images
UN
UN
ကိုကိုရင်နှင့် မာရက်ဗ်တို့ အရေးယူမှုခံရဖွယ်ရှိနေ
Wednesday, 10 October 2018
ရုရှားလက်ရွေးစင်ကစားသမား များဖြစ်သော ကိုကိုရင်နှင့်မာရက်ဗ် တို့သည် ကော်ဖီဆိုင်တွင်ဖြစ်ပွား ခဲ့သည့်ရန်ပွဲ၌ ပါဝင်ခဲ့သောကြောင့် အရေးယူမှုခံရဖွယ်ရှိနေကြောင်း သိရသည်။ ပြီးခဲ့သော တနင်္လာ နေ့က မော်စကိုမြို့ရှိ ကော်ဖီဆိုင် တွင် အဆိုပါကစားသမားနှစ်ဦး က လူတစ်ဦးကို ခုံဖြင့်ရိုက်ခဲ့သည့် မှတ်တမ်းများ ထွက်ပေါ်လာခဲ့ သည်။ ထို့ကြောင့် အင်္ဂါနေ့တွင် ၄င်းတို့နှစ်ဦးကို ဖမ်းဆီးမှုပြုလုပ် ခဲ့သည်ဟု သိရသည်။ ဇင်းနစ် တိုက်စစ်မှူး ကိုကိုရင်၏အပြုအမူ အတွက် အံ့အားသင့်မိသည်ဟု အသင်းက ဖွင့်ဟခဲ့ပြီး ခရက်စ်နို ဒါကွင်းလယ်လူမာရက်ဗ်ကိုလည်း အသင်းကစာချုပ်ဖျက်သိမ်းဖွယ် ရှိသည်။ Ref ;Reuters