images
UN
UN
အသင်းပိုင်ရှင်များကြောင့်မန်ယူအခက်ကြုံဟုဆို
Thursday, 11 October 2018
မန်ယူအသင်းလက်ရှိကြုံတွေ့နေသော ကျဆင်းမှုများ ဖြစ်ပေါ် စေသည့်အကြောင်းအရင်းများထဲတွင် အသင်းပိုင်ရှင်များကြောင့် ဘဏ္ဍာရေးကဏ္ဍတွင် ဆုံးရှုံးမှုများဖြစ်ပေါ်ခဲ့ခြင်းသည်လည်း အရေး ကြီးသည့်အချက်တစ်ခုဖြစ်ကြောင်း ဘီဘီစီသတင်းဌာနက ဖော် ပြသည်။
အမေရိကန်နိုင်ငံတွင် အခြေစိုက်နေထိုင်သည့် ဂလေဇာ မိသား စုက ၂ဝဝ၅ ခုနှစ်တွင် မန်ယူအသင်းအား ဝယ်ယူခဲ့ရာ၌ ချေး ငွေပေါင် ၅၂၅ သန်း ရယူခဲ့သည်။ အဆိုပါချေးငွေများအတွက် ပေးဆောင်နေရသော အတိုးငွေများကို မန်ယူအသင်းက စိုက်ထုတ် ပေးဆောင်နေရသည့်အပြင် အသင်းပိုင်ရှင်များက ရယူသုံးစွဲမှုများ လည်း ကြုံတွေ့ခဲ့သည်။ ပြီးခဲ့သည့် ၁၃ နှစ်အတွင်း မန်ယူအသင်း ပိုင်ရှင်များကြောင့် ကုန်ကျခဲ့သည့်ငွေကြေးပမာဏမှာ အမေရိကန် ဒေါ်လာ တစ်ဘီလီယံနီးပါးရှိခဲ့ပြီး မန်ယူအသင်းအနေဖြင့်အသင်း အတွက်မဟုတ်သောကုန်ကျငွေများကြောင့် ကစားသမားဝယ်ယူ ခြင်းများတွင် သုံးစွဲနိုင်စွမ်းလျော့ကျခဲ့သည်။
Ref ;BBC