images
UN
UN
ဟာရီကိန်းမုန်တိုင်းကြောင့် ဖလော်ရီဒါတွင်ထိခိုက်ဆုံးရှုံးမှုကြီးမားဖွယ်ရှိ
Thursday, 11 October 2018
အမေရိကန်နိုင်ငံ ဖလော်ရီဒါပြည်နယ်သို့ အင်အားပြင်းဟာရီကိန်း မုန်တိုင်းတစ်ခုဝင်ရောက်ခဲ့ခြင်းကြောင့် ထိခိုက်ဆုံးရှုံးမှုကြီးမားဖွယ်ရှိနေ ကြောင်း ဘီဘီစီသတင်းဌာနကဖော်ပြသည်။
မိုက်ကယ်ဟုအမည်ပေးထားသော ဟာရီကိန်းမုန်တိုင်းသည် ယမန်နေ့ မွန်းလွဲပိုင်းမှစတင်ကာ ဖလော်ရီဒါပြည်နယ်သို့ ဝင်ရောက်ခဲ့ခြင်းဖြစ်ပြီး မုန်တိုင်း၏လေတိုက်နှုန်းမှာ တစ်နာရီလျှင် ၁၅၅ မိုင်နှုန်းရှိကြောင်း အမေ ရိကန်ဟာရီကိန်းစောင့်ကြည့်ရေးစင်တာက သတင်းထုတ်ပြန်ခဲ့သည်။ မိုက်ကယ်သည် ဖလော်ရီဒါပြည်နယ်သို့ဝင်ရောက်ခဲ့သည့် မုန်တိုင်းများ ထဲတွင် အင်အားတတိယအပြင်းထန်ဆုံးမုန်တိုင်းဖြစ်နေခြင်းကြောင့် ထိခိုက်ဆုံးရှုံးမှုကြီးမားဖွယ်ရှိနေခြင်းဖြစ်သည်။ မုန်တိုင်းဝင်ရောက်ချိန်မှ စတင်ကာ အပန်းဖြေကမ်းခြေများနှင့် ဆက်စပ်နေသောမြို့များတွင် ရေ လွှမ်းမိုးမှုများဖြစ်ပေါ်ခဲ့သည်။ ထို့အပြင် ကယ်ဆယ်ရေးအဖွဲ့များ၏ ကနဦး ဆောင်ရွက်ချက်များအရ သစ်ပင်များလဲပြိုမှုကြောင့် လူနှစ်ဦးသေဆုံးခဲ့ ကြောင်းတွေ့ရှိခဲ့သည်။ မိုက်ကယ်မုန်တိုင်းဖြတ်သန်းခဲ့သည့် ဗဟိုအမေရိက နိုင်ငံများတွင် မုန်တိုင်းဒဏ်ကြောင့် လူ ၁၃ ဦးသေဆုံးခဲ့သည်။
NG(Ref; BBC)