images
UN
UN
ဒစ်ဂျစ်တယ်စနစ် ဝန်ဆောင်မှုများရယူသုံးစွဲနိုင်ရန် Grab နှင့် Microsoftတို့ ပူးပေါင်းဖန်တီးသွားမည်
ခိုင်မာ Thursday, 11 October 2018
Microsoft Corp နှင့် အရှေ့ တောင်အာရှဒေသတွင်း ထိပ်တန်း သယ်ယူပို့ဆောင်ရေးဝန်ဆောင်မှု၊ မိုဘိုင်းလ်ငွေပေးချေမှုနှင့် Online to-offline ဝန်ဆောင်မှု ပလက် ဖောင်းဖြစ်သော Grab တို့သည် မဟာဗျူဟာမြောက်ပေါင်းစည်းလုပ် ကိုင်သည့်သဘောတူညီချက် တစ်ခုကို ယမန်နေ့ကကြေညာခဲ့ သည်။
ထိုသဘောတူညီချက်တွင် Microsoft ၏ Machine Learning နှင့် အခြား AI ဆိုင်ရာစွမ်း ဆောင်ရည်များ၏ ကမ္ဘာ့အဆင့်မီ ကျွမ်းကျင်မှုကို အသုံးပြုပြီး ဒေသ တွင်း ဒစ်ဂျစ်တယ်ဝန်ဆောင်မှုများ နှင့် သယ်ယူပို့ဆောင်ရေးလုပ်ငန်း များကို အသွင်မြှင့်တင်ပြောင်းလဲ သွားမည်ဖြစ်သည်။ ကုမ္ပဏီနှစ်ခု ကြား ပူးပေါင်းလုပ်ဆောင်ခြင်း၏ ပထမအဆင့်အနေဖြင့် Grab သည် Miscrosoft Azure ကို ၄င်း၏ ဦးစားပေး Cloud ပလက်ဖောင်း အနေဖြင့် ရယူအသုံးပြုမည်ဖြစ်ပြီး Microsoft မှလည်း Grab တွင် မဟာဗျူဟာမြောက် ရင်းနှီးမြှုပ်နှံ မှုတစ်ခုကို ပြုလုပ်မည်ဖြစ်သည်။
''ကမ္ဘာ့နည်းပညာခေါင်း ဆောင်တစ်ဦးဖြစ်တဲ့ Microsoft ရဲ့ ရင်းနှီးမြှုပ်နှံမှုဟာ ဒီဒေသတွင်း မှာ တိုးတက်ပြောင်းလဲလာတဲ့ ကျွန်တော်တို့ Grab ရဲ့ နည်းပညာ ဆိုင်ရာ ထိပ်တန်းဦးဆောင်သူဆိုတဲ့ အနေအထားကို ပိုပြီးခိုင်မာစေပါ တယ်။ Grab အနေနဲ့ သယ်ယူပို့ ဆောင်ရေး ကဏ္ဍကို မြှင့်တင်နိုင် ဖို့နဲ့ သုံးစွဲသူတွေရဲ့ online-to-offline အတွေ့အကြုံတွေ ပိုမိုချော မွေ့စေဖို့ Miscrosoft နဲ့ ပူးပေါင်း လုပ်ဆောင်သွားဖို့ မျှော်လင့်ထား ပါတယ်''ဟု Grab ၏ ဥက္ကဋ္ဌ ဖြစ်သူ Ming Maa ကပြောသည်။
Microsoft ၏ အမှုဆောင် ဒုဥက္ကဋ္ဌဖြစ်သူ Peggy Johnson ကလည်း ''ဘေးကင်းလုံခြုံပြီး ဈေးနှုန်းသက်သာစွာ သွားလာနိုင် ရေး၊ အစားအသောက်နဲ့ ကုန်စည် ပို့ဆောင်နိုင်ရေး၊ မိုဘိုင်းလ်ငွေပေး ချေနိုင်ရေးနဲ့ အခြားငွေကြေးဆိုင် ရာဝန်ဆောင်မှုတွေ အသုံးပြုနိုင် ရေးတို့အတွက် Grab ကို အားထား တဲ့ သုံးစွဲသူ သန်းပေါင်းများစွာ အတွက် ဒစ်ဂျစ်တယ် ဝန်ဆောင်မှု လုပ်ငန်းတွေကို မြှင့်တင်နိုင်ဖို့အပါ အဝင် သုံးစွဲသူတွေရဲ့ အတွေ့အကြုံ ကို ပိုကောင်းမွန်လာအောင် လုပ် ဆောင်နိုင်ဖို့ ကျွန်တော်တို့ အခုလို ပူးပေါင်းလုပ်ဆောင်ရမှာကို စိတ် လှုပ်ရှားမိပါတယ်''ဟုပြောသည်။
အရှေ့တောင်အာရှတွင်း ထိပ် တန်း online-to-offline မိုဘိုင်းလ် ပလက်ဖောင်းအနေဖြင့် Grab သည် အရှေ့တောင်အာရှ နိုင်ငံရှစ် နိုင်ငံတွင်းရှိ မြို့ပေါင်း ၂၃၅ မြို့ တွင် လုပ်ငန်းလည်ပတ်လုပ်ဆောင် နေပြီး Grab၏ဒစ်ဂျစ်တယ် ပိုက်ဆံ အိတ်ဖြစ်သည့် GrabPay သည် အရှေ့တောင်အာရှတွင် ထိပ် တန်းငွေကြေးဆိုင်ရာ ဝန်ဆောင်မှု လုပ်ငန်းအဖြစ်ရပ်တည်လျက်ရှိ သည်။
ယခုကဲ့သို့ကုမ္ပဏီနှစ်ခုပူးပေါင်း လုပ်ဆောင်ခြင်းအားဖြင့် နောက် ဆုံးပေါ် ဆန်းသစ်သည့် နည်းပညာ ပရောဂျက် အမြောက်အမြားကို ရှာ ဖွေစမ်းသပ်နိုင်မည်ဖြစ်သောကြောင့် Grab သုံးစွဲသူများ၊ မိတ်ဖက် ယာဉ်မောင်းများ၊ ကုန်သည်များနှင့် ကိုယ်စားလှယ်များ အသုံးပြုရာ တွင် ပိုမိုကောင်းမွန်အဆင်ပြေ လာစေရန် အထောက်အကူဖြစ်စေ မည်ဖြစ်သည်။