images
UN
UN
နိုင်ငံရေးစီမံခန့်ခွဲမှုဆင့်ပွားသင်တန်း ဖားကန့်တွင်ဖွင့်လှစ်
ဝင်းအောင်(မိုးကောင်း) Thursday, 11 October 2018
ကချင်ပြည်နယ် ဖားကန့်မြို့ နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီကကြီးမှူး၍ နိုင်ငံ ရေး စီမံခန့်ခွဲမှုဆင့်ပွားသင်တန်း အမှတ်စဉ်(၃/၂ဝ၁၈) ဖွင့်ပွဲကို ယနေ့နံနက် ၉ နာရီခွဲက လီဒို လမ်းမကြီးဘေး ပါတီစည်းရုံးရေး နယ်မြေ လဝါးကျေးရွာရှိ ကျေးရွာ ပါတီဥက္ကဋ္ဌ ဦးလဝါးဇော်မိုင်၏ နေအိမ်၌ကျင်းပရာ သဘာပတိ အဖြစ် မြို့နယ်ပါတီဥက္ကဋ္ဌ ဦးအင် ဖရောင်းဂမ်က အမှာစကားပြော ကြားပြီး မြို့နယ်ပါတီအတွင်းရေး မှူး ဦးထွန်းမြင့်က သင်တန်းဖွင့် လှစ်ရခြင်းရည်ရွယ်ချက်များနှင့် ပို့ချပေးမည့် ဘာသာရပ်များကို အသိပေးရှင်းလင်းပြောကြားသည်။
သင်တန်းသို့ ကျေးရွာများမှ ကျေးရွာပါတီကော်မတီဝင်များနှင့် ပါတီဝင်များ စုစုပေါင်း ၆၅ ဦး တက်ရောက်ကြပြီး သင်တန်း ကာလမှာ ယနေ့မှ ယခုလ ၁၃ ရက်အထိဖြစ်ကြောင်း သိရသည်။