images
UN
UN
မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးများအစည်းအဝေး (မြန်မာအမျိုးသမီးများ၏ နိုင်ငံရေးသမိုင်းစာမျက်နှာ)
ဦးကျော်ကျော်(စည်းရုံးရေး) Thursday, 11 October 2018
အမျိုးသမီးများနှင့်ဥပဒေပြုလွှတ်တော်
ကိုယ့်မင်းကိုယ့်ချင်းဘဝက တိုင်း ပြည်အုပ်ချုပ်မင်းလုပ်သည့်နေရာကိုပင် ရရှိခဲ့သော အမျိုးသမီးများသည် ကိုလိုနီ ဘဝရောက်မှ အနှိမ်ခံရသည်ကို မကျေ နပ်ကြပေ။ အမျိုးသမီးများ နိုင်ငံရေးတွင် ပါဝင်ဆောင်ရွက်ခွင့်၊ ပြောရေးဆိုခွင့်၊ အရေးပါသည့်နေရာရရှိခွင့်တို့ကို ကန့် သတ်ထားသည်ကိုလည်း မခံမရပ်နိုင်ဖြစ် ကြသည်။ ထိုအချိန်က မြန်မာအမျိုးသမီး များသည် မြူနီစီပါယ်ရွေးကောက်ပွဲတွင် သာ အရွေးခံပိုင်ခွင့်ရှိပြီး ဥပဒေပြုလွှတ် တော်တွင် အမတ်အဖြစ် အရွေးခံပိုင်ခွင့်၊ မဲပေးခွင့်မရှိချေ။ အကြောင်းမှာ အမျိုး သမီးများ လွှတ်တော်ထဲဝင်ရောက်လာ ပါက မျိုးချစ်အင်အားပိုမိုတောင့်တင်း သွားမည်ကို ဗြိတိသျှအစိုးရက စိုးရိမ် သောကြောင့်ဖြစ်သည်။
သို့ရာတွင် ''ဥပဒေပြုလွှတ်တော်၌ အမျိုးသမီးများဝင်ရောက်အရွေးခံခွင့်မရှိ စေရ''ဟူသော ဥပဒေပြဋ္ဌာန်းချက်ကို ပယ်ဖျက်နိုင်ရေး လွှတ်တော်တွင် အဆို တင်ရန် သာယာဝတီဦးပုက စိုင်းပြင်းနေ သည်။ ထိုအဆိုအောင်မြင်နိုင်ရေးအတွက် မမြစိန်(အမ်အေဒေါ်မြစိန်)၊ မသန်းတင် (လေဒီပေါ်ထွန်း)နှင့်မစန်း(အင်ဒီပင်းဒင့် ဒေါ်စန်း)တို့ဦးဆောင်ကာ ၁၉၂၇ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် လက် ကမ်းကြေညာစာထုတ်ဝေခဲ့သည်။ ဒေလီ နယူးစ်သတင်းစာကလည်း ဖော်ပြပေး သည်။ ထိုလက်ကမ်းကြေညာစာတွင် အမျိုးသမီးအမတ် ရွေးခွင့်မရှိသည့်ဥပဒေ ကိုပယ်ဖျက်ရန်သာယာဝတီဦးပုက အဆို တင်သွင်းမည်ဖြစ်ကြောင်း၊ လွှတ်တော် တွင် စကားအချေအတင်ပြောသည်ကို စုရုံးချီတက်နားထောင်ရန် မြူနီစီပါယ် ကော်ပိုရေးရှင်းခန်းမကြီးသို့ ဖေဖော်ဝါရီ လ ၃ ရက် နံနက် ၉ နာရီအရောက်လာ ခဲ့ကြရန် ဖိတ်ကြားခဲ့ခြင်းဖြစ်သည်။ ထို သို့ ကြေညာစာထုတ်၍လည်းကောင်း၊ နီးစပ်ရာကို စည်းရုံးခေါ်ငင်သဖြင့်လည်း