခံသို့ ထရန့်ကိုယ်တိုင်တက်ပြီး မိန့်ခွန်းပြောရင်း အီရန်ရေနံမဝယ်ကြရန်၊ အီရန်ကိုဝိုင်းပယ်ကြရန် တိုက်တွန်းပြော ကြားသည်။ ဂျပန်နှင့်တောင်ကိုရီးယားကဲ့သို့ အာရှစီးပွားဖြစ်နိုင်ငံများကပင် ထရန့် စကားနားထောင်ကာ အီရန်ရေနံများကို မဝယ်ယူကြတော့ပေ။
အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က သမ္မတရွေးကောက်ပွဲတွင်ဝင်ပြိုင်ရန်မဲဆွယ် စဉ်ကပင် အမေရိကန်သည် ကမ္ဘာတွင် အရာရာ၌ ပထမနေရာ၌ရှိရမည်။ ((American first)ဟြုေ<ွကးကြော်သည်။ အမေရိကန် ပြည်ထောင်စုအား တစ်ချိန်တုန်းကကဲ့သို့ ကမ္ဘာ့သြဇာကြီး ထိပ်ဆုံးနိုင်ငံမျိုး ပြန်ဖြစ် အောင်လုပ်ရမည်ဟုြေ<ွကးကြော်မဲဆွယ်ခဲ့ သည်။ တစ်ကမ္ဘာလုံး အစ္စလာမ်နိုင်ငံတွေ ချည်းဖြစ်အောင် ထူထောင်ရမည်ဟု အကြမ်း ဖက်တိုက်ခိုက်နေသော IS အစ္စလာမ္မစ် နိုင်ငံအဖွဲ့ကို ဒီမိုကရက်တစ်ပါတီကိုယ်စား ပြု အမရိကန်သမ္မတ ဘားရက်အိုဘားမား ထူထောင်ထားသည်ဟု စွပ်စွဲပြောကြားခဲ့ သည်။ နိုင်ငံတကာကမူ IS အဖွဲ့၏ ပစ္စည်း လေးပါးဒါယကာနှင့်နဖားကြိုးကိုင်မောင်း နေသည်မှာ အမေရိကန်ဗဟိုထောက်လှမ်း ရေးအေဂျင်စီ(စီအိုင်အေ)ဖြစ်သည်ဟု နား လည်ထားကြသည်။ ထရန့်စကားကြောင့် စီအိုင်အေနှင့်ဘားရက်အိုဘားမားတို့နှစ်ဦး စလုံးဟာ IS ကို တည်ထောင်အသုံးချနေ သည်ဟု ယူဆလာကြသည်။
အမေရိကန်အကြောင်း ခုတလော ကျွန် တော်ဂရုပြုလေ့လာစူးစမ်းသည်။ တွေ့သမျှ မြင်သမျှ ပွင့်ပွင့်လင်းလင်းရေးသည်။ ကျွန် တော်သည် လတ်တလောအမေရိကန်ဆန့် ကျင်ရေးသမားတစ်ဦးအဖြစ် ရှုမြင်ခံရ၊ စွပ် စွဲခံရသည်။ ကျွန်တော်သည် အမေရိကန် နိုင်ငံ၊အမေရိကန်ပြည်သူများကိုမဆန့်ကျင်ပါ၊ မမုန်းပါ။ အမေရိကန်ကို အစဉ်အဆက်ကြီး စိုးကာ ကမ္ဘာကို ဗိုလ်ကျခြယ်လှယ်ချုပ်ချယ် ကန့်သတ်ပြီး ဒုက္ခကြီးစွာပေးနေသော အမေ ရိကန်နယ်ချဲ့သမား၊ စစ်ဝါဒီ၊ တစ်ကိုယ် ကောင်းသမားများကိုသာရွေးပြီး ဆန့်ကျင်ပါ သည်။ အမေရိကန်ပြည်သူများကို