images
UN
UN
ရေနံဈေးနှုန်းများမြင့်တက်မှုကြောင့် လျှပ်စစ်စွမ်းအင်သုံးကားအရောင်းအ၀ယ်များ မြင့်တက်
နောင်နောင် Thursday, 11 October 2018
လက်ရှိတွင် ရေနံဈေးနှုန်းများမြင့်တက်နေမှုကစားသုံးသူများကို လျှပ်စစ်စွမ်းအင်သုံးမော်တော်ယာဉ်များ (EVs) ဆီသို့ အာရုံစိုက် မှုပြောင်းလဲသွားပြီး လျှပ်စစ်စွမ်းအင်သုံးမော်တော်ကား အရောင်းအ၀ယ်များလည်း မြင့်တက်လာခဲ့သည်ဟုသိရသည်။ ခေတ်အဆက်ဆက်နာမည်ကျော်ကြားလာသည့် ကားထုတ်လုပ်သည့် ကုမ္ပဏီများနှင့်တန်ဘိုးကြီးဇိမ်ခံကားများထုတ်လုပ်သည့် အမှတ်တံဆိပ်ကမ္ပဏီများလည်း လျှပ်စစ်ဘက်ထရီသုံးမော်တော်ယာဉ်များ နှင့် hybridsကားများပမာဏကိုစံချိန်တင်စတင်ထုတ်လုပ်မှုနှင့်အတူလာမည့် ၂၀၁၈ ခုနှစ်တွင်အမေရိကန်၏နာမည်ကြီး Tesla ကုမ္ပဏီသည် ယှဉ်ပြိုင်မှုများပိုမိုပြုလုပ်ရတော့မည်ဟုသိရသည်။ EVsများထုတ်လုပ်သည့် ကုမ္ပဏီများအားလုံး၏ အဓိကတစ်ခုတည်းသောအကြောင်းအရာမှာ လျှပ်စစ်ဘက်ထရီသုံးကားများလိုအပ်ချက်အတွက ဖြည့်ဆည်းပေးနိုင်ရန် ပင်ဖြစ်လာမည်ဟုသိရသည်။
EVsများနှင့်ပတ်သက်၍ အားသွင်းမှုဆိုင်ရာအခြေခံအဆောက်အဦများနှင့် သွားလာနိုင်မည့် အကွာအဝေးများ နှင့်ပတ်သက်ပြီး ၀ယ်ယူသုံးစွဲသူများ၏စိတ်ထဲတွင် စိုး၇ိမ်ပူမှန်မှုများရှိနေဆဲဖြစ်သည်ဆိုသည်မှန် မှန်ကန်သော်လည်းShell နှင့် BPကဲ့သို့သောရေနံကုမ္ပဏီကြီးများကအထူးသဖြင့် ဥရောပတွင်အားသွင်းမှုဆိုင်ရာအခြေခံအဆောက်အဦများကိုချဲ့ထွင်ရန် နည်းလမ်းရှာဖွေပြီးဖြစ်သည်ဟုသိရသည်။ ထို့ပြင် ဘက်ထရီပြားများ၏ဈေးနှုန်းသည်လည်းယခုဆယ်စုနှစ် အတွင်း၌ အဆက်မပြတ်ကျဆင်းနေပြီးဆက်လက်ကျဆင်းနေဖွယ်ရှိသည်ဟုလည်းသိရသည်။ ကုန်ကျစရိတ်နှိုင်းယှဉ်ရာတွင်လည်းလာမည့် ၂၀၂၇ ခုနှစ်တွင် လောင်စာဆီအင်ဂျင်ကားများနှင့် လျှပ်စစ်ဘက်ထရီပြားသုံးကားများ၏ ဈေးနှုန်းသည်ယှဉ်ပြိုင်မှုများဖြစ်လာမည်ဟုအချို့ကခန့်မှန်းထားကြောင်းသိရသည်။ ရေနံစိမ်းတစ်စည်တန်ဘိုးသည် လက်ရှိတွင် ၈၅ ဒေါ်လာအထိရောက်ရှိလာပြီဖြစ်ရာလာမည့် ၂၀၁၉ ခုနှစ်တွင် EVs များအားကမ်းလှမ်းမှုသည် ၂၀ ရာခိင်နှုန်းတိုးမြင့်လာဖွယ်ရှိသည်ဟုသိရသည်။
Ref: Eurasia Review