images
UN
UN
ဂျပန်၏နိုင်ငံကူးလက်မှတ်သည် ကမ္ဘာ့သြဇာအရှိဆုံးနိုင်ငံကူးလက်မှတ်ဖြစ်လာ
နောင်နောင် Thursday, 11 October 2018
ဂျပန်နိုင်ငံ၏နိုင်ငံကူးလက်မှတ်သည် စင်ကာပူကိုကျော်တက်ကာကမ္ဘာ့သြဇာအရှိဆုံးနိုင်ငံကူးလက်မှတ်အဖြစ် ရပ်တည် နေလျက်ရှိကြောင်းနေထိုင်ခွင့်နှင့် နိုင်ငံသားဖြစ်ခွင့်ဆိုင်ရာအကြံပေးလုပ်ငန်းHenley & Partners ၏ 2018 Henley နိုင်ငံကူးလက်မှတ်အညွှန်းကိန်းအရသိရှိရသည်။ အဆိုပါအညွှန်းကိန်းကြေငြာချက်ကိုယခုလ ၉ ရက်တွင် ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။ ယခုလအစောပိုင်း၌ မြန်မာနိုင်ငံသို့ ဗီဇာကင်းလွတ်ခွင့်ရရှိခဲ့ပြီးနောက် လက်ရှီတွင် ဂျပန်နိုင်ငံသည် နိုင်ငံပေါင်း ၁၉၀ သို့ ဗီဇာမလိုဘဲသို့မဟုတ် ဆိုက်ရောက်ဗီဇာပြုလုပ်ခြင်းဖြစ်သာသွားရောက်နိုင်ပြီဟုသိရသည်။ စင်ကာပူနိုင်ငံကမူယင်းကဲ့သို့ နိုင်ငံပေါင်း ၁၈၉ နိုင်ငံသို့သွားရောက်နိုင်ပြီးဒုတိယနေရာမှရပ်တည်နေလျက်ရှိသည်။ ဂျပန်နှင့် စင်ကာပူတို့သည် ပြီခဲ့သည့် ဖေဖော်ဝါရီလအတွင်း၌ ကမ္ဘာ့သြဇာအရှိဆုံးနိုင်ငံကူးလက်မှတ်နိုင်ငံများအဖြစ် တန်းတူတည်ရှိနေကြ ခြင်းဖြစ်သည်။
ယခုလေးလပတ်အတွင်း၌ ဂျာမနီသည် ၎င်း၏ဒုတိယနေရာမှကျဆင်းသွားခဲ့ပြီးတောင်ကိုရီးယား နှင့်ပြင်သစ်နိုင်ငံတို့နှင့် အတူတတိယနေရာမှရပ်တည်နေကြောင်းသိရသည်။ ဒိန်းမတ်၊ ဖင်လန်၊ အီတလီ၊ ဆွိဒင်နှင့် စပိန်တို့အားလုံးသည် စတုတ္ထမြောက်နေရာတွင် ပူးတွဲရပ်တည်နေကြပြီးယင်းနိုင်ငံများ၏နိုင်ငံသားများအနေဖြင့် နိုင်ငံပေါင်း ၁၈၇ နိုင်ငံသို့ ဗီဇာမလိုဘဲသွားရောက်နိုင်မည်ဖြစ်သည်။ အမေရိကန်နှင့် ဗြိတိန်နိုင်ငံတို့၏ ကမ္ဘာ့သြဇာအရှိဆုံးနိုင်ငံကူးလက်မှတ်အဆင့်တွင် စတုတ္ထနေရာမှ ပဉ္စမနေရာသို့ကျဆင်းသွားကြောင်းသိရသည်။ အဆိုပါအညွှန်းကိန်းအဆင့်၏အောက်ဆုံးနေရာ၌ အီရတ်နှင့် အာဖရန်နစ္စတန်နိုင်ငံတို့ကရပ်တည်နေကြပြီး ၎င်းတို့၏နိုင်ငံသားများသည် နိုင်ငံပေါင်း ၃၀ သို့သာလျှင် ဗီဇာမလိုဘဲသွားရောက်နိုင်မည်ဖြစ်သည်။

Ref: CAN