ကောင်း အမျိုးသမီးအင်အားတစ်ရာကျော် စုစည်းမိသည်။ ဤသတင်းကို ပုလိပ် အဖွဲ့ကရရှိသွားသည့်အခါ လက်လှမ်းမီ သမျှ အမျိုးသမီးများကို လိုက်လံတား မြစ်သည်။ ဒေါ်မြစိန်ကိုလည်း ချော့တစ် ခါခြောက်တစ်လှည့် တားမြစ်သည်။ သို့ သော် အမျိုးသမီးများသည် မည်သည့် အကြောင်းကြောင့်နှင့်မျှ မိမိအစီအစဉ်ကို အပျက်မခံခဲ့ကြပေ။
ဖေဖော်ဝါရီလ ၃ ရက်နေ့ နံနက် ၉ နာရီအချိန်တွင် မြူနီစီပါယ်ခန်းမကြီး၌ စုဝေးရောက်ရှိလာသော အမျိုးသမီးတစ် ရာခန့်သည် အလံများ၊ြေ<ွကးကြော်သံ စာတန်းများကိုင်ဆောင်ကာ ဥပဒေပြု လွှတ်တော်ရှိရာသို့ ရှေးရှုချီတက်ကြ သည်။
ထိုသို့ချီတက်ရာတွင်-
- မိန်းမများ မကြောက်ပါနှင့်၊
- အတွင်းဝန်ရုံးသို့ မိန်းမများမဝင်ရ ဟု အမိန့်ထုတ်ထားသည်၊
- စောင့်ကြည့်ကြပါ၊
- မြန်မာအမျိုးသမီးများနိုးကြားကြပါ၊
- ဗြိတိသျှပါလီမန်တွင် မိန်းမများ အမတ် ဖြစ်နေပြီ
စသည့်ြေ<ွကးကြော်သံ စာတန်းများကို ကိုင်ဆောင်ကာအမျိုးသားရေးလှုပ်ရှား မှုအမှတ်တံဆိပ်အဖြစ် ပုသိမ်ထီးများကို ဆောင်းကြသည်။ ဒေါင်းပဝါကိုခြုံကြ သည်။ အမျိုးသမီးတို့သည် မြူနီစီပါယ် ခန်းမမှဂျူဒါအီစကယ်လမ်း(သိမ်ဖြူလမ်း)၊ ထိုမှ ဖရေဇာလမ်း(အနော်ရထာလမ်း)၊ ထိုမှစပတ်လမ်း(ဗိုလ်အောင်ကျော်လမ်း) တို့ကိုလှည့်လည်ရာ ကြည့်ရှုအားပေးသူ များဖြင့် စည်ကားလှသည်။
အမျိုးသမီးများကို တားဆီးရန် မြင်းစီးပုလိပ်များသည် ချီတက်ရာ လမ်းတစ်လျှောက်နှင့် လွှတ်တော်ကျင်း ပရာ အတွင်းဝန်ရုံးတွင်စောင့်ကြပ်နေ ကြသည်။ အတွင်းဝန်ရုံးတွင် တံခါးလေး ပေါက်ရှိသည့်အနက် သုံးပေါက်ကို သံ ကြိုးများအခိုင်အမာချည်ကာ သော့ခတ် ထားသည်။ အမျိုးသမီးများသည် ဖွင့်ထားသော တံခါးပေါက်မှ ဝင်ရန် ကြိုးပမ်းစဉ် မြင်းစီးပုလိပ်က စာတစ် စောင်လာပေးသည်။ထိုစာမှာ လွှတ်တော် ထဲမဝင်ရန် ပုလိပ်မင်းကြီးက တားမြစ် သောစာဖြစ်သည်။ ထိုစာကြောင့် ဥရောပ တိုက်သားပုလိပ်အရာရှိများနှင့် အမျိုး သမီးခေါင်းဆောင်များ စကားအချေ အတင်ပြောရသေးသည်။နောက်ဆုံးတွင် မူ အတွင်းဝန်ရုံးကို တစ်ပတ်ပတ်ကာ လှည့်လည်ဆန္ဒပြခြင်းဖြင့်သာကျေနပ် လိုက်ရသည်။
