images
UN
UN
လှိုင်မြို့နယ်တွင်ဖုန်းများ လိုက်လံခိုးယူနေသော သူခိုးကိုဖမ်းဆီးရမိ
သန္တာမေ Thursday, 11 October 2018
ရန်ကုန်တိုင်းဒေသကြီး ရန်ကုန်အနောက်ပိုင်းခရိုင် လှိုင်မြို့နယ် (၁၃)ရပ်ကွက် ဗဟိုလမ်းနှင့်ရတနာလမ်းထိပ်တွင် ယမန်နေ့မွန်းလွဲ ၁ နာရီ ၄၅ မိနစ်က တိုက်ခန်းများပေါ်သို့တက်၍ဖုန်းများလိုက်လံ ခိုးယူနေသူတစ်ဦးကို ဖမ်းဆီးမိကြောင်း သိရသည်။
ဖြစ်စဉ်မှာ လှိုင်မြို့နယ် မြို့မရဲစခန်းမှ ရဲတပ်ကြပ်ကြီးကျော် ကျော်၊ ရဲတပ်ကြပ်သက်ညွန့်၊ ရဲတပ်ကြပ်နေဝင်းဦး၊ သက်သေ ဦးအောင်စိုး၊ဦးထင်လင်းထိုက်တို့နှင့် အတူနယ်မြေအတွင်း လှည့် ကင်းတာဝန်ဆောင်ရွက်နေစဉ် လှိုင်မြို့နယ် (၁၃) ရပ်ကွက် ဗဟို လမ်းနှင့်ရတနာလမ်းထိပ်တွင်လမ်းလျှောက်လာသူအား မသင်္ကာ၍ စစ်ဆေးရာ အေးမင်းဦးဆိုသူဖြစ်ကြောင်းသိရှိရပြီး လွယ်အိတ် အတွင်းမှ OPPO F-3 plus ရွှေအိုရောင်လက်ကိုင်ဖုန်းနှင့် HUA- WEI 18813 အနက်ရောင်ဖုန်းတစ်လုံး၊မီးခိုးရောင် Power Bank တစ်ခု၊အားသွင်းကြိုးတစ်ချောင်းသိမ်းဆည်းရမိပြီး အဆိုပါဖြစ်စဉ် နှင့်ပတ်သက်၍ဖုန်းများ ခိုးယူလာသည့်မသင်္ကာဖွယ်တွေ့ရှိသူ အေး မင်းဦး(၃၃နှစ်)သံရည်ကျိုစက်မှုဇုန်လမ်း ဖရဲကင်းရပ်ကွက် မှော်ဘီ မြို့နေသူအား လှိုင်မြို့မရဲစခန်းမှအမှုဖွင့်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။