images
UN
UN
ဗန်းမော်တွင် စိတ်ကြွဆေးပြား ၁၁၃ဝ နှင့်အတူ အမျိုးသားနှစ်ဦးနှင့် ကွင်းဆက်တရားခံအမျိုးသမီးနှစ်ဦးကို ဖမ်းဆီးရမိ
ဆိုင်ကလုန်း Thursday, 11 October 2018
ကချင်ပြည်နယ် ဗန်းမော်မြို့ တွင်စိတ်ကြွရူးသွပ်ဆေးပြား၁၁၃ဝ နှင့်အတူ လာရောက်ပို့ဆောင်သူနှင့် ဝယ်ယူသူတို့အား ဖမ်းဆီးရမိပြီး ကွင်းဆက်အမျိုးသမီးနှစ်ဦး ထပ်မံ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ မူးယစ်ဆေးဝါးတား ဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့၊ တပ်ဖွဲ့စု (၁)ဗန်းမော်မှ ရဲအုပ်ခါးလီနှင့်အဖွဲ့ သည်ယခုလ ၉ ရက် နံနက် ၁ဝ နာရီခန့်က ဗန်းမော်မြို့ ဟန်းတဲ-ရိုးကြီးကွက်သစ်နေကိုကိုဦးဆိုသူ ၏နေအိမ်သို့သတင်းအရဝင်ရောက် ရှာဖွေရာ ၄င်းနှင့်အတူ မူးယစ် ဆေးဝါးလာရောက်ပို့ဆောင်သူ ကျော်ခိုင်ဖြိုးဆိုသူအား အသင့်တွေ့ ရပြီး ခုတင်ခြေရင်းရှိ ပလတ် စတစ်ခြင်းနှင့်မီးဖိုခန်းနံရံ၌ ချိတ်ဆွဲ ထားသည့် အမှိုက်အိတ်အတွင်း တို့မှ စုစုပေါင်း WY နီညိုရောင် စိတ်ကြွရူးသွပ်ဆေးပြား ၁၁၃ဝ (ဒေသပေါက်ဈေးကျပ်၂၂၆ဝဝဝဝ) တွေ့ရှိခဲ့သဖြင့် ကိုကိုဦး (၄၈နှစ်)၊ ဟန်းတဲ-ရိုးကြီးကွက်သစ်၊ဗန်းမော် မြို့နှင့် ကျော်ခိုင်ဖြိုး(၂၁နှစ်) နန်းခါကျေးရွာ အင်းတော်မြို့နယ် စစ်ကိုင်းတိုင်းဒေသကြီးနေသူတို့ အား ဗန်းမော်မြို့မရဲစခန်းမှ မယ(ပ)၁၅၉/၂ဝ၁၈၊ မူးစိတ်ပုဒ်မ ၁၉(က)/၂၁ဖြင့် ဖမ်းဆီးခဲ့သည်။
အဆိုပါသတင်းကွင်းဆက်အရ မန်စီမြို့နယ် မွန်ဆင့်ကျေးရွာနေ မမြင့်ကြည်၏နေအိမ်သို့ဝင်ရောက် ရှာဖွေရာ ၄င်းနှင့်အတူ WY နီညို ရောင်စိတ်ကြွရူးသွပ်ဆေးပြား ၁ဝ ပြားတွေ့ရှိပြီး တစ်ရွာတည်းနေ မတင်ခိုင်ဆိုသူထံမှဝယ်ယူခြင်း ဖြစ်ကြောင်းသိရှိရ၍ မမြင့်ကြည် (၄၇နှစ်)နှင့် မတင်ခိုင်(၄ဝနှစ်)တို့ အား မန်စီမြို့မရဲစခန်းမှ မယ (ပ) ၉၁/၂ဝ၁၈၊ မူးစိတ်ပုဒ်မ ၁၆(ဂ)/ ၂၁ ဖြင့် ဖမ်းဆီးအရေးယူထား ကြောင်း သိရသည်။