ထိုအချိန်တွင် လွှတ်တော်အတွင်း ၌ကား နယ်ချဲ့အလိုတော်ရိအမတ်များနှင့် အမျိုးသားအမတ်များစကားစစ်ထိုးနေ ကြလေသည်။ အမ်အမ်ရော်ဖီ (MM. Raufi) က တက္ကသိုလ်သပိတ်နှင့် ဝှိုက် ကော်မတီကန့်ကွက်ပွဲတွင် အမျိုးသမီးများ ပါဝင်ခဲ့ကြောင်း၊ လူဦးရေ ၁၃ သန်း အနက် ၆ သန်းခွဲမှာ အမျိုးသမီးများဖြစ် ၍ ဥပဒေပြုကောင်စီတွင် အမျိုးသမီး များကို နေရာပေးသင့်ကြောင်းထောက် ခံသည်။ သာယာဝတီဦးပုက အမျိုးသမီး များ မဝင်နိုင်အောင်တံခါးပိတ်ထားသည့် အတွက် အစိုးရကိုအပြစ်တင်သည်။ ဦးထွန်းဝင်းကခုနစ်ရက်တစ်ပတ်အတွင်း အသင်း ၄၈ သင်းဖွဲ့နိုင်၍ ချီးကျူးစကား ဆိုကာ ထောက်ခံသည်။ ဦးကြာခိုင်၊ ဦးမြ(နောင်တွင်-သခင်မြ)၊ ဦးသာဇံတို့ က ထောက်ခံကြောင်းပြောဆိုကြသည်။ ဦးစံဖေ၊ မစ္စတာနာရာနနာဇီ၊ ပြည်ထဲရေး ဝန်ကြီး ဆာဂျေအေမောင်ကြီးတို့က ကန့်ကွက်ကြသည်။ အဆိုကို မဲခွဲရာ ထောက်ခံမဲ ၃၁ မဲ၊ ကန့်ကွက်မဲ ၃၆ မဲရရှိ၍ အမျိုးသမီးအမတ်ရွေးခွင့်မရှိ သည့်ဥပဒေကိုပယ်ဖျက်ရန် အဆိုရှုံးနိမ့် သွားခဲ့သည်။ အမျိုးသမီးများချီတက် ဆန္ဒပြမှုနှင့် လွှတ်တော်အတွင်းသတင်း များကို အိန္ဒိယပြည်ထုတ် စတြိဂါမ (Stri Ghama)သတင်းစာနှင့် ကာလကတ္တား စတိတ်မင်း (Calcutta Stateman) သတင်း စာများတွင် အကျယ်တဝင့် ဖော်ပြကြ ခြင်းခံရသည်။ သို့သော် ၁၉၂၉ ခုနှစ်တွင် ဥပဒေပြုကောင်စီ၌ အမျိုးသမီးအမတ် အရွေးခံပိုင်ခွင့်ရရှိခဲ့သဖြင့် မြန်မာနိုင်ငံ၏ ဥပဒေပြုလွှတ်တော်ပထမဆုံးသောအမျိုး သမီးအမတ်အဖြစ် မော်လမြိုင်မှ ဒေါ်နှင်း မြ(ဂျီစီဘီအေဥက္ကဋ္ဌ ဦးချစ်လှိုင်၏နှမ) အရွေးခံခဲ့ရသည်။
မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးများ အစည်းအဝေး(၁၉၃၁)
ဗြိတိသျှအစိုးရသည် မြန်မာနိုင်ငံအား အိန္ဒိယနိုင်ငံနှင့်ခွဲခြားအုပ်ချုပ်ရန် ဆုံးဖြတ် ပြီးသော်လည်း မည်သည့်အုပ်ချုပ်ရေးပုံစံ မျိုးပေးရမည်ကို မဆုံးဖြတ်နိုင်သေးပေ။ ယင်းသို့သောအခြေအနေကို မြန်မာအမျိုး သမီးတို့က မလိုလားကြပေ။ ထို့ကြောင့် ၁၉၃၁ ခုနှစ် ဧပြီလ ၃ ရက်နေ့တွင် ရန်ကုန်မြို့ ရွှေတိဂုံဘုရားလမ်း