images
UN
UN
စင်ကာပူနိုင်ငံမှပေးအပ်မည့် ပညာသင်ဆုများကိုလျှောက်ထားနိုင်
ခိုင်မာ Thursday, 11 October 2018
စင်ကာပူနိုင်ငံ 'S.Rajaratnam School of International Studies (RSIS)' ပေးအပ်မည့် ၂ဝ၁၉ ပညာသင်နှစ်အတွက် မဟာဘွဲ့နှင့် ပါရဂူဘွဲ့သင်တန်းများကို သတ် မှတ်အရည်အချင်းများနှင့်ပြည့်မီသူ များ သက်ဆိုင်ရာ Website သို့ ဝင်ရောက်လေ့လာ၍ ယှဉ်ပြိုင် လျှောက်ထားနိုင်ကြောင်းအကြောင်း ကြားလာသည်ဟု ကုန်သည်စက်မှု အသင်းချုပ်မှ သိရသည်။
လျှောက်ထားနိုင်သည့်ဘာသာ ရပ်များမှာM.Sc (Asian Studies)၊ M.Sc (International Political Economy) ၊ M.Sc (International Relations) ၊ M.Sc (Strategic Studies) ၊ NTU- Warwick Double Masters Programme နှင့် Ph.D Progra-mme တို့ဖြစ်သည်။
အဆိုပါပညာသင်ဆုများကို သတ်မှတ်အရည်အချင်းများနှင့် ကိုက်ညီသော ကုန်သည်စက်မှု အသင်းချုပ် အလုပ်အမှုဆောင်များ နှင့်ဝန်ထမ်းများ၊ ညီနောင်အသင်းမှ အမှုဆောင်များနှင့် ဝန်ထမ်းများ၊ ကုန်သည်စက်မှုအသင်းချုပ်အသင်း ဝင်ကုမ္ပဏီများ၏ အဖွဲ့ဝင်များ သို့မဟုတ် ဝန်ထမ်းများလျှောက် ထားနိုင်ကြောင်း သိရသည်။
လျှောက်ထားရန်စိတ်ပါဝင်စား ပါက အသေးစိတ်အချက်အလက် များကို www.rsis.edu.sg/gpo သို့ ဝင်ရောက်လေ့လာနိုင်ပြီး အသင်း ချုပ်၏ခွင့်ပြုချက်စာဖြင့် သက်ဆိုင် ရာတက္ကသိုလ်၏ Website တွင် သတ်မှတ်ရက်ထက်နောက်မကျဘဲ လျှောက်ထားနိုင်သည်။
အသင်းချုပ်၏ခွင့်ပြုချက်ရယူ လိုပါက စီမံအုပ်ချုပ်ရေးအရာရှိချုပ် ထံလိပ်မူ၍ ကိုယ်တိုင်ရေးလျှောက် လွှာတစ်စောင်၊ လျှောက်ထား သူ၏ CV ၊ ဓာတ်ပုံ၊ အသင်းဝင် ကတ် မိတ္တူ၊ မှတ်ပုံတင်မိတ္တူတို့ကို ပူးတွဲ၍ အသင်းချုပ်နှင့်ညီနောင် အသင်းများမှအမှုဆောင်၊ ဝန်ထမ်း၊ အသင်းချုပ်၊ အသင်းဝင်ကုမ္ပဏီ များမှအဖွဲ့ဝင် သို့မဟုတ် ဝန်ထမ်း ဖြစ်ကြောင်းထောက်ခံစာတို့နှင့် အတူ လျှောက်ထားနိုင်ကြောင်း ကြေညာထားသည်။