ကျွန် တော်ထိတွေ့ဆက်ဆံခဲ့ဖူးသည်။ သဘော ထားကောင်းပြီး ဖော်ရွေပျူငှာ၊ စိတ်ရင်း စေတနာကောင်းသည့်အမေရိကန်များ ကျွေး မွေးပြုစုလိုက်သော ညစာအနပ်ပေါင်းများ စွာကျွန်တော်စားခဲ့ရဖူးပါသည်။ ၁၉၇၆ခုနှစ် အောက်တိုဘာလကုန်ရက်မှ နိုဝင်ဘာလ နှောင်းပိုင်းအဝင်အထိ အမေရိကန်ပြည် ထောင်စုသို့ တစ်လခွဲခရီးရောက်ခဲ့ဖူးသည်။
အမေရိကန်နိုင်ငံဆိုသည်မှာလည်း လွန် ခဲ့သောနှစ်ပေါင်း သုံးရာကျော်လေးရာခန့်က အင်္ဂလန်မှ အင်္ဂလိပ်လူမျိုး၊ စကော့လူမျိုး၊ ဝေလ(ဝေးလ်စ်)လူမျိုး၊ အိုင်းရစ်လူမျိုးတို့ သွားရောက်အခြေချကာ
မူလဒေသခံရက်ဒ် အင်ဒီးယန်းလူနီများ၏ မြေများလုယူပြီး ကို လိုနီ(နယ်သစ်ပယ်သစ်)ထူထောင်ခဲ့ကြသော နိုင်ငံဖြစ်သည်။ ဥရောပမှ စပိန်၊ ပေါ်တူဂီ၊ ဒတ်ခ်ျ၊ ပြင်သစ် စသည့်လူမျိုးများကလည်း အားကျမခံ မြောက်အမေရိကမြေပေါ် မြေ လု အခြေပြုနေထိုင်လာကြရာ ကိုလိုနီ(လူ မျိုးအလိုက် ပြည်နယ်)၁၃ ခု ထူထောင်ခဲ့ ကြသည်။ အင်္ဂလန်မှ ဘုရင်အစိုးရက ဘုရင်ခံခန့်ပြီး အမေရိကအထိလိုက်၍ အုပ် ချုပ်လာကြသည်။ အေဒီ ၁၇၆ဝ ခန့်မှစပြီး အမေရိကားဟု မူလရက်ဒ်အင်ဒီးယန်းတို့ ခေါ်ကြသော ထိုမြေပြင်ကြီးကို အမေ ရိကန်ပြည်ထောင်စုအဖြစ် ထူထောင်ရန် အင်္ဂလန်မှဘုရင်ခံအစိုးရကို ပုန်ကန်တော် လှန်ကြသည်။ ဤသည်ပင် အမေရိကန် တော်လှန်ရေးဖြစ်သည်။ ၁၇၇၆ ခုနှစ် ဇူလိုင် ၄ ရက်နေ့တွင် အမေရိကန်လွတ်လပ် ရေးကြေညာကာ ၁၃ ပြည်နယ်ပြည်ထောင် စုထောင်ခဲ့သည်။
ပြည်ထောင်စုလွတ်လပ်ရေးကြေညာ ပြီး ၁၁ နှစ်အကြာ ၁၇၈၇ ခုနှစ် မေလတွင် မှ ၁၂ ပြည်နယ်မှ ကိုယ်စားလှယ် ၆ဝ ကျော် တက်သော အမျိုးသားညီလာခံကျင်းပကာ ညီလာခံမှချမှတ်ပေးသောမူများဖြင့် အမေ ရိကန်ပြည်ထောင်စု ဖွဲ့စည်းပုံအခြေခံဥပဒေ ကို ပြဋ္ဌာန်းနိုင်ခဲ့သည်။ ယင်းမူလပြဋ္ဌာန်းစ အခြေခံဥပဒေတွင် အမေရိကန်နိုင်ငံသား များ၏ မူလအခွင့်အရေးအခန်းများ မပါဝင် ပေ။အကြောင်းမှာ မူလဒေသခံရက်ဒ်အင်ဒီး ယန်းများ ကျွန်အဖြစ်ဝယ်သုံးရာမှ ပြန်လွှတ် ပေးခဲ့သည်။ ကျွန်မည်း(နီဂရိုး)များကို လူ ဖြူတို့နှင့်တန်းတူ နိုင်ငံသားအခွင့်အရေး မပေးနိုင်သူက အင်အားများသဖြင့် ညီလာခံ ပျက်မှာစိုးပြီး ထိုနိုင်ငံသားအခန်း ချန်လှပ် ခဲ့သည်။ နောင်တွင်မှ ထိုအခန်းကို ဖြည့် စွက်နိုင်ခဲ့သည်။ အမေရိကန်အခြေခံဥပဒေ ၏ ထူးခြားချက်မှာ တစ်ဦးတစ်ယောက် လက်ထဲ နိုင်ငံတော်အာဏာရပ်အားလုံး စုပြုံ ထည့်ကာ အာဏာရှင်ဖြစ်စေသော ပုံစံမသုံး ဘဲ၊ ဥပဒေပြုရေး၊ အုပ်ချုပ်ရေး၊ တရားစီ ရင်ရေး အာဏာသုံးရပ်ကို သုံးပိုင်းပိုင်းခြား ကာ သုံးဦးဖွဲ့ကာ တာဝန်ယူစေသောပုံစံဖြစ် သည်။ (မြန်မာနိုင်ငံ၏ ၂ဝဝ၈ ခုနှစ် အခြေခံဥပဒေသည်လည်း အာဏာသုံးရပ် ပိုင်းခြားကျင့်သုံးစေကာ တစ်ပါတီအာဏာ ရှင်တစ်ဦးတည်း အာဏာရှင်ဖြစ်မလာစေ ရန်ကာကွယ်ပေးထားသည်။ ပါလီမန်ဒီမို ကရေစီစနစ်တွင် ရွေးကောက်ပွဲ၌ အမတ် အများစုအရွေးခံအာဏာရသော ပါတီ ခေါင်းဆောင်လက်ထဲသို့ ဥပဒေပြုအာဏာ၊ အုပ်ချုပ်ရေးအာဏာ၊ တရားစီရင်မှုကို ဝင် ရောက်စွက်နိုင်သောအာဏာများ စုပြုံ ရောက်ရှိသွားသဖြင့် အောက်ခြေလွတ်၊ ဘဝင်မြင့်ကာ အာဏာရှင်စိတ်ဓာတ် ဝင် သွားလေ့ရှိသည်။ မြန်မာနိုင်ငံ ဖဆပလ အစိုးရခေါင်းဆောင်ဦးနု(သခင်နု)သည် အားလုံးက လေးစားရသော ကိုကြီးနုဘဝမှ အာဏာရှင်ကြီး၊ ဘဝရှင်မင်းတရားကြီးစိတ် ပေါက်နေသူအဖြစ် နာမည်ပျက်ခဲ့ရသည်။ (ဤကားစကားချပ်) အမေရိကန်အခြေခံ ဥပဒေတွင် နိုင်ငံတော်သမ္မတသည် အမေရိ ကန်စစ်တပ်အားလုံး၏ စစ်သေနာပတိချုပ် ဖြစ်သည်ဟုပြဋ္ဌာန်းထားရာ အမေရိကန် အစိုးရများကို စစ်အစိုးရဟုခေါ်သော်ရ၏။
အမေရိကန်ပြည်ထောင်စုသည် ၁၃ ပြည်နယ်ဖြင့်စတင်ဖွဲ့ခဲ့သော်လည်း မက္ကဆီ ကိုနိုင်ငံပိုင်ပြည်နယ်များ၊ ပြင်သစ်နှင့်ရုရှ ပိုင်ပြည်နယ်များ၊ ဟာဝိုင်ယီပိုင်ပြည်နယ် တို့ကို စစ်တိုက်သိမ်းယူနယ်ချဲ့ခဲ့သဖြင့် ယနေ့ပြည်နယ် ၅ဝ ရှိလာသည်။ ယနေ့တိုင် ပင်လယ်သမုဒ္ဒရာကျွန်းနိုင်ငံ တစ်ဒါဇင် ကျော်ကို