images
UN
UN
ဘိုင်ယန်မြူးနစ်၏နည်းပြသစ်လျာထားစာရင်းတွင် ဇီဒန်းပါဝင်လာ
Wednesday, 10 October 2018
ဘိုင်ယန်မြူးနစ်သည် ကိုဗက် ၏နေရာတွင် အစားထိုးမည့်နည်းပြ စာရင်း၌ ဇီဒန်းအား ထည့်သွင်း ထားကြောင်း သိရသည်။ ဘိုင်ယန် မြူးနစ်သည် လက်ရှိတွင် ဘွန် ဒက်စ်လီဂါပွဲစဉ်ခုနစ်ပွဲကစားပြီး ချိန်၌ အဆင့်(၆)နေရာသို့ ရောက် ရှိနေသည်။ ထို့ကြောင့် နည်းပြ အပြောင်းအလဲလုပ်ရန် စဉ်းစား လာခြင်းဖြစ်သည်။
ဘိုင်ယန်မြူးနစ်အသင်းလိုချင် သော နည်းပြစာရင်းတွင် ဇီဒန်း အပြင် ပီအက်စ်ဂျီနည်းပြဟောင်း လောရင့်ဘရန့်နှင့် အာဆင်နယ် နည်းပြဟောင်းအာစင်ဝင်းဂါးတို့ လည်း ပါဝင်နေသည်ဟု သိရ သည်။ ဂလက်ဘတ်အား သုံးဂိုး ပြတ်ဖြင့် အိမ်ကွင်းတွင်ရှုံးနိမ့်ပြီး နောက် ဘိုင်ယန်ဥက္ကဋ္ဌက ကိုဗက် ကိုထောက်ခံကြောင်း ဖွင့်ဟခဲ့ သော်လည်း ဘုတ်အဖွဲ့က ၄င်း၏ နေရာတွင် နည်းပြသစ်ဖြင့်အစား ထိုးရန် လိုအပ်နေပြီဖြစ်ကြောင်း ဆုံးဖြတ်ခဲ့သည်ဟု သိရသည်။
Ref ;RMC Sport