images
UN
UN
လူမျိုးရေးခွဲခြားသည့်ပရိသတ်များကို ပြင်းပြင်းထန်ထန်အရေးယူရန်စီစဉ်
Thursday, 11 October 2018
ချဲလ်ဆီးအသင်းသည် အိမ် ကွင်း၌ယှဉ်ပြိုင်ကစားသောပွဲစဉ် များတွင် လူမျိုးရေးခွဲခြားမှုပြုလုပ် သော ပရိသတ်များကို ပြင်းပြင်း ထန်ထန်အရေးယူရန် စီစဉ်လျက် ရှိကြောင်း သတင်းထုတ်ပြန်သည်။
ချဲလ်ဆီးပရိသတ်များသည် ပြိုင်ဘက်အသင်းတွင် ပါဝင်ကစား နေသော ကစားသမားများကို လူ မျိုးရေးခွဲခြားခြင်းနှင့်အသားအရောင် ခွဲခြားခြင်းများ မကြာခဏပြုလုပ် ခဲ့ဖူးသည့်မှတ်တမ်းများ ရှိခဲ့ဖူး သည်။ ချဲလ်ဆီးအသင်းပိုင်ရှင်အေ ဘရာမိုဗစ်ခ်ျသည် ရုရှားနိုင်ငံသား ဖြစ်သော်လည်း ဂျူးလူမျိုးတစ်ဦး ဖြစ်နေသောကြောင့် လူမျိုးရေးခွဲ ခြားခြင်းနှင့်အသားအရောင်ခွဲခြား ခြင်းများကို လက်ခံခြင်းမရှိပေ။ ချဲလ်ဆီးအသင်းဥက္ကဋ္ဌဘရွတ်ခ်ျ ဘတ်က လူမျိုးရေးနှင့်အသား အရောင်ခွဲခြားမှုပြုလုပ်သည့်ပရိသတ် များကို အိမ်ကွင်းပွဲစဉ်များကြည့်ရှု ခွင့်ပေးခြင်းကို ရုပ်သိမ်းခြင်းကဲ့သို့ အရေးယူမှုများ ပြုလုပ်မည်ဖြစ် ကြောင်း ပြောသည်။
Ref ;Goal