images
UN
UN
ခရိုအေးရှားနှင့်ပွဲတွင် ပွဲထွက်ခွင့်ရမည်ဟု ဟာရီကိန်းယုံကြည် အဓိက ကစားသမားတချို့ဒဏ်ရာပြဿနာရှိနေဟု အင်္ဂလန်နည်းပြဝန်ခံ
Thursday, 11 October 2018
အင်္ဂလန်အသင်းခေါင်းဆောင် ဟာရီကိန်းအားဥရောပနေးရှင်းလိဂ် ပွဲစဉ်တစ်ခုအဖြစ် ယှဉ်ပြိုင်ကစား ရမည့်ခရိုအေးရှားနှင့်ပွဲစဉ်တွင် ပွဲ ထွက်ကစားခွင့်ရမည်ဟု ယုံကြည် ကြောင်း ပြောသည်။
ဟာရီကိန်းသည် ရုရှားနိုင်ငံ တွင်ကျင်းပခဲ့သော ကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲတွင် အင်္ဂလန် အသင်းအား စတုတ္ထနေရာရရှိ အောင် စွမ်းဆောင်ပေးနိုင်ခဲ့သည့် အပြင် ပြိုင်ပွဲ၏ဂိုးသွင်းအများဆုံး ဆုကိုပါရရှိခဲ့သည်။ သို့သော် ဟာ ရီကိန်းသည် ကမ္ဘာ့ဖလားပြိုင်ပွဲ ပြီးဆုံးသွားပြီးနောက် နားချိန်လုံ လောက်စွာ ရရှိခဲ့ခြင်းမရှိသည့် အပြင် စပါးအသင်းအတွက် အချိန် စော၍ကစားပေးရမှုများကြောင့် ပုံမှန်ခြေစွမ်းရရှိရန်ရုန်းကန်ခဲ့ရ သည့်အပြင် ဂိုးပေါက်ပျောက်ဆုံး မှုများနှင့်လည်း ရင်ဆိုင်ခဲ့ရသည်။ အင်္ဂလန်နည်းပြဆောက်ဂိတ်သည် စပိန်နှင့်ကစားခဲ့သည့်ပွဲစဉ်တွင် ရှုံး နိမ့်ခဲ့ပြီးနောက် ဟာရီကိန်းအား ဦး စားပေးကစားသမားအဖြစ် အသုံး ပြုမှုကို အပြောင်းအလဲပြုလုပ်ခြင်း များ လုပ်ဆောင်ခဲ့၍ အရေးကြီးပွဲ စဉ်တစ်ခုဖြစ်သည့် ခရိုအေးရှားနှင့် ပွဲတွင် ဟာရီကိန်း ပွဲထွက်ကစား ခွင့်ရရန် မသေချာဆိုသောသုံးသပ် မှုများ ပေါ်ထွက်ခဲ့သည်။ ဆောက် ဂိတ်က ခရိုအေးရှားနှင့်ကစားရ မည့်ပွဲစဉ်အတွက် ပြင်ဆင်မှုများ ပြုလုပ်ရာတွင် အဓိက ကစား သမားတချို့ ဒဏ်ရာပြဿနာရှိနေ သည့်အခက်အခဲများနှင့်ရင်ဆိုင်နေ ရကြောင်း ဝန်ခံခဲ့သည်။ အင်္ဂလန် လူစာရင်းတွင်ပါဝင်ခဲ့သော နောက် ခံလူ ဒန်နီရို့စ်နှင့်ဂိုးသမားအဲလက်စ် မက်ကာသီတို့သည် ဒဏ်ရာပြဿ နာများကြောင့် လူစာရင်းမှနုတ် ထွက်ခဲ့သည်။
Ref ;The Sun