ဗုဒ္ဓဘာ သာကျောင်း၌ ရန်ကုန်မြို့ပေါ်ရှိ အမျိုး သမီးအသင်းများ အစည်းအဝေးတစ်ရပ် ကို ကျင်းပဆွေးနွေးခဲ့ကြသည်။ ထို အစည်းအဝေးသို့ အမျိုးသမီးနေရှင်နယ် ကောင်စီမှဒေါ်မြစိန်၊ မြန်မာ့ဟိတအသင်း သူ ဒေါ်ချစ်၊ မြန်မာအမျိုးသမီးကုမ္မာရီ အသင်းမှ ဒေါ်ခင်ခင်တို့က အုပ်ချုပ်ရေး အသစ်နှင့်ပတ်သက်၍ အိန္ဒိယထက် အဆင့်အတန်းမလျော့သော အုပ်ချုပ်ရေး ရရန်၊ ကိုယ်ပိုင်အုပ်ချုပ်ရေးပေးမည်ဟူ သောကတိရရန်၊ မြန်မာ့နိုင်ငံရေးခေါင်း ဆောင်များ အင်္ဂလန်သို့သွားရောက်အရေး ဆိုသင့်ကြောင်း အမျိုးသမီးများက ဆွေး နွေးပြောဆိုကြသည်။ ရန်ကုန်မြို့ပေါ်ရှိ အမျိုးသမီးအသင်းများ၏ သဘောထား ထက် တစ်နိုင်ငံလုံးရှိ အမျိုးသမီးများ ၏သဘောဆန္ဒကို တင်ပြနိုင်ခြင်းက ပိုမို ထိရောက်မည်ဖြစ်သဖြင့် ၁၉၃၁ ခုနှစ် သြဂုတ်လ ၂၃ ရက်နေ့တွင် မြန်မာနိုင်ငံ လုံးဆိုင်ရာ အမျိုးသမီးများအစည်းအဝေး ကို ရန်ကုန်မြို့ ဂျူဗလီဟောတွင်ကျင်းပ ခဲ့သည်။ ထိုအစည်းဝေးသို့ မြန်မာ့နိုင်ငံ ရေးလောကတွင် ထင်ရှားသောအမျိုး သမီးများတက်ရောက်ကြသည်။

( က ) ဒေါ်မြမေ မင်းကြီးကတော်
( ခ ) ဒေါ်စု ကုမ္မာရီအသင်းဥက္ကဋ္ဌ
( ဂ ) ဒေါ်ထား မန္တလေး
( ဃ ) မငွေရင်
( င ) ဒေါ်ဖွားမျှင် ဘကြီးဘဖေဇနီး
( စ ) မသန်းတင်
( ဆ ) ဒေါ်မမခင် ဦးထွန်းညို၏ဇနီး
( ဇ ) ဒေါ်စောတင် ဝတ်လုံဦးမောင် ကြီး၏ဇနီး
( ဈ ) ဒေါ်နု
( ည ) မခင်ညွန့်
( ဋ ) မလှတင်
( ဌ ) ဒေါ်ဖွားရွှေ
( ဍ ) ဒေါ်ဧရီ
( ဎ ) ဒေါ်ဟန်
( ဏ ) ဒေါ်ဧမယ်
( တ ) ဒေါ်မေမေခင်(ဘီအေ)
( ထ ) ဒေါက်တာဒေါ်စောဆ
( ဒ ) ဒေါ်မြရွှေ ပညာအုပ်
( ဓ ) ဒေါ်မိ
( န ) ဒေါ်တင်
( ပ ) ဒေါ်စန်း(အင်ဒီပင်းဒင့်)
( ဖ ) ဒေါ်သိန်း
( ဗ ) ဒေါ်ကြင်မြိုင်(ကော့ကရိတ်)
တက်ရောက်လာသူများအနက် အာ ရှတိုက်လုံးဆိုင်ရာ အမျိုးသမီးအစည်း အဝေးကြီးသို့ တက်ရောက်ခဲ့ကြသည့် ဒေါ်မြရွှေနှင့်ဒေါ်ထားတို့ပါဝင်သည်။ ၄င်း တို့နှင့်အတူ အာရှအစည်းအဝေးသို့ တက် ရောက်ခဲ့သည့် မမြစိန်မှာ ဂျီနီိဗာတွင် ကျင်းပနေသော နိုင်ငံတကာအစည်းအဝေး (ဂျီနီဗာကွန်ဖရင့်)သို့ ဗြိတိသျှအင်ပါယာ ၏ အမျိုးသမီးကိုယ်စားလှယ်အဖြစ် တက်ရောက်နေစဉ်ဖြစ်သည်။ အစည်း အဝေးကို ဒေါ်စန်းကဖွင့်လှစ်ပြီး ဒေါ်မြ မေက သဘာပတိအဖြစ်ဆောင်ရွက်သည်။ အစည်းအဝေးဖွင့်လှစ်သည့်အထိမ်းအမှတ် အဖြစ်အမျိုးသမီးတစ်ဦးက ''ပြည်မြန်မာ အမျိုးသမီးတို့ တန်ခိုးကြီးစေရာ သတိုး ထီးဇာနည်မှာကမ္ဘာမီထင်ရှား'' ချီတေး ထပ်ကို သီဆို၍ဖွင့်လှစ်ခဲ့သည်။ အစည်း အဝေးကြီးတွင် ဒေါ်မြမေ၊ ဒေါ်ထား၊ မမြညွန့် တို့ကပါဝင်ဆွေးနွေးကြသည်။
ထို့ကြောင့် မြန်မာနိုင်ငံအုပ်ချုပ်ရေး အသစ်တွင် လန်ဒန်မြို့၌ ကျင်းပမည့် မျက်နှာစုံညီ အစည်းအဝေးသို့ မြန်မာ နိုင်ငံမှ အမျိုးသမီးကိုယ်စားလှယ်တက် ရောက်ခွင့်ရရှိရေးအတွက် ကော်မတီဖွဲ့၍ ဆောင်ရွက်ရန်နှင့် ဘုရင်ခံထံစာတင်ရန် ဆုံးဖြတ်ကြသည်။ဆုံးဖြတ်ချက်အရဘုရင် ခံထံ စာရေးတင်သော်လည်း ဘုရင်ခံက ထိုကိစ္စကို တွေ့ဆုံဆွေးနွေးရန်ပင် ခွင့် မပြုနိုင်ကြောင်း စာပြန်သည်။ အမျိုး သမီးများက အားမလျှော့ဘဲ ဒုတိယ အကြိမ်စာတင်ပြန်သည်။ နောက်ဆုံးတွင် ကား ဘုရာင်ခံက တွေ့ဆုံခွင့်ပြုခဲ့သည်။ ၁၉၃၁ ခုနှစ် စက်တင်ဘာလ ၁၆ ရက် နေ့တွင် ဘုရင်ခံအိမ်တော်၌ မြန်မာအမျိုး သမီးကုမ္မာရီအသင်း၊ မြန်မာ့ဟိတ အသင်း၊ မြန်မာပြည် မိန်းကလေးကယ် ဆယ်ရေးအသင်းနှင့် ကုမ္မာရီအလွတ် ရက်ကန်းကျောင်းတို့၏ ကိုယ်စားလှယ် များဖြစ်ကြသောဒေါ်မြမေ၊ ဒေါက်တာ ဒေါ်စောဆ၊ ဒေါ်စောတင်၊ ဒေါ်သိန်း၊ ဒေါ်မိမိကြီး၊ ဒေါ်မမကြီး၊ ဒေါ်လှတင်တို့ သည် ဘုရင်ခံနှင့်တွေ့ဆုံခွင့်ရရှိခဲ့ရာ အောက်ပါအချက် ၁၃ ချက်ကို ဆွေးနွေး တင်ပြခဲ့သည်-
(က) အခွင့်အရေးပေးသည့်အခါ မိန်းမ များသည် ယောက်ျားများနှင့် တန်းတူရထိုက်ကြောင်း၊
(ခ) လူမျိုးတစ်မျိုးစီ၏ ကျေးဇူးထက် မိန်းမများ၏ အခွင့်အရေးကို အသိ အမှတ်ပြုရန် အရေးကြီးကြောင်း၊
(ဂ) မျက်နှာစုံညီ အစည်းအဝေးတွင် အမျိုးသမီးများဝင်ရောက်ရန် အခွင့် အရေးကို ငြင်းပယ်လျှင် ဒေသန္တရ အဖွဲ့များနှင့် ဥပဒေပြုအဖွဲ့များတွင် အမျိုးသမီးများဝင်ရောက်ရန် အရေး ကိုပါ ဥပေက္ခာပြုထားသကဲ့သို့ ဖြစ်နေမည့်အကြောင်း၊
