images
UN
UN
မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်နှင့် JICA တို့ပူးပေါင်း၍ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု မြှင့်တင်ရေးစီမံကိန်းစာအုပ်မိတ်ဆက်
ဝဿန် Thursday, 11 October 2018
မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်နှင့် ဂျပန်အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီတို့ပူးပေါင်း၍ မြန်မာနိုင်ငံရင်းနှီး မြှုပ်နှံမှုမြှင့်တင်ရေး စီမံကိန်းစာအုပ်ကိုရေးသားခဲ့ပြီး ယခုအခါ အဆိုပါ စီမံကိန်းစာအုပ်ကို မိတ်ဆက်လိုက်ပြီဖြစ်ကြောင်း မြန်မာနိုင်ငံရင်းနှီး မြှုပ်နှံမှုနှင့်ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာနမှ သိရသည်။
တာဝန်ယူမှုရှိသော ရင်းနှီးမြှုပ်နှံမှုများ ပိုမိုစီးဝင်လာစေရေးနှင့် လာမည့်နှစ် ၂ဝ အတွင်း ရင်းနှီးမြှုပ်နှံမှုပမာဏ အမေရိကန်ဒေါ်လာ ဘီလီယံ ၂ဝဝ ကျော်ရရှိစေရန် မျှော်မှန်းရေးဆွဲထားသည့် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုမြှင့်တင်ရေး စီမံကိန်းစာအုပ်ဖြစ်ပြီး ရင်းနှီးမြှုပ်နှံမှုရည် မှန်းချက်များကို မဟာဗျူဟာများချမှတ်ကာ လုပ်ငန်းအဖွဲ့များ ဖွဲ့စည်းအကောင်အထည်ဖော်ဆောင်ရွက်သွားမည်ဖြစ်သည်။
အဆိုပါစီမံကိန်းသည် နိုင်ငံတော်အတွက်သာမက ပြည်တွင်းရှိ စီးပွားရေးလုပ်ငန်းများအတွက် များစွာအကျိုးရှိနိုင်မည်ဖြစ်ပြီး စီမံကိန်းအောင်မြင်စေရေးအတွက် သက်ဆိုင်သူများအားလုံးပူးပေါင်း ဆောင်ရွက်လိုကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီး ဌာန ညွှန်ကြားရေးမှူးချုပ် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင် အတွင်းရေးမှူး ဦးအောင်နိုင်ဦးကပြောသည်။