images
UN
UN
မြောက်ကိုရီးယားအပေါ်ချမှတ်ထားသည့် အရေးယူဒဏ်ခတ်မှုအချို့ တောင်ကိုရီးယားဖယ်ရှားဖွယ်ရှိ
KK(IR) Thursday, 11 October 2018
နှစ်နိုင်ငံဆက်ဆံရေးများတိုးတက်ကောင်းမွန်စေရန်နှင့် နျူကလီးယားအကျပ်အတည်းအခြေအနေတင်းမာမှုများထိန်းသိမ်းရန်ရည်ရွယ်သည့် သံတမန်ဆိုင်ရာဆောင်ရွက်မှုအရှိန်အဟုန်ကိုမိုမိုဖန်တီးဆောင်ရွက်ရန် တောင်ကိုရီးယားအစိုးရအနေဖြင့် မြောက်ကိုရီးယားအပေါ် တစ်ဖက်သတ်ချမှတ်ထားသည့် အရေးယူဒဏ်ခတ်မှုများအချို့ကိုဖယ်ရှားရန် စဉ်းစားသုံးသပ် ဆောင်ရွက်နေလျက်ရှိသည်ဟု တောင်ကိုရီးယားနိုင်ငံခြားရေးဝန်ကြီးဌာနကယမန်နေ့တွင်ပြောကြားလိုက် ကြောင်းသိရသည်။ တောင်ကိုရီးယားအစိုးရသည် ၂၀၁၀ ခုနှစ်၌ တောင်ကိုရီးယားစစ်သင်္ဘောတစ်စီးတိုကခိုက်ခံရပြီးသင်္ဘောသား ၄၅ ဦးသေဆုံးပြီးနောက် မြောက်ကိုရီးယားအပေါ် တောင်ကိုရီးယားမှ ချမှတ်ခဲ့သည့် အရေးယူဒဏ်ခတ်မှု များကိုဖယ်ရှားခြင်း ပြုမည် မပြုမည်ကိုသုံးသပ်စိစစ်နေသည်ဟုနိုင်ငံခြားရေးဝန်ကြီးKang Kyung-wha က နိုင်ငံခြားရေးဝန်ကြီးအားဆိုင်ရာပါလီမနဆိုင်ရာစာရင်းစစ်ဆေးမှုပြုလုပ်ချိန်အတွင်းပြောကြားခဲ့ခြင်းဖြစ်သည်။
ထို့ပြင် မြောက်ကိုရီးယားနယ်စပ်ရှိကေဆောင်စက်မှုဇုံအတွင်းရှိ နှစ်နိုင်ငံဖက်စပ်စက်ရုံမှတစ်ပါးနယ်စပ်ဒေသတစ်လျှောက်ရှိစီးပွားရေးပူးပေါင်းဆောင်ရွကမှုများအားလုံးကိုလည်းထိရောက်သည့်ပိတ်သိမ်းမှုများပြုလုပ်ခဲ့ခြင်းဖြစ်သည်။ ၂၀၁၆ ခုနှစ်တွင် မြောက်ကိုရီးယားမှ နှူကလီးယားတာဝေးပစ်ဒုံးကျည်တစ်စင်း စမ်းသပ်ပစ်လွှတ်မှုပြုလုပ်ပြီးနောက် ကေဆောင်စက်မှုဇုံအတွင်းရှိ နှစ်နိုင်ငံဖက်စပ်စက်ရုံကိုလည်းပိတ်သိမ်းခဲ့သည်။ ယင်းကဲ့သို့သောဆောင်ရွက်မှုများကိုတောင်ကိုရီးယားသည် အမေရိကန်ဦးဆောင်သည့် နိုင်ငံတကာအရေးယူဒဏ်ခတ်မှုများချမှတ်ပြီးနောက် မကြာမီတွင် ပြုလုပ်ခဲ့ခြင်းဖြစ်သည်။ သို့သော်လည်းအမေရိကန်နှင့် မြောက်ကိုရီးယားနှစ်နိုင်ငံအကြားစေ့စပ်ညှိနိုင်းဆောင်ရွက် နေသည့် နှူကလီးယားအရေးနှင့်ပတ်သက်ပြီးကောင်းမွန်သည့် ရလဒ်များရရှိလာပါကတောင်ကိုရီးယားနှင့် မြောက်ကိုရီးယား နှစ်နိုင်ငံအကြားစီးပွားရေးပူးတွဲဆောင်ရွက်မှုများကို ပြန်လည်စတင်ရန် တောင်ကိုရီးယားအစိုးရအနေဖြင့် ပြင်ဆင်ဆောင်ရွက်နေသည်ဆိုသည်မှာအတိအကျပင်ဖြစ်သည်ဟုသိရသည်။
Ref: Time