images
UN
UN
မောင်တောမြို့၌ ဘင်္ဂါလီသုံးဦးကို စိတ်ကြွဆေးပြား ၅ဝဝဝဝကျော်နှင့်အတူဖမ်းမိ
TT Thursday, 11 October 2018
မောင်တော အောက်တိုဘာ ၁၁
ရခိုင်ပြည်နယ် မောင်တော မြို့နယ် သဲချောင်းအုပ်စု လူမနေ သည့် ကျွန်းတောင်ရွာဟောင်းတွင် ဘင်္ဂါလီလူမျိုး သုံးဦးကို ယာဘ စိတ်ကြွဆေးပြား ၅၈၁၈၅ပြားနှင့် အတူ ယမန်နေ့ မွန်းလွဲပိုင်းက နယ်ခြားစောင့်ရဲတပ်ဖွဲ့က ဖမ်းဆီး ရမိကြောင်း သိရသည်။
ဖြစ်စဉ်မှာ စုစုပေါင်းဘင်္ဂါလီ လူမျိုးလေးဦးတို့သည် လူမနေ သည့် ကျွန်းတောင်ရွာဟောင်းတွင် ရှိနေကြောင်း သတင်းအရ သာယာ ကုန်းကျေးရွာ နယ်ခြားစောင့်ရဲ ကင်းစခန်းနှင့်အနီးအနား ရွာသား တချို့တို့ လိုက်လံဖမ်းဆီးရာ တစ်ဦးထွက်ပြေး လွတ်မြောက် သွားပြီးသုံးဦးကိုဖမ်းဆီးမိကြောင်း သိရသည်။
ဖမ်းဆီးခံရသူများမှာ ငါးစား ကြူးကျေးရွာတွင် နေထိုင်သူများ ဖြစ်ကြသည့် ဗိုက်တူလာ(၁၉နှစ်)၊ အီစ္စလာန် (၂ဝနှစ်)နှင့် အာယာစ် (၂ဝနှစ်)တို့ဖြစ်ကြောင်း နယ်ခြား စောင့် အရာရှိတစ်ဦးက အတည်ပြု ပြောကြားခဲ့သည်။
ထို့အပြင်၎င်းတို့ထံမှ ယာဘ စိတ်ကြွဆေးပြား ၅၈၁၈၅ပြား ကိုလည်း ဖမ်းဆီးရမိခဲ့ပြီး ဖမ်းဆီး ရာတွင် သေနတ်ဖြင့်ခြောက်လှန့် ပစ်ခတ်ဖမ်းဆီးခဲ့ရသည်ဟုဖမ်းဆီး ရာတွင်ပါဝင်သူသင်္ဘောလှကျေးရွာ သားတစ်ဦးကပြောကြားခဲ့ကြောင်း သိရသည်။
ဖမ်းဆီးရမိသူ ဘင်္ဂါလီသုံးဦး ကို တောင်ပြိုလက်ယာနယ်ခြား စောင့်ရဲစခန်းတွင် အမှုဖွင့် ဆောင် ရွက်လျက်ရှိကြောင်း သိရသည်။