images
UN
UN
ဘောလခဲတွင် လူငယ်ရေးရာနှင့် အမျိုးသမီးရေးရာအဖွဲ့ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ
မမောင်(ချိကယ်သူ) Thursday, 11 October 2018
ကယားပြည်နယ် ဘောလခဲ မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေး နှင့်ဖွံ့ဖြိုးရေးပါတီရုံးတွင် ယနေ့ နံနက် ၁ဝ နာရီမှ ၁၁ နာရီခွဲအထိ လူငယ်ရေးရာနှင့် အမျိုးသမီး ရေးရာအဖွဲ့ခေါင်းဆောင်များနှင့် အတူ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပသည်။
ပထမဦးစွာ ဘောလခဲမြို့နယ် ပြည်ခိုင်ဖြိုးပါတီ ဥက္ကဋ္ဌ(ပြည်နယ် လွှတ်တော်ကိုယ်စားလှယ်)ဦးစိုးရယ် ကလမ်းညွှန်အမှာစကားပြောကြား သည်။
ယင်းနောက်တက်ရောက်လာ ကြသော မြို့နယ်ကော်မတီဝင်များ လူငယ်ရေးရာနှင့် အမျိုးသမီးရေး ရာအဖွဲ့ခေါင်းဆောင် အသီးသီး တို့က ဗဟိုအမျိုးသမီးညီလာခံ ကျင်းပနိုင်ရေးနှင့် လူငယ်များ ကိုယ်စီတာဝန်ထမ်းဆောင်နိုင်ရေး အတွက်ရှေ့ဆက်လုပ်ဆောင်ရမည့် ပါတီလုပ်ငန်းများအား အသေးစိတ် ဆွေးနွေးကြသည်။
ယင်းအစည်းအဝေးသို့ ဘော လခဲမြို့နယ် ပြည်ခိုင်ဖြိုးပါတီ ဥက္ကဋ္ဌ(ပြည်နယ်လွှတ်တော်ကိုယ် စားလှယ်)ဦးစိုးရယ်၊ အတွင်းရေး မှူးဦးဟန်ထူးနှင့် မြို့နယ်ကော်မတီ ဝင်များ၊ ရပ်ကျေးပါတီအမျိုးသမီး ရေးရာနှင့် လူငယ်ရေးရာခေါင်း ဆောင်များ စုစုပေါင်းအင်အား ၁၆ ဦး တက်ရောက်ခဲ့ကြောင်း သိရ သည်။