သိမ်းပိုက်စိုးမိုးအသုံးပြုလျက်ရှိ၏။ ဒုတိယကမ္ဘာစစ်ပြီးသည့်နောက်ပိုင်း အမေ ရိကန်သည် အရင်းရှင်နယ်ချဲ့နိုင်ငံတို့၏ ခေါင်းဆောင်၊ ကမ္ဘာ့အင်အားကြီးနိုင်ငံဖြစ် သည်။ ကမ္ဘာစစ်ကြီးများဖြစ်ပြီးတိုင်း အမေ ရိကန် ပို၍ချမ်းသာလာ၏။ သေနတ်၊ အမြောက်တို့ဖြင့် စစ်တိုက်ကြသော ထို ခေတ်ထိုစစ်ပွဲများ၌ သမုဒ္ဒရာကြီးနှစ်စင်း (အတ္တလန္တိတ်နှင့်ပစိဖိတ်)ကာရံထားသော အမေရိကန်မြေပေါ်သို့ ဗုံးတစ်လုံး၊အမြောက် တစ်ဆန်မှမကျဘဲ စက်ရုံများ ဆက်တိုက် လည်ပတ်ထုတ်လုပ်နိုင်ခဲ့၏။ ကမ္ဘာ့စစ်ပွဲ ကြီးနှစ်ကြိမ်စလုံးနှင့် အခြားစစ်ပွဲများ ထောင်ချီ၍ဖြစ်ခဲ့သည်မှာ ဥရောပဖြစ်သည်။ ဤသို့ဖြင့် ဥရောပနယ်ချဲ့များ၏ဆရာကြီး မှာ အမေရိကန်ဖြစ်လာလေသည်။ ဆိုဗီ ယက်သမ္မတဂေါ်ဘာချော့ဗ်၏ မလုပ်တတ် လုပ်တတ်နှင့် ဒီမိုကရေစီပြောင်းလဲရေး၊ စီးပွားရေးမူဝါဒပြောင်းလဲရေး လက်တည့် စမ်းမှားမှုကြောင့် ၁၉၉၂ ခုနှစ်တွင် ဆိုဗီ ယက်ပြည်ထောင်စုကြီး ပြိုကွဲသွားရုံမျှမက အရှေ့ဥရောပဆိုရှယ်လစ် ရှစ်နိုင်ငံပါ ပြိုကျ သွားခဲ့သည်။ ယခင်က ဆိုဗီယက်နှင့် အင်အားချင်း ရင်ပေါင်တန်းနိုင်သော အမေ ရိကန်သည် ပြိုင်ဘက်ကင်း၊ အင်အားလွန် မဟာစစ်ရေး၊ နိုင်ငံရေး၊ စီးပွားရေး ဗိုလ်ကျ နိုင်ငံကြီးဖြစ်လာခဲ့သည်။ ထိုအချိန်မှစ၍ 'ဖွတ်မိကျောင်းဖြစ် မြစ်မချမ်းသာ'ဟူသော စကားပုံကဲ့သို့ ကမ္ဘာ့နိုင်ငံများ ဒုက္ခပင်လယ် ဝေတော့သည်။
အမေရိကန်သည် ဦးစွာ ဗြိတိန်၊ ပြင်သစ်၊ စပိန်တို့ကိုတိုက်ကာ နယ်ချဲ့ လောက၌ နယ်ပြန်ချဲ့ခဲ့သည်။ ဒုတိယကမ္ဘာ စစ်တွင် ဂျာမနီ၊ အီတလီ၊ ဂျပန်၊ ဖက်ဆစ် နယ်ချဲ့သုံးနိုင်ငံကို ဝါဒကွဲဆိုဗီယက်နှင့်ပါ လက်တွဲပြီးတိုက်ခဲ့သည်။ အဏုမြူဗုံးနှစ်လုံး နှင့် ဂျပန်အရပ်သားငါးသိန်းကို သတ်ဖြတ် ပြီး ဂျပန်တို့ လက်နက်ချစေခဲ့သည်။ ကမ္ဘာ စစ်ပြီးသည်နှင့် အမေရိကန်သည် ကမ္ဘာစစ် အတွင်း ဖက်ဆစ်ဝင်ရိုးတန်းသုံးနိုင်ငံကို လက်တွဲတိုက်ခိုက်ခဲ့သည့် မဟ