images
UN
UN
ကျေးရွာအရောက်ကွင်းဆင်း၍ ကျန်းမာရေးစောင့်ရှောက်မှုများ အခမဲ့ဆောင်ရွက်ပေး
ရွှေဒေးသူ Thursday, 11 October 2018
ဖျာပုံခရိုင် ဒေးဒရဲမြို့နယ်သို့ ကွင်းဆင်းလေ့လာရန် လာရောက် ကြသည့် မန္တလေးဆေးတက္ကသိုလ်နောက်ဆုံးနှစ် ကျောင်းသား ကျောင်းသူများ ကွင်းဆင်းလေ့လာရေးအဖွဲ့သည် ယမန်နေ့ မွန်းလွဲ ၁နာရီက မှော်အိုင်ကျေးရွာကျေးလက်ကျန်းမာရေးဌာနတွင် ကျေးရွာ ပြည်သူများကို ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက် ပေးခဲ့ကြသည်။
အဆိုပါကျေးရွာတွင် နောက်ဆုံးနှစ် ကျောင်းသားကျောင်းသူ ၁၆ဦးတို့က ကျန်းမာရေးစောင့်ရှောက်မှု လိုအပ်လျက်ရှိသော ကိုယ်ဝန်ဆောင်မိခင်များနှင့် ကလေးသူငယ်များအား ကျန်းမာရေး စောင့်ရှောက်မှုများ အခမဲ့ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။