images
UN
UN
နတ်ကြီးကုန်းရပ်ကွက်တွင် အမျိုးသားတစ်ဦးထံမှ မူးယစ်ဆေးဝါးများတွေ့ရှိ
ကချင်မြေနဂါး Thursday, 11 October 2018
ကချင်ပြည်နယ် မိုးညှင်းမြို့ နတ်ကြီးကုန်း(ဗမာပိုင်း)ရပ်ကွက်နေ ထိုင်သူတစ်ဦး၏နေအိမ်မှ မူးယစ် ဆေးဝါးများရှာဖွေတွေ့ရှိခဲ့သဖြင့် မိုးညှင်းမြို့မရဲစခန်းမှ အမှုဖွင့် အရေးယူထားခဲ့သည်။
ဖြစ်ပွားပုံမှာ ယမန်နေ့နံနက် ၇ နာရီခွဲတွင် မိုးညှင်းမြို့ မူးယစ် တပ်ဖွဲ့ စု(၃)မှ ရဲအုပ်နေလင်းထွန်း၊ ရဲအုပ်အောင်ပိုင်တို့သည် မိုးညှင်း မြို့မရဲစခန်းမှနယ်ထိန်းခေါင်းဆောင် ဒုရဲအုပ်တင်ဝင်းနှင့် ပူးပေါင်း၍ သက်သေများနှင့်အတူ မူးယစ် ဆေးဝါးသတင်းအရ မိုးညှင်းမြို့ နတ်ကြီးကုန်း(ဗမာပိုင်း)ရပ်ကွက် အမှတ်(၂ဝ၉)နေ ဦးရာဇာသန်း ၏နေအိမ်ကို ဝင်ရောက်ရှာဖွေခဲ့ ကြသည်။
ထိုသို့ရှာဖွေရာ ဦးရာဇာသန်း ကို နေအိမ်တွင်အသင့်တွေ့ရပြီး စစ်ဆေးရှာဖွေကြရာ၎င်း၏အိပ်ခန်း အတွင်း ခုတင်ခေါင်းရင်း ယာ ဘက်ဘေး အဖြူရောင်ကော်ဘူး အတွင်းမှ(88/1)စာတန်းပါ ပန်း ရောင်စိတ်ြ<ွကဆေးဟြး၁ဝ၂ဟြးနှင့် အဖြူရောင်ကော်ဘူးအတွင်းမှ ဘိန်းဖြူဟုယူဆရသော ဖြူ/ဝါမှုန့် အလေးချိန် သုည ဒသမ ၃ ဂရမ်ပါတစ်ဘူးတို့ကို ရှာဖွေတွေ့ရှိ ခဲ့သဖြင့် ရဲအုပ်အောင်ပိုင်က သက်သေများရှေ့တွင်ရှာဖွေပုံစံဖြင့် ရေးသွင်းသိမ်းဆည်းခဲ့သည်။
ထို့နောက်ရဲအုပ်အောင်ပိုင်က တရားလိုပြုလုပ် အမှုဖွင့်လှစ်ခဲ့ သဖြင့် ဦးရာဇာသန်း(၃၂နှစ်) နတ်ကြီးကုန်း(ဗမာပိုင်း)ရပ်ကွက် အမှတ်(၂ဝ၉) မြို့မဒေသစိတ် မိုးညှင်းမြို့နေထိုင်သူကို မိုးညှင်း မြို့မရဲစခန်းမှ မယ(ပ) ၁၉၉/ ၂ဝ၁၈၊ပုဒ်မ၁၉(က)ဖြင့်အမှုရေးဖွင့် ထားခဲ့ကြောင်း သိရသည်။