သားအိမ်ခေါင်းကင်ဆာအကြိုအဆင့် ကျန်းမာရေးစောင့်ရှောက်မှု
ရှာဖွေစစ်ဆေး ကျန်းမာရေးအသိပညာပေးဟောပြော
မောင်ပြည်သူ
Wednesday, 10 October 2018
မန္တလေးတိုင်းဒေသကြီး အမျိုးသမီးကော်မတီမှကြီးမှူး၍ အမျိုးသမီးများအား သားအိမ်ခေါင်းကင်ဆာအကြိုအဆင့် ရှာဖွေစစ်ဆေးခြင်းနှင့် အသိပညာပေး ဟောပြောပွဲကို ယမန်နေ့နံနက် ၉နာရီက မန္တလေးခရိုင် အမရပူရမြို့ ပြည်သူ့ ဆေးရုံတွင်ကျင်းပသည်။ အခမ်းအနားတွင် မန္တလေးတိုင်းဒေသကြီး အမျိုးသမီး ကော်မတီနာယက ဒေါက်တာယုယုမေက သားအိမ်ခေါင်းကင်ဆာရောဂါဖြစ်ပွား နိုင်သည့်အခြေအနေများ ကာကွယ်ကုသနိုင်မှုများအား ရှင်းလင်းပြောကြားသည်။
ထို့နောက် မန္တလေးဗဟိုအမျိုးသမီးဆေးရုံကြီး သားဖွားမီးယပ်အထူးကု ဆရာဝန်ဒေါက်တာစန္ဒာမျိုးအောင်က သားအိမ်ခေါင်းကင်ဆာအကြောင်း ဆောင်ရန် ရှောင်ရန်များကို ကျန်းမာရေးပညာပေးဟောပြောသည်။ ဆက်လက်၍ တိုင်းဒေသ ကြီး အမျိုးသမီးကော်မတီနာယကနှင့်အဖွဲ့သည် သားအိမ်ခေါင်းကင်ဆာအကြို ရှာဖွေစစ်ဆေးပေးနေသော ကျန်းမာရေးဝန်ထမ်းများနှင့် လာရောက်အစစ်ခံသူများ ကိုအားပေးပြီး ဆေးရုံအတွင်းရှိ မွေးလူနာများကို အားပေးခဲ့သည်။
သားအိမ်ခေါင်းကင်ဆာသည် မြန်မာနိုင်ငံတွင်အဖြစ်များပြီး အကြိုအဆင့် ရောဂါရှာဖွေစစ်ဆေးပြီး ကြိုတင်ကာကွယ်နိုင်ကြောင်း ကင်ဆာဖြစ်ပြီးမှကုသပါက ငွေကုန်များပြီး လူမှုဒုက္ခခံစားရသည်။ ရောဂါရှာဖွေစစ်ဆေးမှုတွင် အမရပူရမြို့နယ် အတွင်းမှ ၁၈၈ ဦးကို စစ်ဆေးပေးခဲ့ကြောင်း သိရသည်။