images
UN
UN
နည်းပြဗန်တူရာကို ချီယေဗိုက နှစ်နှစ်စာချုပ်
Wednesday, 10 October 2018
အီတလီစီးရီးအေကလပ် ချီ ယေဗိုအသင်းသည် အီတလီလက် ရွေးစင်နည်းပြဟောင်း ဗန်တူရာ အား နှစ်နှစ်စာချုပ်ဖြင့် ခန့်အပ် လိုက်ပြီဖြစ်ကြောင်း သိရသည်။ ချီယေဗိုအသင်းသည် ယခုရာသီ တွင် ရလဒ်ဆိုးရွားနေပြီး လေးပွဲ ဆက်တိုက်ရှုံးနိမ့်ခဲ့ခြင်းကြောင့် နည်းပြလိုရန်ဇိုအား ထုတ်ပယ်ခဲ့ သည်။ ထို့နောက် ချက်ချင်းပင် ဗန်တူရာအား ခန့်အပ်ကြောင်း အတည်ပြုချက်ထုတ်ပြန်နိုင်ခဲ့ခြင်း လည်းဖြစ်သည်။ ဗန်တူရာသည် ၂ဝ၁၇ နိုဝင်ဘာတွင် အီတလီ လက်ရွေးစင်နည်းပြအဖြစ်မှ ထုတ် ပယ်ခံရပြီးနောက် ပထမဆုံးပြန် လည်ကိုင်တွယ်မှုဖြစ်ခဲ့ပြီး အတ္တ လန္တာနှင့် စတင်ရင်ဆိုင်ရမည်ဖြစ် သည်။Ref ;Four Four Two