images
UN
UN
မိုးဒေဝါသို့ ပန်ကြားလွှာ (ကဗျာ)
ဖိုးရန်နိုင်(ကျောက်ကြီး) Tuesday, 09 October 2018
* မရိုးစည်သံ မိုးထက်ညံအောင်
ရွာဟန်မာန်တင်း သိကြားမင်းစံရာ
ဝတိံသာက မြူးကာဆင့်ဆင့်
သွန်းသည်နှင့်သာ မိုးဝသန်ခါ ရောက်ပြီလေး။
* ရွှေမိုးဒေဝါ ပြည်မြန်မာတွက်
ဝမ်းစာစပါး အားထားစရာ
လေးထားကာဖြင့် ရွာသော်ဝမ်းသာ
ကြိုဆိုပါသည် မြန်ပြည်တစ်ခွင် မြူးရွှင်လေး။
* မိုးမှန်ပျိုးမှန် ရှင်သန်စပါး
စားရန်ရိက္ခာ ဝမ်းစာပိုလျှံ
လှူရန်အမှု သားရှင်ပြုရေး
ထောက်ကူပေးပါ သာဓုကြိုကာ ခေါ်ပါသလေး။