images
UN
UN
တရားရုံးပြီးမြောက်သည့် သက်သေခံပစ္စည်းနှင့် မှတ်ပုံတင်ထားခြင်းမရှိသောနိုင်ငံခြားဆေး ၂၃ မျိုး မီးရှို့ဖျက်ဆီး
နိုင်နိုင်(မွန်) Thursday, 11 October 2018
မွန်ပြည်နယ် မော်လမြိုင်မြို့ နယ် ကျိုက်မရောလမ်းရှိ မုရောင်း အမှိုက်ကျင်း၌ ယနေ့ နံနက် ၉ နာရီခွဲက တရားရုံးပြီးမြောက် သည့် သက်သေခံပစ္စည်းနှင့် မှတ် ပုံတင်ထားခြင်းမရှိသော နိုင်ငံခြား ဆေး ၂၃ မျိုး၊ ဆေးဆိုင်ပိုင်ရှင် များမှ အပ်နှံထားသော သက်တမ်း လွန်ပျက်စီးဆေးဝါးများနှင့် မော်လ မြိုင်မြို့နယ် ဈေးကွက်အတွင်း သိမ်းဆည်းရရှိသော ဆေးဝါး၊ အစားအသောက်နှင့် အလှကုန် ပစ္စည်းများကို မွန်ပြည်နယ် အစား အသောက်နှင့် ဆေးဝါးကြီးကြပ် ကွပ်ကဲရေးကော်မတီ၏ လက် ထောက်ညွှန်ကြားရေးမှူး ဒေါက် တာ စိုးနိုင်နှင့် ကော်မတီဝင် ၃ဝ တို့က မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရသည်။
အဆိုပါမီးရှို့ဖျက်ဆီးရာတွင် တရားမဝင်ဆေးဝါး၊ မြန်မာနိုင်ငံ ဆေးဝါးမှတ်ပုံတင်ထားခြင်းမရှိ သော ဆေးဝါး ၂၃ မျိုး၊ သက် တမ်းလွန်ဆေးဝါး ၃၅ မျိုး၊ တိုင်း ရင်းဆေးထုပ်ပိုးပုံစံ နိုင်ငံခြားဆေး ရောစပ်ထည့်ထားသည့် ဆေးဝါး တစ်မျိုး၊ စပ်ဆေး ၃၆ ထုပ်၊ တား မြစ်ထားသော ခွင့်မပြုဆိုးဆေးပါ ရှိသည့် စားသောက်ကုန် တစ်မျိုး၊ တားမြစ်ဓာတုပစ္စည်းပါဝင်သော အလှကုန်ပစ္စည်း ၁၅ မျိုး၊ သက် တမ်းလွန်စားသောက်ကုန် ငါးမျိုး၊ စုစုပေါင်း ၁၂၅ မျိုး (ခန့်မှန်းကာ လတန်ဖိုးငွေကျပ် ၁၉၉ သိန်း ကျော်)အား မီးရှို့ဖျက်ဆီးခဲ့ကြ ကြောင်း သိရသည်။