images
UN
UN
မြန်မာ့လူငယ်အလေးမအားကစားမယ်မဇင်မေဦး ၄၈ ကီလိုတန်းတွင် ပထမဦးဆုံးရွှေတံဆိပ်ဆုရရှိ
Thursday, 11 October 2018
ထိုင်းနိုင်ငံ (ဘန်ကောက်မြို့) တွင် ယမန်နေ့မှ ယခုလ ၁၅ရက် အထိကျင်းပသော 2nd EGAT King's Cup 2018 အလေးမပြိုင်ပွဲ သို့ မြန်မာနိုင်ငံအလေးမအဖွဲ့ချုပ် ဦးမျိုးမင်း(ဒိုင်လူကြီး)ဦးဆောင် ကာ နည်းပြနှစ်ဦး၊ ကစားသမား အမျိုးသားနှစ်ဦး၊ အမျိုးသမီးနှစ်ဦး စုစုပေါင်းခုနစ်ဦးတို့ သွားရောက် ယှဉ်ပြိုင်လျက်ရှိရာ ယမန်နေ့က ပြိုင်ပွဲပထမနေ့တွင် JUNIOR WO MEN ကီလိုတန်းပြိုင်ပွဲ ၌ မြန်မာမှ မဇင်မေဦးက ပြိုင်ပွဲ၏ ပထမဦးဆုံးရွှေတံဆိပ်ဆုကို ဆွတ် ခူးရရှိခဲ့သည်။
အဆိုပါ JUNIOR WO MEN ကီလိုတန်းပြိုင်ပွဲ Group (A) မှ ရှစ်ဦး နှင့် Group (B) ၁၃ဦး စုစုပေါင်း ၂၁ ဦးက နိုင်ငံပေါင်း ၁၅နိုင်ငံ ဝင်ရောက်ယှဉ်ပြိုင်ကြရာ မြန်မာမှ ဇင်မေဦးက အမြန်မနှင့် နှစ်ဆင့်မ နှစ်ခုစလုံးတွင် ရမှတ် ၁၇၅ ကီလိုဖြင့် ပထမရွှေတံဆိပ် ဆုကိုလည်းကောင်း၊ ရမှတ် ၁၆ဝ ကီလိုဖြင့် ဒုတိယ အင်ဒိုနီးရှားနိုင်ငံ မှလည်းကောင်း၊ ရမှတ် ၁၅ဝကီလို ဖြင့် တတိယ ဖိလစ်ပိုင်နိုင်ငံမှ လည်းကောင်း အသီးသီးရရှိသွား သည်။ ယနေ့အမျိုးသား ၆၂ ကီလို တန်းမှ ကောင်းဆက်နိုင်နှင့်(+၁ဝ၅) ကီလိုတန်းမှ ရန်မျိုးကျော်တို့ ဆက်လက်ယှဉ်ပြိုင်မည်ဖြစ်ကြောင်း သိရသည်။