images
UN
UN
လူငယ်တွေအတွက်လူနေမှုဘဝ မြှင့်တင်မှုသင်တန်းတွေပို့ချဦးမည့် နန်းခင်ဇေယျာ
ကိုလင်း Wednesday, 10 October 2018
အလှမယ်တစ်ဦးအဖြစ်ကနေ သရုပ်ဆောင်တစ်ဦး အဖြစ်ရောက်ရှိခဲ့တဲ့ နန်းခင်ဇေယျာအနေဖြင့် ပရဟိတ လုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်ခဲ့သူ တစ်ဦးဖြစ်ခဲ့ပြီး ယခုဆိုလျှင် လူငယ်များအတွက် လူနေမှုဘဝနေထိုင်မှု ပုံစံများနှင့် ပတ်သက်ပြီး သင်တန်းများဖွင့်လှစ်သွားမည် ဟု သိရသည်။ ယင်းအနေဖြင့် ပရဟိတတစ်ဖက် အနုပညာတစ်ဖက်ဘက်မျှအောင် လုပ်ဆောင်နေသူ လည်းဖြစ်သည်။

လတ်တလောတော့ အခုရုံတင် နေတဲ့''တည်ကြက်''ရုပ်ရှင်ကားမှာ အလှအပကြိုက်တဲ့ မိန်းကလေးတစ် ယောက်အနေနဲ့ပါရပါတယ်။ ဒီ ကားထဲမှာ နန်းခင်တစ်ခါမှ မရိုက် ဖူးသေးတဲ့ကာရိုက်တာပေါ့၊အောက် ခြေဇာတ်ရုပ်ပေါ့ ဒီကားထဲမှာ ဝတ် ရမယ့်အဝတ်အစားကအစ ဦးဆာ မိက သေချာပြောပြတယ်ကာလာ ကိုလည်း တစ်ကားလုံးအနီဝတ် ရမယ်ဆိုပြီး ပြောလာလို့သေချာ လေးပြင်ဆင်ထားပါတယ်။ အနု ပညာရှင်တွေများတော့ သူတို့ဆီက ပညာတွေအများကြီးရတယ်။ အနု ပညာညီအစ်မတွေ စုံစုံညီညီနဲ့ရိုက် ရတာပျော်စရာအမှတ်တရပါပဲ။နန်းခင်က ဇာတ်ကမ်းလှမ်းလာတဲ့ အပေါ်မူတည်ပြီး ရိုက်ပါတယ်။ ကိုယ်တွေက ဇာတ်ရွေးပိုင်ခွင့်မရှိ ဘူးလေ။ အဲဒီတော့ အကောင်းဆုံး တွေ တော့ပြင်ဆင်ခဲ့ပြီး ရိုက်ခဲ့ပါ တယ်''ဟု ပြောသည် ။
သူ့အနေဖြင့်ဂီတဘက်ကိုလည်း အခြေချဖို့ပြင်ဆင်နေကြောင်း၊ ထို့ ကြောင့် တေးသီချင်းများစုစည်းနေ ပြီး တစ်ကိုယ်တော်ခွေထွက်နိုင်ရန် ပြင်ဆင်နေကြောင်းသိရသည် ။
နန်းခင်ကmusic ဆိုရင်ဆူညံ ပေါက်ကွဲတာတွေမကြိုက်ဘူး Pop ချိုချိုလေးတွေကြိုက်တာပါ။ ဂီတ ဘက်လားသီတင်းကျွတ်မှာ သီချင်း တွေဆိုဖို့ရှိပါတယ်။ ဒီထက်မက အနုပညာနဲ့ပတ်သက်လာရင် ဂရု စိုက်ပြီး သေသေချာချာလေးကြိုး စားသွားပါမယ်။ နန်းခင်အခုသင် တန်းလေးတစ်ခုသင်ပေးနေပါတယ်။လူငယ်တွေအတွက် လူနေမှုဘဝမြှင့် တင်မှုသင်တန်းပေါ့နော်။အကြောင်း အရာတွေကတော့ လူတွေကြားထဲ ပြောဆိုတာတွေ ယုံကြည့်မှုရှိရှိဆို တတ်ဖို့၊ အလုပ်နဲ့ပတ်သက်တဲ့ အင်တာဗျူးဖြေဆိုပုံ၊အလုပ်လျှောက် လွှာရေးနည်း၊ လူအများကြားမှာ မဖြစ်မနေသိထားသင့်တဲ့ကျင့်ဝတ် စည်းကမ်း၊ နေ့စဉ်ထသွားထလာ မိတ်ကပ်လိမ်းနည်းFashion ကျကျ၊smart ကျကျ၊ Confidence ရှိရှိ လမ်းလျှောက်နည်းတွေကို နန်းခင် က ပျော်စရာအစီအစဉ်လေးတွေနဲ့ သင်ကြားပေးတာပါ''ဟု ထပ်မံ ပြောဆိုခဲ့သည်။