images
UN
UN
မယ်စဲ့တွင် ငါးနှစ်အောက်ကလေးငယ်များအား ပုံမှန်ကျန်းမာရေးစောင့်ရှောက်မှုပေး
ဝတ်ရည်(မယ်စဲ့) Wednesday, 10 October 2018
ကယားပြည်နယ် ဘောလခဲ ခရိုင် မယ်စဲ့မြို့နယ်တွင် မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ အသက်ငါးနှစ်အောက် ကလေး ငယ်များ အာဟာရပြည့်ဝစေရေး၊ ကိုယ်ခန္ဓာဖွံ့ဖြိုးကြီးထွားစေရေး အတွက် ကျန်းမာရေးစောင့်ရှောက် မှုပေးခြင်းလုပ်ငန်းကို ယနေ့ နံနက် ၉ နာရီက မြို့နယ်ပြည်သူ့ဆေးရုံ ၌ ပြုလုပ်ခဲ့ရာ သားဖွားဆရာမ ဒေါ်ခရစ္စတင်းဦးနှင့် ဒေါ်စန္ဒာဦး တို့က မြောက်ပိုင်းရပ်ကွက်နှင့် တောင်ပိုင်းရပ်ကွက်မှ အသက်ငါး နှစ်အောက်ကလေးငယ်များအား ကိုယ်အလေးချိန် ချိန်ပေးခြင်း၊ လက်မောင်းပတ်တိုင်းပေးခြင်းများ ပြုလုပ်ခြင်းနှင့် မုန့်များဝေငှပေး ခဲ့ကြောင်း သိရသည်။