(ဃ) မြန်မာပြည်အတွက် သီးခြားကျင်းပ သော မျက်နှာစုံညီ အစည်းအဝေး သို့ သွားရောက်မည့် ယောက်ျား ကိုယ်စားလှယ်များနှင့် တန်းတူ အရည်အချင်းရှိသော မြန်မာအမျိုး သမီးများစွာရှိကြောင်း၊
(င) လောကရေးရာ ဆောင်ရွက်ချက် များတွင်လည်းကောင်း၊ အဆုံးဖြတ် ပေးရမည့် အရေးကိစ္စများတွင် လည်းကောင်း၊ မြန်မာအမျိုးသမီး များသည် အခြားတိုင်းပြည်ရှိ အမျိုး သမီးများနှင့် တန်းတူ ပြုလုပ် ဆောင်ရွက်ကြသည်မှာ ထင်ထင် ရှားရှားဖြစ်ကြောင်း၊
(စ) အမျိုးသမီးများ အရေးကိစ္စနှင့် စပ်လျဉ်း၍ ဆုံးဖြတ်သည့် အရေး တွင် မြန်မာအမျိုးသမီးများကို နိုင်ငံ ခြားကပင် အသိအမှတ်ပြုထား ရပြီဖြစ်ကြောင်း၊ အမျိုးသမီးများ၏ အကျိုးကျေးဇူးကို ထိခိုက်စေအောင် ဆုံးဖြတ်နိုင်သောမြန်မာပြည်အတွက် သီးခြားကျင်းပသည့် မျက်နှာစုံညီ အစည်းအဝေးတွင် မြန်မာအမျိုး သမီးများကို အစိုးရက အသိအမှတ် မပြုဘဲထားခဲ့လျှင် အမျိုးသမီးများ ကို တရားသဖြင့် ပြုလုပ်ရာကျမည် မဟုတ်သည့်အပြင် ထိုအမျိုးသမီး များ၏ ကျေးဇူးကို ဖီလာဆန့်ကျင် ပြုလုပ်ရာရောက်လိမ့်မည်ဖြစ်ကြောင်း၊
(ဆ) ထိုမျက်နှာစုံညီ အစည်းအဝေးသို့ သွားရောက်ကြသောကိုယ်စားလှယ် များသည် အကြောင်းအားလျော် စွာ တညီတည်း၊ တစ်သံတည်း တောင်းဆိုကြစေရန် အမျိုးသမီး များကဆောင်ရွက်နိုင်ကြောင်း၊
(ဇ) တိုင်းပြည်အုပ်ချုပ်ရေးဥပဒေစီစဉ် ရေးသားသည့်အခါ အမျိုးသမီးများ က ဝင်ရောက်၍ အကျိုးအပြစ် ပြောဆိုရန် ခွင့်မပြုလျှင် မည်သည့် အုပ်ချုပ်ရေး ဥပဒေကိုမဆို အမျိုး သမီးများကလက်ခံရန် လွန်စွာပင် ခဲယဉ်းမည်ဖြစ်ကြောင်း၊
(ဈ) အမျိုးသမီးများကတိုင်းပြည်အုပ်ချုပ် ရေးဥပဒေကြမ်းကို လက်ခံလျှင် ထိုဥပဒေကို အများကလက်ခံလာ ရန် လမ်းကြောင်းတစ်ခုပင်ဖြစ်မည် မှန်ကြောင်း၊
(ည) မြန်မာပြည်ရှိအမျိုးသမီးများ၏ ထောက်ခံချက်ကိုယူပြီးသကာလ ပြည်လုံးကျွတ်အမျိုးသမီးများ၏ အစည်းအဝေးကြီး ကျင်းပ၍ တောင်းဆိုသည်ကို ဂရုမထားဘဲ နေလျှင် မြန်မာပြည်အမျိုးသမီး များကို စော်ကားရာရောက်နေမည် ဖြစ်ကြောင်း၊
(ဋ) အိန္ဒိယအမျိုးသမီးများကို အသိ အမှတ်ပြုပြီးလျှင် အရေးအရာ ဟူသမျှတ