images
UN
UN
မျက်မမြင်အသင်းသူတစ်ဦးကို အသင်းဥက္ကဋ္ဌဖြစ်သူက သားမယားပြုကျင့်ခဲ့သည်ဟုဆိုကာ တစ်လင်တစ်မယားဥပဒေဖြင့်အမှုဖွင့်
ရွှေမြင့်ဦး(ရွှေပြည်သာ) Thursday, 11 October 2018
မြန်မာနိုင်ငံမျက်မမြင်များအသင်း မှ ဥက္ကဋ္ဌဖြစ်သူဦးအောင်ကိုမြင့်က အသင်းသူတစ်ဦးကို သားမယား ပြုကျင့်ခဲ့သည်ဟုဆိုကာ ယမန်နေ့ က နစ်နာသူ၏ဦးလေးတော်စပ်သူ ဦးမာကုက တစ်လင်တစ်မယား ဥပဒေဖြင့်အမှုဖွင့်ခဲ့ကြောင်း အလုံ မြို့မရဲစခန်းမှ သိရသည်။
ဖြစ်စဉ်မှာ မြန်မာနိုင်ငံမျက် မမြင်များအသင်းမှ ဥက္ကဋ္ဌဖြစ်သူ ဦးအောင်ကိုမြင့်က ¤င်းတို့အသင်း ပိုင် YUME EYE အကြောပြင် အနှိပ်ခန်းတွင်အလုပ်လုပ်နေသော အသက်၂၈နှစ်ရှိသူ မျက်မမြင် အသင်းသူမ---အား ဇန်နဝါရီ လကတစ်ကြိမ်၊ ဧပြီလကတစ် ကြိမ်၊မေလကတစ်ကြိမ်သားမယား အဖြစ်ပြုကျင့်ခဲ့သည်ကို အုပ်ထိန်း သူဦးလေးဖြစ်သူ ဦးမာကုကို ပြော ပြရာမှ ဦးလေးဖြစ်သူက ကျေနပ်မှု မရှိ၍အမှုဖွင့်ခဲ့ခြင်းဖြစ်သည်။
အစောပိုင်းတွင် အဓမ္မပြုကျင့် မှုဖြင့် နေပြည်တော်သို့တိုင်ကြားခဲ့ သော်လည်း အလုံရဲစခန်းမှ ယမန် နေ့တွင်တိုင်ကြားမှုကို တစ်နေကုန် စစ်ဆေးပြီးနောက်တစ်လင်တစ်မယား ဥပဒေဖြင့် အမှုဖွင့်ပေးခဲ့ခြင်း ဖြစ်သည်။
ဦးအောင်ကိုမြင့်သည် အိမ် ထောင်ရှိသူတစ်ဦးဖြစ်ပြီး မြန်မာ နိုင်ငံမသန်စွမ်းသူများအသင်းချုပ် ဒုဥက္ကဋ္ဌလည်းဖြစ်သည်။ မသန် စွမ်းအသင်းချုပ်၏ ထိပ်ပိုင်းအဖွဲ့ ဝင်များက ဦးအောင်ကိုမြင့်သည် မျက်မမြင်အမျိုးသမီးအား အကြိမ် ကြိမ်အဓမ္မပြုကျင့်ခဲ့သည်ဆိုသည့် တိုင်ကြားစာလက်ခံရရှိခဲ့ပြီးနောက် ယခုလ ၉ ရက်ညက အရေးပေါ် အစည်းအဝေးခေါ်ခဲ့ပြီးနောက် ရာ ထူးမှယာယီရပ်ဆိုင်းထားလိုက်သည့် ဆုံးဖြတ်ချက်ကိုချမှတ်ထားကြောင်း ယင်းအဖွဲ့မှ သိရသည်။
အဆိုပါအမျိုးသမီး၏ ဦးလေး ဖြစ်သူဦးမာကုက နေပြည်တော်ရှိ မြန်မာနိုင်ငံမသန်စွမ်းသူများ အခွင့် အရေးဆိုင်ရာ အမျိုးသားကော် မတီဥက္ကဋ္ဌထံလိပ်မူပြီး ယခုလ ၈ရက်က တိုင်ကြားစာပေးပို့ထား ကြောင်းလည်း သိရသည်။
အလုံမြို့မရဲစခန်းမှ ရဲအရာရှိ တစ်ဦးကတစ်လင်တစ်မယားဥပဒေ ဖြင့်ဖွင့်ပေးထားကြောင်းပြောသည်။
အမှုမှာ ''တရားလိုဦးမာကုက ကျွန်တော်ရဲစခန်းကိုလာရခြင်း အကြောင်းက မသန်စွမ်းသူဖြစ်တဲ့ မ----ကိုခေါ်ပြီးမှ လာတိုင် ကြားတာပါ။တစ်လင်တစ်မယားနဲ့ ဖွင့်တယ်။ ဦးအောင်ကိုမြင့်က မယားရှိရဲ့သားနဲ့ ဒီမိန်းကလေးကို ကျူးလွန်တာ၊၊ကျွန်တော်တို့ကတော့ ဖြစ်စဉ်ပြောပြတာပဲ။စခန်းကဒါနဲ့ ပဲဖွင့်တယ်။ မသန်စွမ်းသူတွေကို နောင်ဒီလိုမျိုးမခံရလေအောင် အမှု ဖွင့်တာပါ။ ယခုနှစ် ဇန်နဝါရီ ၁ ရက်ညက အနှိပ်ခန်းမှာ ပထမ အကြိမ်စဖြစ်တာ၊ ဒုတိယအကြိမ် တည်းခိုခန်း၊ တတိယအကြိမ်က အနှိပ်ခန်းမှာပဲဖြစ်တာ။ အခုစခန်း က တစ်လင်တစ်မယားဥပဒေနဲ့ ဖွင့်တာကိုကျေနပ်ပါတယ်။ အခု တော့ တူမလေးမှာကိုယ်ဝန်ရှိမရှိ မစစ်ရသေးဘူး''ဟု ပြောသည်။
စွပ်စွဲခံရမှုကိုဦးအောင်ကိုမြင့် ကငြင်းဆိုထားပြီး တရားဥပဒေ ကြောင်းအရရင်ဆိုင်မည်ဖြစ်ကြောင်း ¤င်းတို့အသိုင်းအဝိုင်းကပြောသည်။
ဖြစ်စဉ်နှင့်ပတ်သက်၍ အလုံ မြို့မရဲစခန်းမှ ပ၃၉ဝ/၂ဝ၁၈၊ တစ်လင်တစ်မယားဥပဒေ ပုဒ်မ ၁၃ဖြင့် အမှုဖွင့်အရေးယူထား သည်။