images
UN
UN
ရခိုင်ပြည်နယ်အရေးအား ပွင့်လင်းမြင်သာမှုရှိစွာ ဆောင်ရွက်မည်ဖြစ်ကြောင်း ကတိပြုဟုဆို
NG Wednesday, 10 October 2018
ရခိုင်ပြည်နယ်အရေးနှင့်ဆိုင် သောအကြောင်းအရာများကိုပွင့် လင်းမြင်သာမှုရှိစွာဆောင်ရွက်မည် ဟု မြန်မာနိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ်က ဂျပန်နိုင်ငံတွင် ကတိပေး ပြောကြားမှုများ ပြုလုပ်ခဲ့ကြောင်း ဂျပန်တိုင်းမ်သတင်းဌာနက ဖော်ပြ သည်။
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် က ''ရခိုင်ပြည်နယ်အရေးအပါ အဝင် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေ နဲ့ဆိုင်တဲ့အကြောင်းအရာတွေမှာ စိန်ခေါ်မှုတွေ ရင်ဆိုင်နေရတာကို ပွင့်ပွင့်လင်းလင်းချပြလို့ရပါတယ်။ မိတ်ဆွေနိုင်ငံတွေကို ဒီဖြစ်စဉ်တွေ နဲ့ပတ်သက်တဲ့ အကြောင်းအရာ တွေနဲ့ပတ်သက်ပြီး ဖုံးကွယ်ထား စရာမရှိပါဘူး။ ငြိမ်းချမ်းရေး၊ အမျိုးသားပြန်လည်သင့်မြတ်ရေး၊ နိုင်ငံတော်တည်ငြိမ်ရေး၊ ဥပဒေ စိုးမိုးရေး၊ လူ့အခွင့်အရေးချိုးဖောက် မှုများကင်းစင်ရေးစတဲ့ အကြောင်း အရာတွေဟာ မြန်မာနိုင်ငံထဲကို နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေ ဝင် ရောက်လာအောင် ဆွဲဆောင်ချင် တယ်ဆိုရင် ဒါမှမဟုတ် စီးပွား ရေးအခွင့်အလမ်းသစ်တွေ ဖန်တီး ချင်တယ်ဆိုရင် အရေးကြီးတဲ့ အကြောင်းအရာတွေဖြစ်တယ်လို့ နားလည်သဘောပေါက်ထားပြီးဖြစ် ပါတယ်''ဟုလည်း ပြောကြားခဲ့ သည်။ မြန်မာအစိုးရသည် ပြည်ပ သံတမန်ဟောင်းများပါဝင်သည့် ရခိုင်ပြည်နယ်စုံစမ်းစစ်ဆေးရေး ကော်မရှင်အနေဖြင့် လွတ်လပ် သည့်စုံစမ်းစစ်ဆေးမှုများ စတင် ပြုလုပ်နေပြီဟု သတင်းထုတ်ပြန် ခဲ့ပြီးဖြစ်သည်။