images
UN
UN
ကော့လှိုင်ကျေးရွာအုပ်စု အလယ်စခန်းကျေးရွာ၌ စိတ်ကြွရူးသွပ်ဆေးပြားများသိမ်းဆည်းရမိ
Thursday, 11 October 2018
တနင်္သာရီတိုင်းဒေသကြီး ထား ဝယ်ခရိုင် ကလိန်အောင်မြို့ ကော့ လှိုင်ကျေးရွာအုပ်စု အလယ်စခန်း ကျေးရွာ၌ ယခုလ ၉ ရက် မွန်း တည့် ၁၂နာရီက WY စာတန်းပါ စိတ်ကြွရူးသွပ်ဆေးပြားခြောက် ပြားသိမ်းဆည်းရမိခဲ့သည်။
အဆိုပါ ကလိန်အောင်မြို့ ကော့လှိုင်ကျေးရွာအုပ်စု အလယ် စခန်းနယ်မြေရဲကင်းမှ ဒုရဲအုပ် အေးချမ်းအောင်နှင့်အဖွဲ့သည် အသိ သက်သေများဖြစ်သော ကော့လှိုင် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးတင့်ဆန်း၊ ရာအိမ်မှူးဦးကြည် အောင်တို့နှင့်အတူ အလယ်စခန်း ကျေးရွာနေ မကရင်မ(ခ)ယဉ်ယဉ် အေး၏နေအိမ်အားသွားရောက်ရှာ ဖွေခဲ့ရာ မကရင်မ(ခ)ယဉ်ယဉ်အေး နှင့် ခင်ပွန်းဖြစ်သူ အေးထွန်းမှာ နေအိမ်တွင် အသင့်တွေ့ရှိရကာ အေးထွန်းမှနေအိမ်ဆိုင်ခန်းအနောက် ဘက်သို့ပြေးထွက်သွားခဲ့ပြီး အဖြူ ရောင် ပလတ်စတစ်အိတ်တစ် အိတ်အား လွှင့်ပစ်လိုက်သည်။အဆိုပါအိတ်အားသက်သေများနှင့် အတူဖွင့်ဖောက်စစ်ဆေးရာ ၄င်း အိတ်အတွင်း၌ WY စာတန်းပါ ပန်းရောင်စိတ်ကြွဆေးပြားခြောက် ပြားအားတွေ့ပြီး ဦးအေးထွန်း၏ အိပ်ခန်းရှိ အဝတ်ဗီရိုအားဆက် လက်ရှာဖွေရာ ဗီရိုအတွင်းမှ မူး ယစ်ဆေးဝါးသုံးစွဲရာတွင် အသုံး ပြုသည့်ဝါးပြောင်းနှစ်ခု၊ မီးခိုရောင် မီးခြစ်နှစ်လုံး၊ ခဲပြားစသုံးခု၊မူးယစ် ဆေးဝါးရောင်းချရာမှရရှိသည်ဟု ယူဆရသည့်မြန်မာငွေကျပ်၁ဝဝဝဝ တန် အရွက် ၃ဝ စုစုပေါင်းကျပ် သုံးသိန်းတို့အားတွေ့ရှိ၍ သက် သေခံပစ္စည်းများအား သက်သေ များရှေ့တွင် သိမ်းဆည်းခဲ့သည်။
အဆိုပါအမှုနှင့်ပတ်သက်၍ အေးထွန်းနှင့်မကရင်မ(ခ)ယဉ်ယဉ် အေးအားကလိန်အောင်နယ်မြေရဲ စခန်းမှ မယ(ပ) ၁၅/၂ဝ၁၈၊ မူး/စိတ်ပုဒ်မ၁၆(ဂ)/၂ဝ(က)၂၁ ဖြင့် အရေးယူဆောင်ရွက်လျက်ရှိ ကြောင်း သိရသည်။