images
UN
UN
တာမွေတွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ပြည်သူလူထုအခြေပြုရွေ့လျားဆေးခန်းဖွင့်လှစ်
နိုင်လင်းအောင်(တာမွေ) Wednesday, 10 October 2018
တာမွေမြို့နယ်အတွင်းရှိ ရပ်ကွက်နေပြည်သူများ ရောဂါ ဘယကင်းဝေးပြီး ကျန်းမာသန်စွမ်းသည့် လူ့စွမ်းအားအရင်းအမြစ် များ ဖြစ်ပေါ်ထွန်းလာစေရန်ရည်ရွယ်၍ မြို့နယ်ပြည်သူ့ကျန်းမာ ရေးဦးစီးဌာနက တာမွေမြို့နယ်အတွင်းရှိ ရပ်ကွက်များတွင် ပြည်သူ လူထုအခြေပြု ရွေ့လျားဆေးခန်းများဖွင့်လှစ်၍ ကျန်းမာရေး စောင့်ရှောက်မှုများ ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့နံနက် ၁ဝ နာရီကလည်း ရန်ကုန်တိုင်းဒေသကြီး ရန်ကုန်အရှေ့ပိုင်းခရိုင် တာမွေ မြို့နယ် တာမွေကြီး(ခ)ရပ်ကွက် အရှေ့မြင်းပြိုင်ကွင်းလမ်းရှိ တာမွေ ဓမ္မာရုံတွင် ပြည်သူလူထုအခြေပြုရွေ့လျားဆေးခန်းဖွင့်လှစ်၍ ရပ် ကွက်နေပြည်သူများအား သွေးပေါင်ချိန်ပေးခြင်း၊ ဆီးချို၊ သွေးချို စစ်ဆေးပေးခြင်း၊ လိုအပ်သည့် ဆေးဝါးများအား ထောက်ပံ့ပေး ခြင်း၊ ကိုယ်ဝန်ဆောင်မိခင်များအား လိုအပ်သည့်ကျန်းမာရေး စောင့်ရှောက်မှုများ ဆောင်ရွက်ပေးခြင်း၊ အသက်ငါးနှစ်အောက် ကလေးငယ်များအား ဖြည့်စွက်အာဟာရမှုန့်ထုပ်ပေးခြင်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။