images
UN
UN
နိုင်ငံချစ်စိတ် မျိုးချစ်စိတ်နဲ့ တပ်မတော်ကိုထောက်ခံပြီး ပြင်ပစွက်ဖက်လုပ်ဆောင်မှုများကို ဆန့်ကျင်သည့်ဆန္ဒထုတ်ဖော်ပွဲပြုလုပ်
Tuesday, 09 October 2018
မြန်မာနိုင်ငံစစ်မှုထမ်းဟောင်း အဖွဲ့ ရန်ကုန်တိုင်းဒေသကြီး ကြီး ကြပ်ရေးအဖွဲ့ (စည်ပင်အတွင်း) ဥက္ကဋ္ဌဗိုလ်မှူးကြီးကျော်စိုး(ငြိမ်း)က ဦးဆောင်၍ တပ်မတော်ထောက်ခံ ခြင်းနှင့် ပြည်ပစွက်ဖက်လုပ်ဆောင် နေမှုများကို ဆန့်ကျင်သည့် ဆန္ဒ ဖော်ထုတ်ပွဲကို ယမန်နေ့ မွန်းတည့် ၁၂ နာရီက မရမ်းကုန်းမြို့နယ် ၈ မိုင်လမ်းဆုံရှိ မြိုင်ဟေဝန်ပန်းခြံ ရှေ့၌ ပြုလုပ်ခဲ့သည်။
အဆိုပါဆန္ဒဖော်ထုတ်ပွဲသို့ မရမ်းကုန်းမြို့နယ်စစ်မှုထမ်းဟောင်း အဖွဲ့နှင့်ကမာရွတ်မြို့နယ်စစ်မှုထမ်း ဟောင်းအဖွဲ့တို့ ပူးပေါင်းပါဝင် သောအင်အား ၂၅ဝ ကျော်ခန့်ရှိ အဆိုပါမြို့နယ်များအတွင်း စစ်မှု ထမ်းဟောင်းအဖွဲ့ဝင်များနှင့် အရန် အဖွဲ့ဝင်များက ယမန်နေ့မွန်းတည့် ၁၂ နာရီမှမွန်းလွဲ ၁နာရီအထိ ဆန့်ကျင် ဆန္ဒဖော်ထုတ်ကြသည်။ရည်ရွယ်ရေးသားထားသောစာတန်း ပါဗီနိုင်းစဆိုင်းဘုတ်များကိုင်ဆောင် ကာတစ်နာရီခန့်ငြိမ်သက်စွာရပ်တန့် ဆန္ဒဖော်ထုတ်ခဲ့ကြကြောင်း သိရ သည်။
ရန်ကုန်မြို့ မရမ်းကုန်းမြို့နယ် စစ်မှုထမ်းဟောင်းအဖွဲ့ ဥက္ကဋ္ဌ ဒုတိယဗိုလ်မှူးကြီး မင်းဟန်(ငြိမ်း) က'ရန်ကုန်တိုင်းဒေသကြီးအတွင်း မှာ ဆန္ဒဖော်ထုတ်ပွဲဟာ ၁၄ ကြိမ် မြောက်ဖြစ်ပါတယ်။ ကျွန်တော်တို့ က ၄-၁ဝ-၂ဝ၁၆ရက်စွဲနဲ့ထုတ်ပြန် တဲ့ ငြိမ်းချမ်းစွာစုဝေးခြင်းနှင့် ငြိမ်းချမ်းစွာစီတန်းလှည့်လည်ခြင်း ဆိုင်ရာဥပဒေပါပြဋ္ဌာန်းချက်အရ သက်ဆိုင်ရာကို တင်ပြဆောင်ရွက် တာပါ။ ဟောပြောခြင်း၊ ကြွေး ကြော်ခြင်း၊လှုံ့ဆော်ခြင်း၊ စီတန်း လမ်းလျှောက်ခြင်းပြုလုပ်ခဲ့တာမရှိ ခဲ့ပါဘူး။ အေးဆေးတည်ငြိမ်စွာ ရပ်လျက်နဲ့အသံတိတ်ဆန္ဒဖော် ထုတ်ကြတာပါ။
ပါတီနိုင်ငံရေးကင်းတယ်။ ဘယ်အဖွဲ့အစည်းနဲ့မှ မဆိုင်ဘူး မိမိတို့ ကိုယ်ပိုင်ဆန္ဒအရနိုင်ငံ ချစ်စိတ် အမျိုးချစ်စိတ်နဲ့ပါ။ မြန်မာနိုင်ငံဟာ တိကျတဲ့နယ် နိမိတ်ရှိတယ်။ အစိုးရရှိတယ်။ အ ချုပ်အခြာအာဏာရှိတယ်။ ဒါ ကိုထိပါးစော်ကားခံနေရတာ။ အားလုံးလည်းအသိကမ္ဘာတည် သရွေ့ မြန်မာမြေရှိမယ်။ မြန်မာမြေ ရှိရင် မြန်မာနိုင်ငံရှိတယ်။ မြန်မာ တပ်မတော်ရှိရင်ကျွန်တော်တို့ စစ်မှု ထမ်းဟောင်းဆိုတာရှိနေမယ်။နိုင်ငံ ရဲ့အကျိုးတိုင်းရင်းသားတို့ရဲ့အကျိုး ကိုတော့တပ်မတော်နဲ့အတူ ထာဝရ တာဝန်ထမ်းဆောင်နိုင်ဖို့အမြဲအသင့် ရှိနေမယ်ဆိုတာပါပဲ''ဟုပြောသည်။