images
UN
UN
ထွန်းစိန်ကျေးရွာတွင် အမျိုးသားတစ်ဦး မိုးကြိုးထိမှန်သေဆုံး
ကိုကျော်(သုံးခွ) Thursday, 11 October 2018
ရန်ကုန်တိုင်းဒေသကြီး သုံးခွ မြို့နယ် ကတုံးပေါ်ရဲကင်းစခန်းမှူး ရဲအုပ်မျိုးဇော်ဦးသည် ရဲကင်း စခန်းမှူး တာဝန်ဆောင်ရွက်နေစဉ် ယမန်နေ့နံနက်၆နာရီခွဲတွင်ထွန်းစိန် ကျေးရွာတွင် အမျိုးသားတစ်ဦးမိုး ကြိုးထိမှန်သေဆုံးသွားကြောင်း သတင်းရရှိသဖြင့် သက်သေများ နှင့်သွားရောက်စစ်ဆေးရာ သေဆုံး သူမှာဇော်ဋ္ဌေး(၄ဝနှစ်)ရေလုပ်သား ထွန်းစိန်ကျေးရွာနေသူဖြစ်ကြောင်း သိရသည်။၎င်းသည်ယမန်နေ့နံနက် ၄ နာရီ ၁၅ မိနစ်ခန့်က တစ်ရွာ တည်းနေ မောင်ပြည်သိန်း(၂၄နှစ်) ရေလုပ်သားနှင့်အတူ ထွန်းစိန် ကျေးရွာတောင်ဘက်ပင်လယ်ကမ်း စပ်နှင့် ပေ ၁၅ဝ ခန့်အကွာတွင် ငါးဖမ်းလှေဖြင့် ငါးဖမ်းသွားရန် အတွက် ပြင်ဆင်နေစဉ် မိုးရွာပြီး လျှပ်စီးများလက်လာ၍ လှေပဲ့ ပိုင်းအင်ဂျင်စက်အားမိုးကာစနှင့် အုပ်ရန် ဇော်ဌေးကပြင်ဆင်နေစဉ် မိုးကြိုးပစ်ချသောကြောင့် ဇော် ဌေးမှာ အဆိုပါအင်ဂျင်စက်နေရာ အနီး၌မိုးကြိုးထိမှန် သေဆုံးသွား ကြောင်း သိရသည်။
အလောင်းအားစစ်ဆေးရာခန္ဓာ ကိုယ်တွင်ဝတ်ဆင်ထားသော addidas ဘောလုံးကန်အင်္ကျီမှာ မိုး ကြိုးထိမှန်မှုကြောင့် ဆုတ်ပြဲနေပြီး ခန္ဓာကိုယ်ဝဲဘက်လက်ပြင်နှင့် ဝမ်းဗိုက်တို့တွင် ညိုမည်းဒဏ်ရာ၊ ဝဲနားမှသွေးထွက် ဒဏ်ရာများရ ရှိသေဆုံးနေကြောင်း သိရသည်။
ယင်းဖြစ်စဉ်နှင့်ပတ်သက်၍ ဓမ္မတာအတိုင်းသေဆုံးခြင်းဟုတ် မဟုတ်သိရှိနိုင်ရန်သုံးခွမြို့မရဲစခန်း မှသေမှုသေခင်းအမှတ်၂၄/၂ဝ၁၈ ဖြင့်အမှုရေးဖွင့်စစ်ဆေးဆောင်ရွက် လျက်ရှိကြောင်း သိရသည်။