ကော်ဖီ သို့မဟုတ် လက်ဖက်ရည်ပုံမှန်သောက်သုံးသူများ ဖခင်ဘဝရရှိရန်ဖြစ်နိုင်ခြေမြင့်မား
Thursday, 11 October 2018
အမေရိကန်သိပ္ပံပညာရှင်များနှင့် စကော့တလန်ဆေးပညာရှင်များ ပူးပေါင်းပြုလုပ်ခဲ့သည့်လေ့လာမှုတစ်ရပ်အရ ကော်ဖီ သို့မဟုတ် လက် ဖက်ရည်ပုံမှန်သောက်သုံးသည့်အမျိုးသားများသည် ရင်သွေးရရှိနိုင် စွမ်းမြင့်မားခြင်းကြောင့် ဖခင်ဘဝသို့ရောက်ရှိနိုင်သည့်အလားအလာ ပိုများသည်ဟုတွေ့ရှိခဲ့ကြောင်း ဒေးလီးမေးလ်သတင်းဌာနကဖော်ပြ သည်။
ပြုလုပ်ခဲ့သော လေ့လာမှုများအရ တစ်နေ့လျှင် ကော်ဖီ သို့မဟုတ် လက်ဖက်ရည်အနည်းဆုံးနှစ်ခွက်သောက်သုံးသူများသည် ရင်သွေးရရှိ နိုင်သည့်အခြေအနေများပိုမိုပိုင်ဆိုင်သည်ဟု တွေ့ရှိခဲ့ခြင်းဖြစ်သည်။ ကော်ဖီ သို့မဟုတ် လက်ဖက်ရည်များထဲတွင်ပါဝင်သည့် ကဖင်းဓာတ်သည် ရင်သွေးဖြစ်တည်စေရန်တွန်းအားပေးနိုင်စွမ်းမြင့်မားကြောင်း လေ့လာမှု ပြုလုပ်ရာတွင်ပါဝင်ခဲ့သည့် ဘဲလ်ဖက်စ်တက္ကသိုလ်မှ ပါမောက္ခရှီနာလူးဝစ် ကပြောသည်။ ထို့အပြင် အဆိုပါလေ့လာမှုနှင့်အတူ ပူးတွဲပြုလုပ်ခဲ့သည့် အခြားလေ့လာမှုတစ်ရပ်အရ အရက် သို့မဟုတ် ဘီယာပုံမှန်သောက်သုံး သည့်အမျိုးသမီးများသည် အခြားအမျိုးသမီးများနှင့် နှိုင်းယှဉ်ပါက ရင်သွေး ရနိုင်ခြေ ၂၆ ရာခိုင်နှုန်းနည်းပါးကြောင်းတွေ့ရှိခဲ့သည်။
NG(Ref;Daily Mail)