images
UN
UN
ဂီတသင်တန်း ဆယ်စုနှစ်ကျော်အတွင်း Lဆိုင်းဇီ ဘာတွေပြောင်းလဲသွားလဲ
အလင်း Wednesday, 10 October 2018
ဂီတလောကထဲကို၂ဝဝ၄ ခုနှစ်ကစတင်ဝင်ရောက်ခဲ့ပြီး၊ အသက် ၁၇ နှစ်အရွယ်နှင့် အဆိုတော်အဖြစ်ခံယူခဲ့သူ သူ့၏အောင် မြင်ခဲ့သည့် တေးသီချင်းကဖြင့် ''မိုးရာသီ''စီးရီးထဲက ''လှည့်ကြည့်ပါဦး'' သီချင်း က ပရိသတ်ရင်ကို ထိရောက်စေခဲ့သောတေးသီချင်းတစ်ပုဒ်ဖြစ်ခဲ့ပြီး Lဆိုင်းဇီအနေနှင့် ကချင်တိုင်းရင်းသားထုတစ်ရပ်လုံးသာမက မြန်မာ တစ်ပြည်လုံးအတိုင်းအတာအထိ ပျံ့နှံ့ပေါက်ရောက်အောင်မြင်ခဲ့သူတစ် ဦးလည်းဖြစ်ခဲ့သည်။

''အဒေါ်ရဲ့ သီချင်းတွေကို အဒေါ်နဲ့အတူ ပြန်ပြီးသီဆိုဖို့ ရှိပါ တယ်။ နှစ်မကုန်ခင်တွေ့ရမှာပါ၊ အန်တီအယ်လ်ခွန်းရီ အောင်မြင်ခဲ့တဲ့ ၊ချစ်ဓါးပြလေး၊မှားလား၊ စစ်ပွဲတော် ည စတဲ့ သူ့ရဲ့ သီချင်းတွေကို ပြန် ဆိုပြီး MTV အဖြစ်လည်း ရိုက်ပြီ ဆိုတော့ အခု The Sun Music ကနေ ဖြန့်မှာပါ ၊ ရိုက်ကူးပေးကြ တာလည်း ကိုမောင်မောင်သန်း၊ MRTV-4က လည်းရိုက်ပေးတယ် တက်သစ်စလူငယ်ဒါရိုက်တာတွေ လည်းပါကြပါတယ် ဆိုတော့အရင် ဆုံးညီမလေးကိုယ်တိုင် သီဆိုထား တဲ့''လွန်းကျင်ငှက်'' ဆိုတဲ့ သီချင်း လေးတစ်ပုဒ်ကို ပရိသတ်အတွက် အမြည်းသဘောလေးအနေနဲ့ တင်ဖို့ ရှိပါတယ် ဒီတစ်ပတ်အတွင်းမှာ ပါပဲ၊ အမှန်အတိုင်းပြောရရင်တော့ အောက်တိုဘာ၂၇ရက်ကLဆိုင်းဇီရဲ့ မွေးနေ့ဖြစ်နေတယ် အဲဒီနေ့ထွက်ချင် တာပေါ့နော်၊ ဒါပေမဲ့အခုခေတ် အခြေအနေအရစီဒီချည်းပဲဆိုအဆင် မပြေဘူး။ရုပ်လေးပါထည့်မှ အဆင် ပြေတာမျိုးဆိုတော့ အွန်လိုင်းမှာ အရင်တင်ပြီးမှပဲ နိုဝင်ဘာမဟုတ် ရင် ဒီဇင်ဘာလ အကုန်လောက် ရုပ်နဲ့အသံတွဲပါတဲ့ အခွေကိုထွက် ဖို့စဉ်းစားထားပါတယ်။ သီချင်းပုံစံ လေးတွေကိုလည်း၊ အကုန်လုံးချိန် ထားတယ်။ အခုဆို အန်တီရဲ့ သီချင်းတွေကို စိတ်တိုင်းကျတိုင် ပင်ပြီးမှ လုပ်ထားတာပါ၊Lဆိုင်းဇီ ၂ဝ၁၆ခုနှစ် ကပြုလုပ်ခဲ့တဲ့ အိပ်မက် ဆုံရာ သီချင်းဆိုပြိုင်ပွဲမှာ ဒိုင်အဖြစ် နဲ့လုပ်တုန်းက အဲဒီပွဲမှာ Winnerဆုရှင်ဖြစ်သွားတဲ့ မိုးသောက်နဲ့ ပြန် ဆိုထားတယ်။ နောက်ထပ် အန်တီ လည်းပါမယ်။ ဘာလို့လည်းဆို သူ့သီချင်းတွေဖြစ်တာမို့ သူကိုယ် တိုင်လည်း ပါဝင်ထားပါတယ်။ နောက်ူဆိုင်းဇီအစ်ကိုဖြစ်တဲ့ ကိုလ အောင်ပါမယ် ၊ အဆိုတော် ငဲငယ် လည်းပါမှာ သီချင်းအားလုံး စုစု ပေါင်း ၁၁ ပုဒ်ပါမယ်စီးရီးနာမည် ကိုလည်း'' မိုးကောင်းကင်ခရီး'' ဆိုပြီး နာမည်ပေးထားပါတယ်။ ဒီသီချင်းလေးကို အရင်က အန်တီ နဲ့ ဦးစိန်လွင်ဆိုခဲ့တယ်။ နောက်ပိုင်း မဟေမာနေဝင်းနဲ့ ဦးညီထွဋ္ဋ်တို့ စုံ တွဲဆိုခဲ့တယ်။ အခုတော့Lဆိုင်းဇီနဲ့ အတူ အစ်ကိုလအောင်နဲ့တွဲဆိုထား ပါတယ်။ပုံစံလေးတော့ပြောင်းသွား မယ်ရှင့်ဂျတ်စ်ပုံစံလေးပေါ့နော်''ဟု ပြောသည် ။
ယခုနောက်ပိုင်းတွင် အဆိုတော် များအနေဖြင့် တေးစီးရီးခွေတစ်ခွေ မှနှစ်ခွေထွက်ပြီးလျှင်ထပ်မံ၍ တေး သီချင်းသစ်များ မဖန်တီးနိုင်သည့် အပေါ်Lဆိုင်းဇီက...
''အင်းအဲ့ဒါတော့ မပြော တတ်ဘူး။ ဒါပေမဲ့Lဆိုင်းဇီအနေဆို အခုပြန်ဆိုတေး လုပ်ဖြစ်တာက လည်းကိုယ့်အဒေါ်ရဲ့ သီချင်းတွေ ကို ပြန်ပြီးပရိသတ်နဲ့ ရင်းနှီးမှု ပြန်ယူတဲ့ သဘောပါပဲဖန်တီးမှု အသစ်တွေချမပြနိုင်လို့တော့မဟုတ် ပါဘူး။ အခုဆိုLဆိုင်းဇီရဲ့ ဖခင်က တေးရေးဆရာ လဇွန်တွဲဝါဆိုတာ အားလုံးသိပြီးသားပါ၊ ချစ်ပြက္ခဒိန်၊ ပင်စင်ယူပါဦး၊ လေယာဉ်ပျံစတဲ့ သီချင်းလေးရေးသူပါ ၊ အဖေရဲ့ရေး ပေးတဲ့ သီချင်းလေးတွေဆိုဖို့ လုပ် နေတယ်။ အခွေတစ်ခွေထပ်ထွက် လာဦးမှာပါ ၂ဝ၁၆ ခုနှစ်လောက် ကလည်း ညီမ ''အစွဲလန်းကြီးသူ'' ထွက်ခဲ့တယ်၊၂ဝ၁၇ မှာ ''အနှိုင်းမဲ့ ကျေးဇူးတော်'' တစ်ကိုယ်တော်ခွေ ထွက်တယ်။ အခု ၂ဝ၁၈မှာလည်း အန်တီသီချင်းခွေထွက်မယ်ဆိုတော့ သိပ်တော့မဝေးသေးဘူး တစ်နှစ် တစ်ခါမထွက်တောင် နှစ်နှစ်တစ် ခွေလောက်တော့ ပုံမှန်လုပ်ဖြစ်မှာပါ၊ ဆိုင်းဇီက၂ဝ၁၃/၂ဝ၁၄လောက်က တော့ပရိသတ်နဲ့ နည်းနည်းအလှမ်း ဝေးသလိုဖြစ်သွားခဲ့တာတော့ရှိတာ ပေါ့ ''ဟု ထပ်မံပြောဆိုခဲ့ကြောင်း သိရသည်။