images
UN
UN
အမေရိကန်ရွေးကောက်ပွဲကျင်းပသည့်နေ့တွင် ဗုံးခွဲရန် ကြံစည်ထားသူအား ဖမ်းဆီးထိန်းသိမ်း
Thursday, 11 October 2018
လာမည့်လအတွင်း၌
ကျင်းပမည့်အမေရိကန်ကြားဖြတ်ရွေးကောက်ပွဲတွင် ဗုံးခွဲရန် ကြံစည်ထားသူအား ဖမ်းဆီးထိန်းသိမ်းနိုင်ခဲ့ကြောင်း ဘီဘီစီသတင်းဌာနကဖော်ပြသည်။ ဝါရှင်တန်မြို့တော် ရဲတပ်ဖွဲ့၏ သတင်းထုတ်ပြန်ချက်အတွင်း၌ ပေါလ်ရိုဆန်ဖီးလ်ဆိုသူ အား ပေါင် ၂ဝဝ ခန့်ရှိသော ဖောက်ခွဲရေးပစ္စည်းများနှင့်အတူ ဖမ်းဆီးထိန်းသိမ်းနိုင် ခဲ့ကြောင်း၊ ¤င်းသည် နိုဝင်ဘာ ၆ ရက်တွင် ကျင်းပမည့် အမေရိကန်ကြားဖြတ်ရွေး ကောက်ပွဲအား အနှောင့်အယှက်ပေးရန် ရည်ရွယ်ပြီး ဗုံးခွဲရန်ကြံစည်နေခြင်းဖြစ်ကြောင်း၊ ဝါရှင်တန်မြို့ရှိ အထင်ကရအဆောက်အအုံတစ်ခုတွင် အသေခံဗုံးခွဲရန် ကြံစည်ထားသူ ဖြစ်ကြောင်းတွေ့ရှိခဲ့သည်ဟု ဖော်ပြသည်။ အမေရိကန်ဖက်ဒရယ်ထောက်လှမ်းရေးဗျူရို ၏ ပြောရေးဆိုခွင့်ရှိသူကလည်း ခိုင်မာသည့်သတင်းပေးများကြောင့် ပေါလ်ရိုဆန်ဖီးလ် အား အချိန်မီဖမ်းဆီးထိန်းသိမ်းနိုင်ခဲ့ခြင်းဖြစ်ကာ ကြီးမားသည့်ထိခိုက်ဆုံးရှုံးမှုများဖြစ် ပေါ်မလာမီ တားဆီးနိုင်ခဲ့ခြင်းဖြစ်ကြောင်းပြောသည်။
NG(Ref; BBC)