images
UN
UN
ဆိုင်ကယ်နှင့် ဟိုက်ဂျက်ယာဉ်မျက်နှာချင်းဆိုင်တိုက်မိ ဆိုင်ကယ်မောင်းသူနှင့် နောက်တွင်စီးလာသူများသေဆုံး
ထွန်းလှိုင်(မြိုင်) Thursday, 11 October 2018
ဧရာဝတီတိုင်း ဒေသကြီး ရေကြည်မြို့နယ် ပုသိမ်- မုံရွာကား လမ်းတွင် ယမန်နေ့နံနက်၁ဝနာရီ ကျော်ခန့်က ဆိုင်ကယ်နှင့် ဟိုက် ဂျက်တိုက်မိ၍ ဆိုင်ကယ်စီးသူနှင့် နောက်မှစီးသူများသေဆုံးကြောင်း ရေကြည်မြို့မရဲစခန်းမှ သိရသည်။
ရေကြည်မြို့နယ် ဝက်ရုပ် ကျေးရွာအနီး ပုသိမ်-မုံရွာ ကား လမ်းပေါ် မိုင်တိုင်အမှတ်(၄၇/၅) နှင့်(၄၇/၆)ကြား၌ ယာဉ်တိုက်မှု ဖြစ်ပွားကြောင်း သတင်းရရှိသဖြင့် ရေကြည်မြို့မရဲစခန်းမှ ဒုရဲအုပ် စံလင်းဦးသည် သက်သေများနှင့် အတူ အခင်းဖြစ်နေရာသို့သွား ရောက်စစ်ဆေးခဲ့ရာ ရေကြည်မြို့ မှ အသုတ်မြို့ဘက်သို့ ဦးအေးစိုး မောင်းနှင်ပြီးနောက်တွင်ဒေါ်ကြည် သန်း၊ ဦးသောင်းအေးတို့လိုက်ပါ စီးနင်းလာသည့် ယာဉ်အမှတ် ၄၄ယ/--ဂျွန်ဆန်အမျိုးအစား အနက်ရောင်ဆိုင်ကယ်မှာ လားရာ တူအရှေ့မှ မောင်းနှင်နေသော ကုန်တင်ကားအားကျော်တက်စဉ် အရှိန်မထိန်းနိုင်ဘဲမျက်နှာချင်းဆိုင် အသုတ်မြို့မှ ရေကြည်ဘက်သို့ ဦးမြင့်ကျော်မောင်းနှင်ပြီး နောက် တွင် နိုင်မင်းထက်၊ အောင်ကျော် ကျော်၊ အောင်ဖုန်းခန့်တို့ လိုက်ပါ စီးနင်းလာသည့်MDY/ 3L- 17-ဟိုက်ဂျက်အဖြူရောင်ယာဉ်၏ ခေါင်းပိုင်း ဝဲဘက်ခြမ်းကို ဝင်ရောက်တိုက်မိသဖြင့် ဆိုင်ကယ် မောင်းနှင်သူ ဦးအေးစိုး(၄၅နှစ်) ဆင်ကုန်းကျေးရွာငါးဘတ်ချောင်း အုပ်စု သာပေါင်းမြို့နယ် နေသူမှာ ယာမျက်ခုံးတစ်လက်မခန့်ပေါက်ပြဲ ဒဏ်ရာ တစ်ချက်၊ ဦးခေါင်း ဝဲဘက်ချိုစောင်း ဖူးရောင်ဒဏ်ရာ၊ ဝဲဘက်ပေါင်ရိုးကျိုးဒဏ်ရာများ ရရှိကာ အခင်းဖြစ်နေရာတွင် သေ ဆုံးခဲ့ပြီး ဒေါ်ကြည်သန်း(၃၈နှစ်) လယ်တီကျေးရွာ ငါးဘတ်ချောင်း အုပ်စု သာပေါင်းမြို့နယ်နေသူမှာ ဦးခေါင်းငယ်ထိပ်အနီး ပေါက်ပြဲ ဒဏ်ရာတစ်ချက်ရရှိကာ အခင်း ဖြစ်နေရာ၌ သေဆုံးခဲ့ပြီး ဦးသောင်း အေး(၅၃နှစ်) (လိပ်စာတူ)မှာ ဝဲဘက်မျက်ခုံး၊ နားရွက်၊ ပါးစပ် ပေါက်ပြဲဒဏ်ရာများ၊ မေးစေ့ ဝဲဘက်ပေါက်ပြဲဒဏ်ရာတစ်ချက်၊ ယာဘက်ပါး၊ ခြေမ၊ ခြေညှိုး၊ခြေခုံ တွင် ပေါက်ပြဲဒဏ်ရာများ၊ ရင်ညွန့် အပေါ်ပွန်းပဲ့ဒဏ်ရာ၊ ဝဲဘက်ခြေမ ပေါက်ပြဲ (စိုးရိမ်ရ) ဒဏ်ရာများ ရရှိကာ ဆေးရုံသို့တင်ပို့ကုသမှု ခံယူနေစဉ် ရရှိထားသော ဒဏ်ရာ ဖြင့် သေဆုံးခဲ့ပြီး နိုင်မင်းထက် (၂ဝ နှစ်) အမှတ်(၁)ရပ်ကွက် ကျောင်းကုန်းမြို့နေသူတွင် ယာ ဘက်နှာခေါင်း၊ လက် ပွန်းပဲ့ (မစိုးရိမ်ရ) ဒဏ်ရာများ ရရှိခဲ့ပြီး ယာဉ်နှစ်စီးပျက်စီးကာ ဆုံးရှုံးမှု တန်ဖိုးကျပ်၁၅သိန်းခန့် ပျက်စီးဆုံး ရှုံးခဲ့သဖြင့် ဆိုင်ကယ်ကိုပေါ့ဆစွာ မောင်းနှင်သူ ဦးအေးစိုး (သေဆုံး) အား ဥပဒေအရအရေးယူပေးပါရန် ဒုရဲအုပ်စံလင်းဦးက တရားလို ပြုလုပ်တိုင်တန်းသဖြင့် ရေကြည် မြို့မရဲစခန်းမှယာဉ်(ပ)၃၅/၂ဝ၁၈၊ ရာဇသတ်ကြီး ပုဒ်မ ၃ဝ၄-က/ ၃၃၇/၃၃၈ဖြင့် အမှုဖွင့်အရေးယူ ဆောင်ရွက်လျက်ရှိကြောင်း သိရ သည်။