images
UN
UN
ရန်ကုန်မြို့တော်ဝန်၏ ပေါက်လွှတ်ပဲစားဟု ပြောစကား လွန်စွာရိုင်းသဖြင့် ကန့်ကွက်
သစ်တော်၊ မေနဒီမြနွယ် Tuesday, 09 October 2018
ရန်ကုန်မြို့တော်ဝန်၏ လွှတ်တော်အတွင်း ပေါက်လွှတ်ပဲစားဆိုသည့် စကားလုံးသုံးနှုန်း ခြင်းမှာ လွန်စွာရိုင်းသည့်အတွက် ကန့်ကွက် ရခြင်းဖြစ်သည်ဟု ယနေ့နံနက်ပိုင်းက ကျင်းပ သည့် ဒုတိယအကြိမ်ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် သတ္တမပုံမှန်အစည်းအဝေးအပြီး ကျောက်တံတားမြို့နယ် မဲဆန္ဒနယ်အမှတ်(၁) တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဒေါ်ကြည်ပြာက မီဒီယာများအား ဖြေကြား ခဲ့သည်။
ကျောက်တံတားမြို့နယ် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်က ၂ဝ၁၈ ခုနှစ် အောက်တိုဘာ ၁ ရက်မှစ၍
အမည်တပ်လမ်းမကြီးများတွင် ကားပါကင်ကြေးကောက်ခံသည့် ကိစ္စနှင့် ပတ်သက်၍ စနစ်တကျလည်းဖြစ် ပြည်သူတွေလည်း အဆင်ပြေစေရန် မည်သို့အစီအစဉ်များဖြင့် ဆောင်ရွက်သွားမည်ကို သိရှိလိုကြောင်း ကြယ်ပွင့်ပြမေးခွန်းအပေါ် ရန်ကုန်မြို့တော်ဝန်က ပြန်လည်ဖြေကြားရာ တွင် ယင်းကဲ့သို့သုံးနှုန်းခဲ့ခြင်းအပေါ် ကျောက်တံတားမြို့နယ် မဲဆန္ဒနယ် အမှတ်(၁)မှတိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်က မီဒီယာများ၏ မေးမြန်းမှုကို ဖြေကြားခဲ့ခြင်းဖြစ်သည်။
''ပြောသွားတဲ့စကားလုံးတွေက လမ်းပေါ်မှာသုံးတဲ့စကားတွေပါ။ရောက်ရှိနေတဲ့နေရာက အစ်မတို့ရဲ့ရန်ကုန်တိုင်းဒေသကြီးက ပြည်သူတွေ အားလုံးကို ကိုယ်စားပြုထားတဲ့ လွှတ်တော်ကိုယ်စားလှယ်တွေပါ။ လွှတ်တော်ကိုယ်စားလှယ်တွေဆိုတာ သူ့ရဲ့ဂုဏ်သိက္ခာနဲ့သူရှိပြီးသားပါ။ အကုန်လုံးအစိုးရအဖွဲ့တွေလွှတ်တော်ကိုယ်စားလှယ်တွေက ပြည်သူက ရွေးကောက်တင်မြှောက်ထားတဲ့ ပြည်သူကိုယ်စားပြုတဲ့လူတွေရှိနေတဲ့ ဒီလိုလွှတ်တော်ထဲမှာ ဒီလိုစကားရပ်ကိုသုံးတာ အရမ်းကို ရိုင်းပါတယ်။ ဒါကြောင့်မို့ဒါဟာ လုံးဝကိုမသုံးသင့်တဲ့အတွက် အစ်မအနေနဲ့ကန့်ကွက်ရ တာဖြစ်ပါတယ်'' ဟု ဒေါ်ကြည်ပြာက ပြောသည်။