images
UN
UN
ကိုယ့်ကိုကမ်းလှမ်းတဲ့ကာရိုက်တာပေါ်မှာပဲ ကြိုးစားဖြစ်တာများပါတယ်ဆိုတဲ့ သရုပ်ဆောင် မေမြင့်မိုရ်
သွန်းလေး Wednesday, 10 October 2018
ရုပ်ရှင်သရုပ်ဆောင်မေမြင့်မိုရ်အနေ ဖြင့် ဇာတ်ကားများရိုက်ကူးရာတွင် ကိုယ့် ဆီသို့ကမ်းလှမ်းသည့်ကာရိုက်တာပေါ်မှာ ပဲ ကြိုးစားဖြစ်ပါတယ် ဆိုပြီးပြောပြခဲ့ သည်။
''ကလေးအမေပေါ့။ကြောက်လည်း ကြောက်တတ်တယ်။ မဟုတ်မခံစိတ် ရှိတယ်။ အလင်းရောင်နဲ့လင်မယားပေါ့။ဒီကားကို လွန်ခဲ့တဲ့ သုံးလလောက် ကတည်းကကမ်းလှမ်းထားတာ။ မိန်း ကလေးထုကို ကိုယ်စားပြုထားတယ် ဆိုတော့ ထူးထူးခြားခြားလေးဖြစ် မယ်ထင်တယ်။ ပင်လည်းပင်ပန်း တယ်။ အများကြီးလည်းလုပ်ရတယ် ဆိုတော့ကြိုက်ပါတယ်။ အရမ်းရိုက် ချင်တာထက် ကိုယ့်ကိုကမ်းလှမ်းတဲ့ ကာရိုက်တာပေါ်မှာပဲ ကြိုးစားဖြစ်တာများပါတယ်''ဟုပြောသည်။
လက်ရှိတွင် အလျှံပယ်ရုပ်ရှင်ဇာတ်ကားအား ဒါရိုက်တာစတီး (ဒွေးမေတ္တာ)၊ ထွန်းထွန်း၊ အလင်းရောင်၊ခင်လှိုင်၊ကျော်ထူး၊ ဇင်ဝိုင်း၊ခိုင် သင်းကြည်၊ သက်မွန်မြင့်၊ အေးမြတ်သူ၊ ရွှေသမီးတို့ နှင့်ရိုက်ကူး နေပြီးကြောက်ကြောက်ကြောက်(၂)နှင့်ပုဂံနှင့်ထားဝယ်မြို့များတွင် ရုပ်ရှင်ရိုက်ကူးသွားရန်ရှိကြောင်း သိရသည်။